ဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းလိုတာကြောင့် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ဇွန် ၂၀ -၂၀၁၉

သစ်တော် (VOM)

 

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က တညင်းကုန်းဈေးက ဈေးသူဈေးသားတွေဟာ မူလဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းရွှေ့လိုတာကြောင့် အင်အား ငါးရာလောက်က ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

”ဒီနေ့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ မူလဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းရွှေ့နိုင်တဲ့ အကြောင်းကြောင့်ပါ။ ပြောင်းရွှေ့ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကိုလည်း မြို့တော်ခန်းမမှာ ကော်မတီဆယ်ဦး  အပါအဝင် တွဲဖက်အတွင်းရေးမှူး ဦးသန်းကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရတဲ့အတွက် မကျေနပ်လို့ပါ။” လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အပြင်ဈေးရုံ ကိုယ်စားလှယ် ကိုစိုးကျော်က ပြောပါတယ်။

 

မူလဈေးဟောင်းနေရာ ပြန်လည်ရရှိရေး၊ ရန်ကုန်မြို့ရှိ အခြားဈေးများနည်းတူ မူလနေရာမှာပဲ စည်ပင်သာယာလက်အောက်တွင်နေစေလိုရေး၊ အများပြည်သူများဘဝ ကုမ္ပဏီလက်အောက်သို့ မရောက်ရှိရေး၊ ပြည်သူတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရ ပြည်သူ့ဆန္ဒ နားထောင်ပေးရေး၊ ဈေးတာဝန်ခံ ဦးသန်းထွဋ် အလိုမရှိ စတာတွေကို ဒို့အရေး ကြွေးကြော်သံတွေနဲ့ အောက်မင်္ဂလာဒုံ လမ်းမကြီးအတိုင်း အင်းစိန်ခရိုင်ရုံးအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

အင်းစိန် တညင်းကုန်းဈေးအနီးမှာ Myanmar Agro Exchange Public Ltd ကတည်ဆောက်နေတဲ့ ဈေးရုံသစ်ကြီးအတွင်း မူလဈေးသည်တွေကိုထည့်သွင်း ရောင်းချစေလိုပြီး ဈေးသည်များက လက်ရှိ မူလနေရာကိုသာ စည်ပင်သာယာအနေနဲ့ အဆင့်မြှင့်တင်စေချင်တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့လက်အောက် မဝင်လိုတာကြောင့် အခုလို ဆန္ဒဖော်ထုတ်နေကြခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

 

#voiceofmyanmar   #ဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းလိုတာကြောင့်ဆန္ဒထုတ်ဖော်   #ရန်ကုန်  #တညင်းကုန်းဈေး

Related posts

Leave a Comment

VOM News

FREE
VIEW