YBS စမတ်ကဒ်တွေ အခုလကုန်မှာ စတင်ထုတ်ပေးမယ်

ရန်ကုန် ၊ ဇွန် ၂၀- ၂၀၁၉

သိဂီ င်္(VOM)

 

ရန်ကုန်မြို့မှာ YBS ယာဉ်မောင်းတွေကို တိုင်ကြားတာတွေနဲ့ပတ်သက်ပြီး အလွယ်တကူ စိစစ်မှုတွေ ပြုလုပ်နိုင်မယ့် စမတ်ကဒ်တွေကို ဒီလကုန်မှာစတင် ထုတ်ပေးတော့မယ်လို့  ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA )ကနေ သိရပါတယ်။

 

ကနဦးအနေနဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ ယာဉ်မောင်းတွေကို စတင်ထုတ်ပေးသွားမှာဖြစ်ပြီး ဒုတိယ ဦးစားပေးအနေနဲ့ ကုမ္ပဏီငယ်တွေက ယာဉ်မောင်းတွေ၊ တတိယအကြိမ်မှာတော့ တာဝန်ခံယာဉ်မောင်းတွေကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

 

” စမတ်ကဒ်တွေကို ယာဉ်လိုင်းတစ်လိုင်းချင်စီလိုက် ဆောင်ရွက်ပေးထားတယ်။ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ဘယ်ကုမ္ပဏီမှာမောင်းတယ်၊ ID နံပါတ်တွေပါမယ်။ အဲဒီနံပါတ်တွေနဲ့ နောက်ပိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စမတ်ကတ်တွေက ယာဉ်မောင်းတွေအပြင် စနစ်တစ်ခုလုံးအတွက်ပါ။ အခု ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းအင်အားအတိုးအလျော့ ရှိလာလို့ စာရင်းတွေ တိုက်ဆိုင်စစ်ဆေးနေတယ်။ ရုံးမှာပဲ ယာဉ်လိုင်းတစ်လိုင်းချင်းစီကို ထုတ်ပေးဖို့ လုပ်နေပြီ။” လို့ YRTA မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

 

စမတ်ကတ်တွေ ထုတ်ပေးတဲ့အခါ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီဌာနက ထုတ်ပေးထားတဲ့  လိုင်စင်ဟုတ်မဟုတ်၊ မှန်ကန်မှုရှိမရှိ တိုက်ဆိုင်စစ်ဆေးပြီးမှ မှန်ကန်သူတွေကို ထုတ်ပေးမှာဖြစ်ပြီး စမတ်ကတ်မှာ QRကုတ်၊ ဘားကုတ်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီစမတ်ကတ်ကနေ ယာဉ်မောင်းတွေနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့ကိစ္စတွေ၊ ယာဉ်လိုင်းတွေက ယာဉ်မောင်းတွေကို ထုတ်ပယ်တဲ့ ကိစ္စရပ်တွေ စိစစ်တဲ့အခါ အချိန်အတိုအတွင်း သိရှိနိုင်မှာ ဖြစ်သလို  ယာဉ်မောင်းတွေရဲ့ယာဉ်မောင်းနှင်မှု လုပ်သက်တွေကိုပါ အလွယ်တကူ ရှာဖွေသိရှိနိုင်မှာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်း ၁၀၀ ကျော်၊ YBS ယာဉ်အစီးရေ ၆၀၀၀ ကျော်နဲ့ နေ့စဉ် ခရီးစဉ်တွေ ပြေးဆွဲပေးနေပြီး ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # YBS စမတ်ကဒ်တွေ အခုလကုန်မှာ စတင်ထုတ်ပေးမယ်  #စမတ်ကဒ် #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW