အချစ်နဲ့ပတ်သက်ရင် ဘဝတစ်ခုလုံးမှာ နံပတ်တစ်ဘဲ ဆိုတဲ့ ဝန

ရန်ကုန် ဒီဇင်ဘာ ၇ -၂၀၁၈

သင်းသဒ္ဒါ(VOM)

အနီးဆုံးလူ တေးသီချင်းနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ တေးသံရှင် ၀နနဲ့ ဂီတ၀ါသနာတူဖြစ်တဲ့ အောင်းနီက တော့ ” အချစ်နဲ့ပတ်သက်ရင် ဘဝတစ်ခုလုံးမှာ နံပတ်တစ်ဘဲ “လို့ဆိုပါတယ်။

“မင်္ဂလာပွဲကို နည်းနည်းနောက်ဆုတ်ထားတယ်၊ ၂၀၁၉ ခုနှစ် ၁လပိုင်း(သို့) ၂ လပိုင်းလောက်မှာ မင်္ဂလာဆောင်မှာပါ။ အခွေကိစ္စ ဒီရှိုးပွဲကိစ္စတွေ နဲ့ အလုပ်တွေများနေသေး လို့ပါ။ ကိုယ်တိုင်က အချစ်ကို ဘယ်လိုခံယူထားလဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀ကို အချစ်နဲ့ပဲတည်ဆောက်ထားတယ်။ အချစ်က ဘဝ အတွက် ရာခိုင်နှုန်း ဘယ်လောက်အထိ အရေးပါပါတယ်”လို့ဆိုပါတယ်။

သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၉ နှစ်ရှိသော ပထမက ဒီနှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်ဖို့ စီစဉ် ထား ပေမယ့် ဂီတပိုင်းကို လှုပ်ရှားနေတာမို့ မင်္ဂလာပွဲကို နောက်ဆုတ်လာတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်ညနေပိုင်းမှာတော့ ” Stage of Rangoon ” Rock ဂီတဖျော်ဖြေပွဲကြီးကို ရော့ခ်အဆိုရှင်များဖြစ်တဲ့  ဖော်ကာ၊ သာဒီးလူ၊ စိုင်းလေး တို့နဲ့ တေးဂီတတွေ ဖျော်ဖြေသွားဖို့လည်း ရှိပါတယ်။

“ကျွန်တော် အလုပ်အပေါ်မှာလည်း သူ့က တအားတန်ဖိုးထားပါတယ်၊ ပရိသတ်ကို မိတ်ဆက်ပေးဖို့လည်း စီစဉ်ထားပါတယ်၊ ထမင်းကျွေးတဲ့ လက်ခုပ်သံတွေအတွက် အမြဲတမ်းလည်း ကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။

#voiceofmyanmar#ဝန#အဆိုတော်#

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW