ဇီးပင်​ကြီးရှင်းလင်းပွဲပျက်​တာကို ​​အားနာပါတယ်​လို့ ဒု-ပါချုပ်​​ပြော

မန္တ​လေး၊ ဒီဇင်​ဘာ ၂၆-၂၀၁၈
ဟိန်းကို(VOM)

ပြင်​ဦးလွင်​ခရိုင်​အတွင်းက ဇီးပင်​ကြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ရဲ့ ​နေထိုင်​မှုပုံစံ​တွေကို ​ဝေဖန်​​ရေးသားထားတဲ့ “ဇီးပင်​ကြီး စစ်​တမ်း” နဲ့ပက်​သက်​ပြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ဘက်​ကရှင်းလင်းပွဲကို ယ​နေ့ ဒီဇင်​ဘာ၂၆ရက်​​နေ့မှာ ပြုလုပ်​မယ်​လို့ သတင်းမီဒီယာသမား​တွေကို ​ဖိတ်​ထားပြီး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ရှင်းလင်းပွဲပျက်​သွားခဲ့ပါတယ်​။
” ကျွန်​​တော်​တို့ ရှင်းလင်းပွဲပျက်​ရတာက အဲ့ဒီအတွက်​လည်း အားနာပါတယ်​ မီဒီယာစင်​တာမှာ ကျွန်​​တော်​တို့ရှင်းလင်းပွဲအတွက်​ လွတ်​လိုက်​တဲ့ ကား​ရောက်​ပြီးကာမှ ခုလိုမလုပ်​ဖြစ်​ပဲဖြစ်​သွားတဲ့အတွက်​ ​တောင်းပန်​ပါတယ်​လို့ ” ဇီးပင်​ကြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ စီမံဌာနမှ ဒု-ပါ​မောက္ခချုပ်​ ဦး​ဇော်​​ဇော်​က​ပြောပါတယ်​။

ရှင်းလင်းပွဲကို သတင်းမီဒီယာအချို့ထဲမှာမှ ဆိုင်​ကယ်​နဲ့သတင်းယူဖို့လာတဲ့ သတင်း​ထောက်​ မခင်​နှင်း​ဝေ က ” ညီမတို့က ဆိုင်​ကယ်​နဲ့သွား​တော့ အခက်​အခဲ​တော့ရှိတာ​ပေါ့ ​ဝေးပြီးအန္တရာယ်​လည်းများတာ​ကြောင့်​ရယ်​ပေါ့ ၊ အဲ့ဒီ​ကျောင်း​ရှေ့ကို​ရောက်​​တော့ အဲ့​ကျောင်းဂိတ်​​ပေါက်​မှာ ဆရာတစ်​​ယောက်​ရှိတယ်​​လေ အဲ့ဆရာ ​ပြောတာက အထက်​က​နေပြီး​တော့ သတင်းစာရှင်းပွဲမလုပ်​ခိုင်းလို့​ပြောတာ​ပေါ့ အဲ့အ​ကြောင်း​ကို တရားဝင်​​ဖြေ​ပေးဖို့​ပြော​တော့ သူကတရားဝင်​​တော့မ​ပြောဘူး​လို့ ​ပြောတယ်​၊ လာပြီးမှခုလိုပွဲပျက်​တယ်​ဆို​တော့ အဆင်​မ​ပြေဘူး​ပေါ့ ” လို့​ပြောပါတယ်​။

ပြည်​သူ​တွေသိသင့်​သိထိုက်​တဲ့ အချက်​​တွေကို သူတို့ဘက်​က ရှင်းပြဖို့ လိုအပ်​တယ်​လို့မြင်​ပြီး နှစ်​ဖက်​ကရှင်းမှ ပြည်​သူ​တွေကသိမှာလည်းဖြစ်​ပြီး ခုလိုသူတို့ဘက်​က ရှင်းလင်းပွဲဖျက်​လိုက်​​တာကို​တော့ ဘာ​ကြောင့်​လဲ​တော့မသိပါဘူး လို့ မခင်​နှင်း​ဝေ က ဆက်​​ပြောခဲ့ပါတယ်​။

#voiceofmyanmar#ဇီးပင်​ကြီး#ရှင်းလင်းပွဲပျက်​#

Related posts

Leave a Comment

VOM News

FREE
VIEW