စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှရွာအနီး ဧရာဝတီမြစ်ထဲ နစ်မြုပ်နေတဲ့ ကားတစ်စီးကို ဆယ်ယူစစ်ဆေး

စစ်ကိုင်း နိုဝင်ဘာ ၇ ၊ ၂၀၁၈ စောပြည့်ချမ်းသာ စစ်ကိုင်း -မင်းကွန်းသွားရာလမ်း ရှင်ဖြူရှင်လှကျေးရွာ၊ဆွမ်းဦးပုညရှင် စေတီတော် မြစ်ရေတင် ရေစက်အနီး ယနေ့ နေ့လယ်ပိုင်းအချိန်က နစ်မြုပ်နေတဲ့ ကားတစ်စီး တွေ့ရှိရပြီး ဆယ်ယူစစ်ဆေးနေကြောင်း အမှတ် ၂ နယ်မြေရဲစခန်းက သိရပါတယ်။ ”ရေစက်ရွေ့ဖို့ လုပ်ရင်းကနေ ဦးဇင်းတစ်ပါးက တွေ့ လို့ လာပြောတာနဲ့ ကျွန်တော်လည်း သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပေးလိုက်တယ်။”ဟု ဆွမ်းဦးပုညရှင် မြစ်ရေတင် ရေစက်က ဦးမင်းနိုင်က ပြောပါတယ်။ ဧရာဝတီမြစ်အတွင်း နစ်မြုပ်လျက် တွေ့ရှိရတဲ့ ကားကို ကုန်းပေါ်သို့ ပြန်လည် ဆွဲတင်ရန် လူမှုကူညီရေးအသင်းအဖွဲ့တွေက စေတနာဝန်ထမ်းတွေ၊ပြည်သူတွေက ကြိုးနဲ့ ချည်းနှောင်ပြီး ဆွဲတင်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါဘူး။ ဒါကြောင့် ကျွမ်းကျင်တဲ့ ရေလုပ်သားတွေအားခေါ်ယူပြီး ကားကို ကြိုးနဲ့ ချည်နှောင်ပြီး နစ်မြုပ်နေတဲ့ နေရာကနေ တကောင်းရပ်…

Read More

စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ရွာအနီး ဧရာဝတီမြစ်ထဲ ကားတစ်စီးတွေ့

  စစ်ကိုင်း နိုဝင်ဘာ ၇ ၂၀၁၈ မောင်တာရာ (Voice Of Myanmar) စစ်ကိုင်း -မင်းကွန်းသွားရာ လမ်း ရှင်ဖြူရှင်လှ ရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ယနေ့ နေ့လယ်ပိုင်းအချိန်က အိမ်စီးကား တစ်စီးကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးလျက်ရှိပြီး ကားကို ကုန်းပေါ် ပြန်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်။ အဲဒီ ကားဟာ ဘယ်အချိန်ကတည်းက မြစ်အတွင်း ကျရောက်နေသလဲဆိုတာကို လက်ရှိအချိန် ထိ ဘယ်သူမှ မသိရှိသေးပါဘူး။ ကားအတွင်း ဝင်ရောက်ရှာဖွေခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောပြချက်အရ ကားအတွင်းမှာ မည်သည့် ရုပ်အလောင်းမှ တွေ့ရှိခဲခြင်းမရှိပါဘူး။ ရေထဲမှာရှိနေသေးတဲ့ကားဟာ စူပါကက်စတန် အဖြူရောင်ဖြစ်ပြီး နံပါတ်ပေါ်မှာ လိုင်စင်ကားလား လိုင်စင်မဲ့ကားလားဆိုတာ သိရမှာဖြစ်ပါတယ်။ အဲဒီနေရာက ကားလမ်းဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိပြီး မတော်တဆမှုတွေ ခဏခဏဖြစ်တဲ့နေရာဖြစ်ပါတယ်။

Read More
VOM News

FREE
VIEW