လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်အကောင်အထည်ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးမှုပြုလုပ်

စစ်တွေ၊ ဒီဇင်ဘာ ၂၆-၂၀၁၈ ခိုင်လင်းစံ (VOM) ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးက လူငယ်တွေပါဝင်ပြီး လူငယ်ရေးရာမူဝါဒတစ်ရပ် ချမှတ်အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေကို ပြုလုပ်လျှက်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲက လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ဆောင်ရေး မူကြမ်းကိုချမှတ်လိုက်တာဖြစ်ပါတယ်။ “နိုဝင်ဘာလ ၁၄-၁၅မှာ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကနေပြီးတော့ မူဝါဒတစ်ရပ်ကိုချမှတ်နိုင်ခဲ့ပါတယ်၊ အခုဒီမှာပြုလုပ်တဲ့ဆွေးနွေးပွဲက အဲဒီမူကြမ်းမှာပါတဲ့အချက်တွေကို ပြည်နယ်အဆင့်ကော်မတီတွေကို ချပြတာဖြစ်ပါတယ်၊ နောက်တစ်ခုက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အခက်အခဲတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ထည့်သွင်းမယ့်အချက်တွေကို ဆွေးနွေးနေတာဖြစ်ပါတယ် ”လို့ ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုစောကလျာထွန်းက ပြောပါတယ်။ ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့်ကချမှတ်လိုက်တဲ့ မူကြမ်းမှာပါဝင်တဲ့အချက်တွေကို ရခိုင်ပြည်နယ် အတွင်းက ဌာနဆိုင်ရာတွေအနေနဲ့လည်း အကူအညီပေးနိုင်ရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ “ဒီမူဝါဒနဲ့ပတ်သက်လို့ ကျွန်မတို့ ပြည်နယ်အဆင့်မှာဆွေးနွေးတာကတော့ အခုဆိုရင် တတိယအကြိမ်ပေါ့နော်၊ အခု…

Read More

ပရီးမီးယားလိဂ်ကို ဦးဆောင်ဖို့ လီဗာပူးအသင်းမှာ ဖိအားမရှိဘူးလို့ နည်းပြဂျာဂျင်ကလော့ဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၆-၂၀၁၈ ရန်နိုင်ထွန်း (VOM) ပရီးမီးယားလိဂ် ရာသီတစ်ဝက် ​​ကုန်ဆုံးတော့မယ့်အချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်ဖို့အတွက် လီဗာပူးအသင်းမှာ ဖိအားမရှိဘူးလို့ နည်းပြဖြစ်သူ ဂျာဂျင်ကလော့က ဖွင့်ဟပြောဆိုလိုက်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာတော့ အနီးဆုံးပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းထက် လေးမှတ်အသာရရှိပြီး ရှုံးပွဲမရှိစံချိန်နဲ့ လီဗာပူးအသင်းက ရာသီဝက်ကို ဦးဆောင်နေတာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ အမှတ်အနည်းငယ်ဖြင့်သာ အမှတ်ပေးဇယားကိုဦးဆောင်နေတာဖြစ်တဲ့ အတွက် အောင်ပွဲခံဦးမှာမဟုတ်သလို ဒီရလဒ်အပေါ် ကျေနပ်နေမှာ မဟုတ်ဘူးလို့ နည်းပြ ဂျာဂျင်ကလော့က ဆိုပါတယ်။ လီဗာပူးအသင်းဟာ ယခုရာသီမှာ သိသိသာသာနဲ့ အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ် ဒုတိယရာသီဝက်ကထက်ပိုကောင်းဖို့အတွက် ယခုရလဒ်တွေက အထောက်အကူဖြစ်စေတယ်လို့ ၎င်းက ပြောပါတယ်။ လွန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၀ ရာသီမှာတော့ ခရစ်စမတ်ကာလမှ အမှတ်ပေးဇယား ကိုဦးဆောင်နိုင်တဲ့အသင်းဟာ ရာသီကုန်မှာ ချန်ပီယံဖြစ်သွားတဲ့ သာဓကတွေရှိနေခဲ့ပါတယ်။ ဒုတိယ ရာသီဝက်မှာ ပွဲပေါင်း ၂၀ ကစားရဦးမှာဖြစ်လို့ ယခုရလဒ်အပေါ်မှာ…

