နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေစဉ် သုံးဦးမြောက် ကနေဒါနိုင်ငံသားကို တရုတ်နိုင်ငံဖမ်းဆီး

တိုရွန်တို၊ ဒီဇင်ဘာ ၂၀-၂၀၁၈

မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ သုံးဦးမြောက် ကနေဒါနိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွန်စွာ စိုးရိမ်မကင်းဖြစ်မိတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောဆိုလိုက်ပါတယ်။

ယခုလအစောပိုင်းက တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးရဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကို ကနေဒါနိုင်ငံက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နှစ်နိုင်ငံအငြင်းပွားမှုတွေ ကြီးထွားလာစဉ်မှာဘဲ  တရုတ်နိုင်ငံက သုံးဦးမြောက်  ကနေဒါနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးလိုက်တာဟာ  တရုတ်နိုင်ငံမှာ မကြာသေးမီက အခြားကနေဒါနိုင်ငံသားနှစ်ဦးကို ထိန်းသိမ်းထားထားတာနဲ့  ဆက်နွယ်မှုမရှိနိုင်ဘူးလို့ ကနေဒါ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ လက်ရှိမှာ လုပ်ဆောင်နေတယ်လို့ ၎င်းတို့က ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်က ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုဖမ်းဆီးလိုက်ပြီး များမကြာမီမှာ ကနေဒါ သံအမတ်ဟောင်း မိုက်ကယ်ကိုဗင်နဲ့ ကနေဒါ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မိုက်ကယ် စပါဗာ တို့နှစ်ဦးလုံးကို အမျိုးသားလုံခြုံရေး ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်.။

ယခုဖြစ်စဉ်မှာ ယခင်ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ လွန်စွာကွဲပြားခြားနားတယ်လို့ မိမိတို့သံသယရှိကြောင်း မစ္စတာ ကိုဗင်နဲ့ မစ္စတာ စပါဗာတို့ဖမ်းဆီးခံရတဲ့ အခြေအနေကိုရည်ညွှန်းပြီး ကနေဒါဝန်ကြီးချုပ် မစ္စတာထရူဒေါက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောဆိုပါတယ်။

#voiceofmyanmar#သုံးဦးမြောက်ကနေဒါနိုင်ငံသားကို#တရုတ်နိုင်ငံဖမ်းဆီး#

Ref :BBC

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW