တံကောက်ကွေးကြော ဒါဏ်ရာကြောင့် မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ် အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ပွဲ လွဲချော်ဖွယ်ရှိ

မန်ချက်စတာ၊ ဒီဇင်ဘာ-၁-၂၀၁၈

ရန်နိုင်ထွန်း (VOM)

မန်ယူအသင်းမှ တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ လေ့ကျင့်ရေးကွင်းမှာ တံတောက်ကွေးကြော ဒါဏ်ရာရရှိသွားတာကြောင့် လာမယ့် ဒီဇင်ဘာ ၅ ရက်မှ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ ကန်မယ့်ပွဲစဉ်ကို လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။

ချီလီနိုင်ငံသား တိုက်စစ်မှူးဆန်းချက်ဇ်ဟာ လွန်ခဲ့တဲ့အပတ်က ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားသမားစာရင်းမှာ ပါဝင်ခြင်းမရှိတာကြောင့် အသင်းက ထွက်ခွာဖို့ရှိနေတယ်လို့လည်း သတင်း တွေထွက်ပေါ်နေပါတယ်။

ဆန်းချက်ဇ်ဟာ နိုဝင်ဘာ ၂၉ ရက်က လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရင်း တံကောက်ကြော ဒါဏ်ရာရရှိသွားတာဖြစ်တယ်လို့ အသင်းရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါပြီး ဒါဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၁၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့်  ခုနှစ် နေရာမှာရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၄ မှတ်အထိ ကွာဟနေလို့နည်းပြ မော်ရင်ဟိုအတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒီဂီယာကို အသင်းက စာချုပ်တစ်နှစ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရလဒ်တွေဆိုးရွားနေတဲ့ မန်ယူအသင်းအနေနဲ့ ဆုဖလားတွေရနိုင်ခြင်းမရှိမရှိ သုံးသပ်ပြီးမှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဒီဂီယာက တုံ့ပြန်ထားပါတယ်။

 

Ref : CNA  Photo : Reuter

#voiceofmyanmar#မန်ယူတိုက်စစ်မှူး#ဆန်းချက်ဇ်

Related posts

Leave a Comment

VOM News

FREE
VIEW