စစ်ဘေးရှောင်အရေး ဆန္ဒပြသူ ကချင်တိုင်းရင်းသား ၃ ဦး အမိန့်ချ

ဒီဇင်ဘာ ၇၊ ၂၀၁၈ VOM   ကချင်ပြည်နယ် တိုက်ပွဲထဲမှာ ပိတ်မိနေသူတွေကို ကူညီရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကချင်တိုင်းရင်းသား ၃ ယောက်ကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချလိုက်တာကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။   ဒေါ်ဆွတ်ဆိုင်းထွယ်၊ ကိုဆိုင်းခွမ်အောင်နဲ့ ဦးဘရန်မိုင်တို့ဟာ မြစ်ကြီးနားမြို့နယ် တရားရုံးရှေ့ကနေ မနောကွင်းအထိ ချီတက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်တယ်ဆိုပြီး မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှာ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဆန္ဒပြခဲ့သူတွေ ပြောပြပါတယ်။   ဆန္ဒပြသူတွေဟာ ဒေါ်နန်ပူ၊ ကိုလွမ်းဇောင်နဲ့ ဦးဇော်ဂျက် တို့ကို ဒီနေ့အမိန့်ချလိုက်တာဟာ တရားမျှတမှု မရှိကြောင်း၊ တရားစီရင်ရေးဟာ လွဲမှားနေပြီး လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရှိတဲ့အပြင်၊ တရားဥပဒေစိုးမိုးရေးမရှိကြောင်း စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။  …

Read More

တိုင်းရင်းဆေးတက္ကသိုလ်မတက်ပဲ ဆေးကုသခွင့်လိုင်စင် ရရှိမယ့် ဥပဒေကြမ်း အတည်ပြုမှု တိုင်းရင်ဆေးလောကမှ ကန့်ကွက်

မန္တလေး၊ ဒီဇင်ဘာ ၇-၂၀၁၈ လင်းလင်း(VOM) တိုင်းရင်းဆေးတက္ကသိုလ်တက်ရောက်ရန်မလိုဘဲ တိုင်းရင်းဆေးကုသခွင့်လိုင်စင် ရရှိနိုင်တဲ့ ပုဒ်မ ၁၅(စ)နှင့်၃၁(ဂ)ကို မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှာ  ထည့်သွင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်ကနေ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာနှင့် ပတ်သက်ပြီး တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့အလွှာစုံကတိုင်းရင်းဆေးဆရာတွေဟာ ကန့်ကွက်တဲ့ စတစ်ကာကမ်ပိန်းကို တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး)မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ အခုလို အတည်ပြုလိုက်တဲ့ ပုဒ်မ၂ခု ကြောင့် တိုင်းရင်းဆေးတက္ကသိုလ်မှာ အချိန်ပေးတက်ရောက် ပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် မျှတမှုမရှိခြင်း၊ တိုင်းရင်းဆေးပညာကို စနစ်တကျ သင်ယူခြင်းမရှိတဲ့ လိုင်စင်ရသူတွေထံမှာ ကုသမှုခံယူတဲ့ ပြည်သူတွေ အနေနဲ့ ထိခိုက်မှုရှိလာနိုင်တာတွေကြောင့် အခုလို ကန့်ကွက်မှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီပုဒ်မကို ခုလို အတည်ပြုလိုက်တဲ့အတွက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် အများကြီးနစ်နာမှုရှိတယ်” လို့ တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်တဲ့ ဦးဟန်ဝင်းအောင်က…

