ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ပါရီမြို့တော် ဂုဏ်ထူးဆောင် လွတ်လပ်ရေးဆု ပြန်သိမ်းမည်

 

ပါရီ၊ ဒီဇင်ဘာ-၁-၂၀၁၈

မျိုးဆက် (VOM)

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ပါရီမြို့တော် ဂုဏ်ထူးဆောင်လွတ်လပ်ရေး ဆုကို ပြန်လည်ရုပ်သိမ်းမှာဖြစ်တယ်လို့  ပါရီမြို့တော်ဝန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က  နိုဝင်ဘာ ၃၀ ရက်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး  တားမြစ်ပြောဆိုဖို့ ပျက်ကွက်တာကြောင့် ဒီဆုကို ပြန်လည်ရုပ်သိမ်းရခြင်းဖြစ်တယ်လို့ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

လူနည်းစုဘင်္ဂါလီများအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ခဲ့သလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မျိုးစုံရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ အဆိုပါဆုကိုပြန်လည်ရုပ်သိမ်းဖို့  ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပါရီမြို့တော်ဝန်အန်နီဟီဒယ်ဂိုက ပြောပါတယ်။

ဆုရုပ်သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလလယ်မှာ ပြုလုပ်မယ့်  ပါရီမြို့တော်ကောင်စီရဲ့ဆွေးနွေးပွဲမှာ အပြီးသတ် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ မြို့တော်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဆုပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်တွေကို ဂလက်ဂေါ၊ အီဒင်ဘာ့ မြို့နဲ့ အောက်စဖို့ဒ် တက္ကသိုလ်တို့ကလည်း အလားတူပုံစံမျိုး ရုပ်သိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပါရီမြို့ရဲ့ ဂုဏ်ထူးဆောင် လွတ်လပ်ရေးဆုကို ပထမဆုံးပြန်အသိမ်းခံရသူဖြစ်ပါတယ်။

Ref : CNA       Photo AFP

#voiceofmyanmar #ဒေါ်အောင်ဆန်းစုကြည် # ပါရီမြို့တော်ဂုဏ်ထူးဆောင်ဆု

Related posts

Leave a Comment

VOM News

FREE
VIEW