အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးထားရာကနေ အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို

စစ်တွေ၊ ဇွန် ၂၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ ကျေးရွာသားတွေ ဖမ်းဆီးခံနေကြရပြီး အဲ့ဒီကျေးရွားသားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တပ်မတော်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

 

အဲ့ဒီတရားစွဲဆိုခံနေရတဲ့သူတွေထဲမှာ မြောက်ဦးမြို့နယ်လက္ကာကျေးရွာက ဆယ်တန်းကျောင်းသားလေးတွေ ပါဝင်နေပြီး သူတို့တွေကို အစိုးရနဲ့သက်ဆိုင်ရာတွေဘက်က ပြန်လည်လွှတ်ပေးမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိ မလွှတ်ပေးသေးတာကြောင့် ပညာရေးအတွက် နစ်နာဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

 

ဒီနေ့မှာတော့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်စတဲ့မြို့နယ်တွေက ဖမ်းဆီးခံနေရသူ ၅၀ ကျော်ကို စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ရမာန်ယူခဲ့တာဖြစ်ပြီး သူတို့အထဲမှာ အသက်ကြီးပိုင်းတွေပါဝင်နေသလို တချို့မှာရာသီတုပ်ကွေကြောင့် ဖျားနာနေသူတွေလည်းရှိနေပြီး ဆေးကုသခွင့်ရချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

 

#voiceofmyanmar   # အပြစ်မရှိတဲ့သူတွေကိုဖမ်းဆီးထားရာကနေအမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို  # ရခိုင် #မြောက်ဦး# ကျောက်တော် # ရသေ့တောင်

Related posts

✕
VOM News

FREE
VIEW