Read More

စည်​ပင်​ဥပ​ဒေ အသစ်​ပြဋ္ဌာန်းဖို့အတွက်​ ပြည်​သူ့အသံကြားနာပွဲ ပြုလုပ်

မန္တ​လေး၊ ဒီဇင်​ဘာ ၇-၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးမြို့​တော်​စည်​ပင်​သာယာ​ရေး​ကောမတီက ​ခေတ်​ကာလနဲ့အညီဖြစ်​​စေဖို့အတွက်​ နည်းဥပ​ဒေအသစ်​ပြဋ္ဌာန်းမှာ ဖြစ်​တဲ့အတွက်​ ပြည်​သူ​တွေတင်​ရဲ့ အသံကြားနားပွဲကို ယ​နေ့ နံနက်​ပိုင်းက မန္တ​လေးတိုင်း​ဒေသကြီးလွတ်​​တော်​အတွင်းက သဘင်​ခန်းမ​ဆောင်​မှာ ပြုလုပ်​ခဲ့ပါတယ်​။ ယခုပြုလုပ်​တဲ့ပွဲကို ဒီဇင်​ဘာ(၇)ရက်​ က​နေ ဒီဇင်​ဘာ(၉)ရက်​​နေ့အထိ ပြုလုပ်​သွားမှာဖြစ်ပါတယ်​။ #voiceofmyanmar#မန္တလေး#စည်​ပင်​ဥပ​ဒေ#

Read More

ရတနာပုံဆိုက်ဘာစီးတီး ဒုတိယနှစ်ကျောင်းသား သေဆုံးမှု ဝမ်းနည်းကြောင်း Black Campaign ပြုလုပ်

မန္တလေး၊ ဒီဇင်ဘာ ၇-၂၀၁၈ လင်းလင်း(VOM) နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ဒုတိယနှစ်ကျောင်းသားတစ်ဦးကို ဒီဇင်ဘာလ ၆ ရက် ညနေ ၃ နာရီခွဲခန့်က ရတနာပုံဆိုက်ဘာစီးတီးမြို့သစ်မီးသတ်စခန်းအနီးမှာ ဆိုင်ကယ်လုယက် ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့တာနှင့် ပတ်သက်ပြီး ကျောင်းသူကျောင်းသား၃၀၀ ခန့်က ဒီကနေ့ မနက် ၁၁ နာရီခန့်မှာ Black Campaign ပြုလုပ်ခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ နှင်းဆီပန်းချ၊ဝမ်းနည်းကြောင်း ဖယောင်းတိုင်ထွန်းညှိဆုတောင်းတာတွေ ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးပေးဖို့နှင့် ဖမ်းဆီးရမိခဲ့ရင်လည်း ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကျောင်းသားတွေထံက သိရပါတယ်။ “လွန်ခဲ့တဲ့ သုံးလလေးလလောက်ထဲက ဒီလိုမျိုး ဖြစ်ရပ်တွေ ဖြစ်နေတဲ့အတွက် အသက်အန္တရာယ်ကို မထိပါးခင်ထဲက ဆိုင်ကယ်တွေလုယက်ခံနေရတယ်၊အခိုးခံနေရတယ် ဆိုပြီးတော့ အကြိမ်ကြိမ် ကျွန်တော်တို့တွေ ရဲကိုလည်း အကြောင်းကြားတယ်၊ဝန်ကြီးဌာနတွေထိအောင်လည်းပြောတယ်၊ဒါပေမဲ့ အဲ့တုန်းထဲက အရေးယူမှုတွေ လျော့ရဲခဲ့တဲ့အတွက် အခုလိုမျိုး အသက်ဆုံးပါးတဲ့အထိ ဖြစ်သွားခဲ့တယ်”ဟု နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)ကျောင်းသားများသမဂ္ဂမှ ဥက္ကဌ…

Read More

ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် ကျေးရွာအနီးမိုင်းကွဲ နှစ်ဦးသေဆုံး

