မန္တလေး၊ အောက်တိုဘာ ၁၇၊ ၂၀၁၈
ဟိန်းကို
မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ အဖြစ်များခဲ့တာနဲ့ပက်သက်ပြီး မန္တလေးမြို့က အရပ်ဖက်အဖွဲ့အစည်းတွေက စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ယနေ့အောက်တိုဘာ(၁၇)ရက်နေ့ ၊နံနက်ပိုင်းက ၂၆လမ်း ၈၇လမ်းနဲ့ ၈၈ကြားမှာရှိတဲ့ ပဒုမ္မာ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ မန္တလေးလူထုက မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ ပပျောက်ဖို့ရဲတပ်ဖွဲ့က စီမံချက်တွေနဲ့ ပြုလုပ်နေတာရှိပေမယ့်လည်း မြို့လူထုနဲ့စာရင် ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိတာတွေကို ထည့်သွင်းဆွေးနွေးသွားပါတယ်။