ကျော်ဆုမွန် မြန်မာနိုင်ငံတွင် အေတီအမ်ကတ်များထုတ်လုပ်နေသည့် ပုဂ္ဂလိကဘဏ်များဖွဲ့စည်းထားသည့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Myanmar Payment Union တွင် ယခုအခါ အဖွဲ့ဝင်ဘဏ်စုစုပေါင်း ၂၄ ခုထိရှိလာပြီဖြစ်သည်။ မြန်မာပြည်သူတို့၏ နေ့စဉ်လူနေမှုဘ၀တွင် အသုံးပြုမှုများပြားလာသည့် credit card, debit card များနှင့်ပတ်သက်ပြီး လက်ရှိ MPU ကဆောင်ရွက်နေသည့် ၀န်ဆောင်မှုများအကြောင်းကို အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ်က ယခုလိုပြောကြားခဲ့သည်။ မေး- ခုဆိုရင် ခရက်ဒစ်ကတ်တွေထုတ်လာတာ၂နှစ်နီးပါးရှိပြီဆိုတော့ သုံးစွဲသူတွေထဲမှာလည်း တော်တော်များများသိနေကြပါပြီ။ ဒီလိုလူသိများလာပေမယ့် လူတိုင်းတော့ ခရက်ဒစ်ကတ်က မကိုင်နိုင်သေးဘူး။တခြား အေတီအမ်ကတ်တွေနဲ့ယှုဉ်ရင် ပမာဏနည်းသေးတာဘာကြောင့်လဲ။ သုံးစွဲသူတွေဘက်ကကော ဘာကြောင့် တုန့်ဆိုင်းမှုတွေဖြစ်နေတာရှိပါသလဲ။ ဖြေ- ခရက်ဒစ်ကတ်တွေကို လျှောက်တဲ့သူတွေကတော့များတယ်။ များတယ်ဆိုတာက အဓိကက အကြွေးဆိုရင် အကုန်လုံးကလိုနေကြတာ။ ဒါပေမယ့် ခရက်ဒစ်ကတ်ထုတ်ပေးတဲ့ ဘဏ်တွေက လူတိုင်းကိုမပေးရဲဘူး။ မြန်မာနိင်ငံမှာက ခရက်ဒစ် ဗျူရိုကလည်း မရှိသေးဘူးလေ။ တစ်ယောက်တည်းနဲ့ ကတ်တွေအများကြီးရှိနေရင် နောက်ပိုင်း…
Read MoreDay: November 1, 2018
ABSDF ကျောင်းသားတပ်မတော် နှစ် ၃၀ပြည့်
လိုင်ဇာ နိုဝင်ဘာ ၁ရက် ၂၀၁၈ Voice Of Myanmar ဒီကနေ့ နိုဝင်ဘာ ၁ရက်နေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း နှစ် ၃၀ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ် ၃၀ပြည့်အခမ်းအနားကို ကျောင်းသားတပ်မတော်မြောက်ပိုင်းက ဦးဆောင်ပြီး ကချင်ပြည်နယ် လိုင်ဇာ မနောကွင်းမှာ ကျင်းပပြုလုပ်နေပါတယ်။
Read More