နယူးယောက်ရှိ စီအင်န်အင်န်သတင်းဌာန ဗုံးခြိမ်းခြောက်ခံလို့ ရွှေ့ပြောင်းခဲ့ရ

နယူးယောက်၊ ဒီဇင်ဘာ ၇-၂၀၁၈

မျိုးဆက် (VOM)

တယ်လီဖုန်းနဲ့ ဗုံးခြိမ်းခြောက်မှုတစ်ခုကြောင့် နယူးယောက်ရှိ စီအင်န်အင်န်သတင်းဌာနရဲ့   ရုံးနဲ့ ရိုက်ကူးရေးခန်းမတွေကို  ဒီဇင်ဘာ ၆ ရက်မှာ  ရဲတပ်ဖွဲ့က ရွှေ့ပြောင်းခဲ့ရပါတယ်။ တယ်လီဖုန်းဆက် ခြိမ်းခြောက်သူက အဆောက်အဦထဲမှာ  ဗုံးငါးလုံးထောင်ထားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက် ည ၁၀ နာရီလောက်မှာ  စီအင်န်အင်န် နယူးယောက် သတင်းခန်းအတွင်း  မီးအချက်ပေး ခေါင်းလောင်းသံအချို့မြည်သွားခဲ့ပြီးနောက်  ရွှေ့ပြောင်းတာတွကို လုပ်ဆောင်ခဲ့ရတယ်လို့  ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

အဆောက်အဦ အတွင်းက ၀န်ထမ်းတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီး ဒွန်လီမွန်ရဲ့ “CNN Tonight “ အစီအစဉ် ထုတ်လွှင့်မှုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်နေတဲ့ အချိန် တစ်ဝက်လောက်မှာ ဗုံးခြိမ်းခြောက်မှုကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်လို့ လီမွန်က ဆိုပါတယ်။

သတင်းဌာနရှိရာ တိုင်းမ်ဝါးနားစင်တာတည်ရှိတဲ့ အမှတ် ၈ နဲ့ ၉ လမ်းအကြားရှိ အနောက် ၅၈ လမ်း မှာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့  နယူးယောက် ရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး လက်ရှိမှာတော့ အဆိုပါနေရာကို  ယာဉ်နဲ့ လူတွေ ဖြတ်သန်းသွားလာတာကို ပိတ်ပင်ထားပါတယ်။

အောက်တိုဘာလအတွင်းကလည်း စီအင်န်အင်န်သတင်းဌာနတည်ရှိရာ နေရာအချို့သို့ သံသယဖြစ်ဖွယ် ပါဆယ်ထုတ်တွေစာတိုက်ကနေ ပေးပို့ခဲ့ပြီးနောက် ရုံးခန်းပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့ရဖူးပါတယ်။

#voiceofmyanmar#နယူးယောက်#စီအင်န်အင်န်သတင်းဌာနဗုံးခြိမ်းခြောက်ခံရ#

Ref : CGTN

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW