ကလေးတွေထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ပတ်သက်ပြီး သဘောတူညီမှုရရှိသွားတဲ့  ဘရတ်ပစ်နဲ့ ဂျိုလီ

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ-၁-၂၀၁၈

မျိုးဆက် (VOM)

ဟောလီးဝုဒ်စတားတွေဖြစ်တဲ့ အင်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့နှစ်ဦးဟာ လမ်းခွဲပြီးနောက် ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ယခုအခါမှာတော့ ၎င်းတို့ရဲ့ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ ပတ်သက်ပြီး နှစ်ဦးအကြားမှာ သဘောတူညီမှုတစ်ရပ် ရရှိသွားပြီဖြစ်တယ်လို့ အဆိုပါကိစ္စကို ဖြေရှင်းပေးနေတဲ့ ရှေ့နေတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘရတ်ပစ်နဲ့ ဂျိုလီတို့ဟာ  အိမ်ထောင်သက် နှစ်နှစ်ကြာပေါင်းသင်းခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှာတော့  လမ်းခွဲခဲ့ကြပါတယ်။ ညှိနှိုင်းလို့မရတဲ့  သဘောထားကွဲလွဲချက်အတော်များများကြောင့် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ရတာလို့ ဂျိုလီက ပြောဆိုထားပါတယ်။

သူတို့နှစ်ဦးမှာ ကလေးခြောက်ယောက်ရှိပြီး သုံးယောက်ကတော့ မွေးစားထားတာဖြစ်ပြီး ကလေးတွေဟာ အသက်၁၀နှစ်အရွယ် မှ ၁၇နှစ်အရွယ်ထိရှိနေကြပြီဖြစ်ပါတယ်။ ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုခွဲဝေ ထိန်းသိမ်းမယ်ဆိုတယ်ကိုတော့  ဂျိုလီရဲ့ရှေ့နေက အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။

သူတို့ကိုချစ်တဲ့ ပရိတ်သတ်တွေက ဘရန်ဂျလီနာလို့ ချစ်စနိုးအမည်ပေးထားသော ၎င်းတို့စုံတွဲဟာ ၂၀၀၄ခုနှစ်က  Mr & Mrs Smith ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်မှာ ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး လက်မထပ်မီ ၁၀နှစ်ကြာ အတူနေချစ်သူတွေအဖြစ် နေထိုင်ခဲ့ကြပါတယ်။

Ref : Daiy Mail

Photo : NEWS ZING

#voiceofmyanmar #ဘရတ်ပစ်နဲ့ ဂျိုလီ

Related posts

Leave a Comment

VOM News

FREE
VIEW