စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ရွာအနီး ဧရာဝတီမြစ်ထဲ ကားတစ်စီးတွေ့

 

စစ်ကိုင်း နိုဝင်ဘာ ၇ ၂၀၁၈
မောင်တာရာ (Voice Of Myanmar)

စစ်ကိုင်း -မင်းကွန်းသွားရာ လမ်း ရှင်ဖြူရှင်လှ ရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ယနေ့ နေ့လယ်ပိုင်းအချိန်က အိမ်စီးကား တစ်စီးကို တွေ့ရှိခဲ့ပါတယ်။

ဒီလိုတွေ့ရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးလျက်ရှိပြီး ကားကို ကုန်းပေါ် ပြန်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်။

အဲဒီ ကားဟာ ဘယ်အချိန်ကတည်းက မြစ်အတွင်း ကျရောက်နေသလဲဆိုတာကို လက်ရှိအချိန် ထိ ဘယ်သူမှ မသိရှိသေးပါဘူး။

ကားအတွင်း ဝင်ရောက်ရှာဖွေခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောပြချက်အရ ကားအတွင်းမှာ မည်သည့် ရုပ်အလောင်းမှ တွေ့ရှိခဲခြင်းမရှိပါဘူး။

ရေထဲမှာရှိနေသေးတဲ့ကားဟာ စူပါကက်စတန် အဖြူရောင်ဖြစ်ပြီး နံပါတ်ပေါ်မှာ လိုင်စင်ကားလား လိုင်စင်မဲ့ကားလားဆိုတာ သိရမှာဖြစ်ပါတယ်။

အဲဒီနေရာက ကားလမ်းဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိပြီး မတော်တဆမှုတွေ ခဏခဏဖြစ်တဲ့နေရာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW