ချင်းပြည်နယ် ကနေဒီဆင်စခန်း ခရစ္စမတ်ကာလ လာရောက်လည်ပတ်သူများပြားနေ

တီးတိန် ဒီဇင်ဘာ ၂၄-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကနေဒီဆင်စခန်း မှာ ဆိုရင် ခရစ္စမတ်ကာလ ၀င်ရောက်လည်ပတ်သူ အနေနဲ့ တစ်ရက်ကို လူဦးရေ ၃၀၀ ကျော် ရှိတယ်လို့ ကနေဒီဆင်စခန်း က လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို က ပြောပါတယ်။ ချင်းပြည်နယ် ထဲမှာ တစ်ခုတည်းသော ဆင်စခန်းဖြစ်လာတဲ့ ကနေဒီဆင်စခန်းဟာ  ဒီဇင်​ဘာလ ၁ ရက်နေ့ ထဲက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စခန်းဖွင့်လှစ်ချိန်ကတည်းက ဆင်စီး၊အပန်းဖြေဖို့ဆိုပြီး ပြည်တွင်းက ခရီးသည် တစ်ရက်ကို လူဦးရေ ၁၀၀ ကနေ ၅၀၀ အထိ ၀င်ရောက်လည်ပတ်ခဲ့ပါတယ်။ဒီလို လည်ပတ်ခဲ့ရာကနေ ခရစ္စမတ်ကာလ ဒီဇင်​ဘာလ ရဲ့ နောက်ဆုံးပတ် အရောက်မှာတော့ တစ်ရက်ကို လူဦးရေ၃၀၀ ကနေ ၆၀၀ အထိ ၀င်ရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ “ဆင်စီးတာ ဆင်တွေကို…

Read More

ပုပ္ပားတောင်ရှိ သဘာဝရေထွက်များ မပျောက်ကွယ်စေရေး ထိန်းသိမ်းမှုပြုလုပ်

ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၂၄-၂၀၁၈ စောပြည့်ချမ်းသာ(VOM) မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မှာ ရှိတဲ့ သဘာဝရေထွက်တွေကို မပျောက်ကွယ်စေရေး နဲ့  ရေရှည်တည်တံရေး အတွက် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်နေရပါတယ်။ ပုပ္ပားတောင်မှာ ယခင်က ရေထွက်ပေါင်း ၁၀၀ ကျော် ရှိရာကနေ လက်ရှိမှာ ရေထွက် ၃၆ ခု သာရှိပြီး  လျော့နည်း လာတဲ့အတွက် ကျန်တဲ့ရေထွက်တွေ ရေရှည်တည်တံရေး အတွက် ဒီဇင်ဘာ ၂၂ ရက်နေ့က ပုပ္ပားတောင် ဂေါပက အဖွဲ့ဝင်တွေ က ကွင်းဆင်းပြီး သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်နေတယ်လို့ ပုပ္ပားတောင်ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းဆွေက ပြောပါတယ်။ ”ကျွန်တော်တို့ က ရေထွက်တဲ့လမ်းကြောင်းမှာရှိတဲ့ အမှိုက်တွေကို လိုက်လံရှင်းလင်းတယ်၊ ပြီးတော့ ရေထွက်ပေါက်တွေအနီးက ရေသွယ်တန်းဖို့ထားတဲ့ ရေစုပ်မော်တာတွေ၊စက်တွေ ရဲ့ အခြေအနေကို ထိန်းသိမ်းသင့်တာ ထိန်းသိမ်းလို့ရအောင် သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့တယ်လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက်က ရေထွက်ပေါက်တွေ…

Read More
VOM News

FREE
VIEW