ဇန်နဝါရီမှာ မင်္ဂလာဆောင်တော့မယ့် ပိုင်ဖြိုးသု

 

ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈

သင်းသဒ္ဒါ(VOM)

အနုပညာပျိုးခင်း ၂က စင်တင်မင်းသမီးလေး အကယ်ဒမီ ပိုင်ဖြိုးသုကတော့ “စိတ်ကူးထဲမင်္ဂလာ ဆောင်သလိုပဲ ဇန်န၀ါရီမှာ ရိုးရိုးရှင်းရှင်းလေးပါပဲ ကျင်းပဖြစ်မှာပါ”လို့ ဆိုပါတယ်။

“သုအနေနဲ့ မင်္ဂလာဆောင်အတွက် စိတ်လှုပ်ရှားဖို့ အချိန်ကို မရှိသေးပါဘူး။ အရှေ့မှာ လေ့ကျင့် အပိုင်းနဲ့ ပတ်သက်ပြီးတော့ စိတ်ကိုလည်း အရမ်းအလုပ်လုပ်ရတော့ လူကအိမ်ရောက်ရင်  ဦးနှောက် နဲ့ လူ၊ စိတ်ရယ်က မကပ်တော့ပဲ ကြောင်နေတာတွေ ဖြစ်နေတယ်၊ မနေ့က Bella ရိုက်ကွင်းမှာ သတိုးသမီးလို ၀တ်ဆင်တော့မှ မင်္ဂလာဆောင်ရတော့မှာဆိုပြီး နည်းနည်းကြောက် စိတ်ဖြစ်မိပါတယ်”လို့ ဆိုပါတယ်။

ပိုင်ဖြိုးသုအနေနဲ့ လေးစားရတဲ့ စိတ်ထားလေး၊ အထင်ကြီးလို့ရတဲ့ စိတ်ဓာတ်လေးနောက် သုအပေါ်မှာ ထားတဲ့ မေတ္တာတရားရယ်ကြောင့်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလထဲမှာ မင်္ဂလာဆောင်မှာဖြစ်ပြီးတော့ မင်္ဂလာ ၀တ်စုံတွေကိုလည်း ရိုးရိုးရှင်းရှင်းလေး ၀တ်ဆင်ဖို့ ပြင် ဆင်ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလထဲမှာ Now and Ever ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးတော့ ၂၀၁၉ မတ်လကုန်ပိုင်း မှာတော့  ဒါရိုက်တာ မီးပွားတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ရှိပါတယ်။

#voiceofmyanmar#ပိုင်ဖြိုးသု#ဇန်နဝါရီမှာမင်္ဂလာဆောင်မည်#

ဓာတ်ပုံ- သင်းသဒ္ဒါ

 

Related posts

VOM News

FREE
VIEW