ဘူးသီးတောင်၊ ဒီဇင်ဘာ ၇-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာအနီး ရသေ့တောင်-ပုဏ္ဏားကျွန်း အဝေးပြေးကားလမ်းမပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ ည၁၀နာရီကျော်ခန့်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးသွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ထိပ်ထူးပေါက် ကျေးရွာနဲ့ တစ်မိုင်ခန့်အကွာမှာပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးသူနှစ်ဦးကို ဘူးသီးတောင်ဆေးရုံကိုပို့ထားပြီး ဖြစ်ပါတယ်။ “မနေ့ည ၁၀ နာရီလောက်မှာဖြစ်တာပါ၊ လမ်းမအလည်တည့်တည့်မှာပေါက်ကွဲတာပါ၊ အဲဒီနေရာမှာ နှစ်ဦးသေနေတာတွေ့ရတယ်၊ ဘယ်သူတွေလဲတော့မသိဘူး၊ နယ်ခြားစောင့်ကတော့ တိုင်းရင်းသားတွေလို့ ပြောတာပဲ ”လို့ ကျောက်ရံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံမောင်က ပြောပါတယ်။ သေဆုံးနေသူများမှာ မိုင်းထောင်သူများဖြစ်နိုင်ကြောင်းနဲ့ ၎င်းတို့နဲ့အနီးအနားမှာ မိုင်းထောင်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “အဲဒီနှစ်ယောက်မှာ တစ်ယောက်ကတော့ လုံးဝတစ်စစီဖြစ်သွားတယ်။ ဘယ်သူဝယ်ဝါဆိုတာ မသိရတော့ဘူး၊ နောက်တစ်ယောက်ကတော့ အသက် ၂၂ နှစ်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းတာပေါ့၊ သူတို့အနားမှာတော့…

Read More

မြန်မာအမျိုးသမီးထောင်ပေါင်းများစွာ တရုတ်နိုင်ငံမှာ အတင်းအကြပ်လက်ထပ်ခိုင်းခံနေရတယ်လို့ စစ်တမ်းတစ်ရပ်မှာဖော်ပြ

ဗန်ကောက်၊ ဒီဇင်ဘာ ၇-၂၀၁၈ မျိုးဆက်(VOM) မြန်မာအမျိုးသမီးထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံကို လူကုန်ကူးခံနေရပြီး တရုတ်အမျိုးသားတွေနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းခံနေရတယ်လို့  ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်တဲ့ လေ့လာမှုစစ်တမ်း အစီရင်ခံစာ တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ဗန်ကောက်မှာ ထုတ်ပြန်လိုက်တဲ့ Johns Hopkins Bloomberg School အဆိုပါ စစ်တမ်းမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ခန့်မှန်းခြေ မြန်မာအမျိုးသမီး ၇၅၀၀ ဟာ တရုတ်နိုင်ငံအတွင်း အတင်းအကြပ်လက်ထပ်ခိုင်းခံရသူတွေအဖြစ် ကျရောက်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဆယ်စုနှစ်များစွာ ကလေးတစ်ဦးသာယူရမယ်ဆိုတဲ့ မူဝါဒအရ နိုင်ငံအတွင်းရှိ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက်  ၃၃ သန်းပိုမိုများနေပြီး အိမ်နီးချင်းနိုင်ငံများမှအမျိုးသမီးများ လူကုန်ကူးခံရမှုဟာ  မြင့်တက်လျက်ရှိနေပါတယ်။ နှစ်စဉ် သတို့သမီးအဖြစ် ရောင်းချခံရသူတွေထဲမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့က ဆင်းရဲနွမ်းပါးတဲ့…

Read More

ချင်းပြည်နယ်ရှိ မြို့(၂)မြို့ မှာ ဘိန်းခင်းဧက ၁၂၀ ကျော် ဖျက်ဆီး

တွန်းဇံ၊ ဒီဇင်ဘာ ၇၊ ၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် တွန်းဇံမြို့နဲ့ ကျီခါးမြို့နယ် အတွင်းမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေကို နိုဝင်ဘာလ နောက်ဆုံးအပတ်မှ စပြီး ဒီဇင်ဘာလ ပထမပတ် အထိ လိုက်လံဖျက်ဆီးခဲ့ရာမှာ ဘိန်းစိုက်ခင်း ဧက ၁၂၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တွန်းဇံမြို့မရဲစခန်း က စခန်းမှူး ဒုရဲမှူး စိုးဝင်း က ပြောပါတယ်။ ဒီလို ဖျက်ဆီးခဲ့တာနဲ့ ပတ်သတ်လို့ ဒုရဲမှူး စိုးဝင်းက “အသီးတွေ သီးနေတဲ့ အချိန်မှာ ပဲ ကျွန်တော်တို့ ဖျက်တာ” လို့ ပြောပါတယ်။ ဘိန်းခင်းတွေ လိုက်လံ ဖျက်ဆီးခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ချင်းပြည်နယ် မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားများကလည်း လိုက်လံ ကူညီ ဖျက်ဆီးတာတွေ လုပ်ပေးခဲ့ပါတယ်။ ဒီလို ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်းတွေ ဟာဆိုရင်…

