တီးတိန် ဒီဇင်ဘာ ၂၄-၂၀၁၈
မိုင်ချယ်ရီ(VOM)
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကနေဒီဆင်စခန်း မှာ ဆိုရင် ခရစ္စမတ်ကာလ ၀င်ရောက်လည်ပတ်သူ အနေနဲ့ တစ်ရက်ကို လူဦးရေ ၃၀၀ ကျော် ရှိတယ်လို့ ကနေဒီဆင်စခန်း က လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို က ပြောပါတယ်။
ချင်းပြည်နယ် ထဲမှာ တစ်ခုတည်းသော ဆင်စခန်းဖြစ်လာတဲ့ ကနေဒီဆင်စခန်းဟာ ဒီဇင်ဘာလ ၁ ရက်နေ့ ထဲက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စခန်းဖွင့်လှစ်ချိန်ကတည်းက ဆင်စီး၊အပန်းဖြေဖို့ဆိုပြီး ပြည်တွင်းက ခရီးသည် တစ်ရက်ကို လူဦးရေ ၁၀၀ ကနေ ၅၀၀ အထိ ၀င်ရောက်လည်ပတ်ခဲ့ပါတယ်။ဒီလို လည်ပတ်ခဲ့ရာကနေ ခရစ္စမတ်ကာလ ဒီဇင်ဘာလ ရဲ့ နောက်ဆုံးပတ် အရောက်မှာတော့ တစ်ရက်ကို လူဦးရေ၃၀၀ ကနေ ၆၀၀ အထိ ၀င်ရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
“ဆင်စီးတာ ဆင်တွေကို အစာကျွေးတာ တွေ လုပ်ကြပါတယ်” လို့ လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို က ပြောပါတယ်။
ဒီဆင်စခန်းဟာ ဆိုရင် ကလေးမြို့ နဲ့ တီးတိန်မြို့ ကားလမ်း ဘေးမှာရှိတဲ့ ခိုင်ကမ်းမြို့ကနေ ၈ မိုင်လောက်အကွာအဝေးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ကနေဒီဆင်စခန်းမှာ ဆင်အထီး ၄ကောင်၊ ဆင်အမ ၃ ကောင် စုစုပေါင်း ၇ ကောင် ရှိပြီး စခန်းဝင်ကြေး ကိုတော့ ပြည်ပဧည့်သည် တစ်ဦးကို ၁သောင်းကျပ်ပြည်တွင်းတစ်ဦးတစ်ထောင်ကျပ်၊ ၁၀ နှစ်အောက်ကလေး အခမဲ့ ဆိုပြီး သတ်မှတ်ထားပါတယ်။
#voiceofmyanmar#ချင်းပြည်နယ်#ကနေဒီဆင်စခန်းလာရောက်လည်ပတ်သူများပြား#