Read More

အချစ်နဲ့ပတ်သက်ရင် ဘဝတစ်ခုလုံးမှာ နံပတ်တစ်ဘဲ ဆိုတဲ့ ဝန

ရန်ကုန် ဒီဇင်ဘာ ၇ -၂၀၁၈ သင်းသဒ္ဒါ(VOM) အနီးဆုံးလူ တေးသီချင်းနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ တေးသံရှင် ၀နနဲ့ ဂီတ၀ါသနာတူဖြစ်တဲ့ အောင်းနီက တော့ ” အချစ်နဲ့ပတ်သက်ရင် ဘဝတစ်ခုလုံးမှာ နံပတ်တစ်ဘဲ “လို့ဆိုပါတယ်။ “မင်္ဂလာပွဲကို နည်းနည်းနောက်ဆုတ်ထားတယ်၊ ၂၀၁၉ ခုနှစ် ၁လပိုင်း(သို့) ၂ လပိုင်းလောက်မှာ မင်္ဂလာဆောင်မှာပါ။ အခွေကိစ္စ ဒီရှိုးပွဲကိစ္စတွေ နဲ့ အလုပ်တွေများနေသေး လို့ပါ။ ကိုယ်တိုင်က အချစ်ကို ဘယ်လိုခံယူထားလဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀ကို အချစ်နဲ့ပဲတည်ဆောက်ထားတယ်။ အချစ်က ဘဝ အတွက် ရာခိုင်နှုန်း ဘယ်လောက်အထိ အရေးပါပါတယ်”လို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၉ နှစ်ရှိသော ပထမက ဒီနှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်ဖို့ စီစဉ် ထား ပေမယ့် ဂီတပိုင်းကို လှုပ်ရှားနေတာမို့ မင်္ဂလာပွဲကို နောက်ဆုတ်လာတယ်လို့လည်း သိရပါတယ်။…

Read More

နယူးယောက်ရှိ စီအင်န်အင်န်သတင်းဌာန ဗုံးခြိမ်းခြောက်ခံလို့ ရွှေ့ပြောင်းခဲ့ရ

နယူးယောက်၊ ဒီဇင်ဘာ ၇-၂၀၁၈ မျိုးဆက် (VOM) တယ်လီဖုန်းနဲ့ ဗုံးခြိမ်းခြောက်မှုတစ်ခုကြောင့် နယူးယောက်ရှိ စီအင်န်အင်န်သတင်းဌာနရဲ့   ရုံးနဲ့ ရိုက်ကူးရေးခန်းမတွေကို  ဒီဇင်ဘာ ၆ ရက်မှာ  ရဲတပ်ဖွဲ့က ရွှေ့ပြောင်းခဲ့ရပါတယ်။ တယ်လီဖုန်းဆက် ခြိမ်းခြောက်သူက အဆောက်အဦထဲမှာ  ဗုံးငါးလုံးထောင်ထားတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၆ ရက် ည ၁၀ နာရီလောက်မှာ  စီအင်န်အင်န် နယူးယောက် သတင်းခန်းအတွင်း  မီးအချက်ပေး ခေါင်းလောင်းသံအချို့မြည်သွားခဲ့ပြီးနောက်  ရွှေ့ပြောင်းတာတွကို လုပ်ဆောင်ခဲ့ရတယ်လို့  ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အဆောက်အဦ အတွင်းက ၀န်ထမ်းတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီး ဒွန်လီမွန်ရဲ့ “CNN Tonight “ အစီအစဉ် ထုတ်လွှင့်မှုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်နေတဲ့ အချိန် တစ်ဝက်လောက်မှာ ဗုံးခြိမ်းခြောက်မှုကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်လို့ လီမွန်က ဆိုပါတယ်။ သတင်းဌာနရှိရာ တိုင်းမ်ဝါးနားစင်တာတည်ရှိတဲ့ အမှတ် ၈…

Read More
VOM News

FREE
VIEW