Read More

ဇီးပင်​ကြီးရှင်းလင်းပွဲပျက်​တာကို ​​အားနာပါတယ်​လို့ ဒု-ပါချုပ်​​ပြော

မန္တ​လေး၊ ဒီဇင်​ဘာ ၂၆-၂၀၁၈ ဟိန်းကို(VOM) ပြင်​ဦးလွင်​ခရိုင်​အတွင်းက ဇီးပင်​ကြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ရဲ့ ​နေထိုင်​မှုပုံစံ​တွေကို ​ဝေဖန်​​ရေးသားထားတဲ့ “ဇီးပင်​ကြီး စစ်​တမ်း” နဲ့ပက်​သက်​ပြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ဘက်​ကရှင်းလင်းပွဲကို ယ​နေ့ ဒီဇင်​ဘာ၂၆ရက်​​နေ့မှာ ပြုလုပ်​မယ်​လို့ သတင်းမီဒီယာသမား​တွေကို ​ဖိတ်​ထားပြီး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ရှင်းလင်းပွဲပျက်​သွားခဲ့ပါတယ်​။ ” ကျွန်​​တော်​တို့ ရှင်းလင်းပွဲပျက်​ရတာက အဲ့ဒီအတွက်​လည်း အားနာပါတယ်​ မီဒီယာစင်​တာမှာ ကျွန်​​တော်​တို့ရှင်းလင်းပွဲအတွက်​ လွတ်​လိုက်​တဲ့ ကား​ရောက်​ပြီးကာမှ ခုလိုမလုပ်​ဖြစ်​ပဲဖြစ်​သွားတဲ့အတွက်​ ​တောင်းပန်​ပါတယ်​လို့ ” ဇီးပင်​ကြီး ဗဟိုဝန်​ထမ်းတက္ကသိုလ်​ စီမံဌာနမှ ဒု-ပါ​မောက္ခချုပ်​ ဦး​ဇော်​​ဇော်​က​ပြောပါတယ်​။ ရှင်းလင်းပွဲကို သတင်းမီဒီယာအချို့ထဲမှာမှ ဆိုင်​ကယ်​နဲ့သတင်းယူဖို့လာတဲ့ သတင်း​ထောက်​ မခင်​နှင်း​ဝေ က ” ညီမတို့က ဆိုင်​ကယ်​နဲ့သွား​တော့ အခက်​အခဲ​တော့ရှိတာ​ပေါ့ ​ဝေးပြီးအန္တရာယ်​လည်းများတာ​ကြောင့်​ရယ်​ပေါ့ ၊ အဲ့ဒီ​ကျောင်း​ရှေ့ကို​ရောက်​​တော့ အဲ့​ကျောင်းဂိတ်​​ပေါက်​မှာ ဆရာတစ်​​ယောက်​ရှိတယ်​​လေ အဲ့ဆရာ ​ပြောတာက အထက်​က​နေပြီး​တော့ သတင်းစာရှင်းပွဲမလုပ်​ခိုင်းလို့​ပြောတာ​ပေါ့ အဲ့အ​ကြောင်း​ကို တရားဝင်​​ဖြေ​ပေးဖို့​ပြော​တော့ သူကတရားဝင်​​တော့မ​ပြောဘူး​လို့ ​ပြောတယ်​၊…

Read More

နိုင်ငံတကာ ဝေလငါးကော်မရှင်မှ ဂျပန်နှုတ်ထွက်၊ စီပွားဖြစ်ဝေလငါးဖမ်းဆီးခြင်း ပြန်လည်စတင်မည်

တိုကျို၊ ဒီဇင်ဘာ ၂၆-၂၀၁၈ မျိုးဆက် (VOM) နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတစ်ရပ်အဖြစ် စီးပွားဖြစ် ဝေလငါးဖမ်းဆီးတွေကို ဇူလိုင်လမှာ ဂျပန်နိုင်ငံက ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဝေလငါထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ဝေလငါးကော်မရှင်မှလည်း ဂျပန်နိုင်ငံက နှုတ်ထွက်တော့မှာဖြစ်ပါတယ်။ အချို့သော ဝေလငါးမျိုးစိတ်တွေဟာ မျိုးသုံးလုနီး ပါးဖြစ်ပေါ်ပြီးနောက် ၁၉၈၆ ခုနှစ်မှာ နိုင်ငံတကာဝေလငါးကော်မရှင်က စီးပွားဖြစ်ဝေလငါးဖမ်းဆီးတာတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်ကတည်းက နိုင်ငံတကာဝေလငါးကော်မရှင်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ဝေလငါးစားသုံးတာဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံယဉ်ကျေးမှု တစ်ရပ်ဖြစ်တယ်လို့ ဂျပန်တာဝန်ရှိသူများက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ သိပ္ပံဆိုင်ရာ သုတေသနပြုရန်အတွက်ဆိုပြီး ဝေလငါးတွေကို နှစ်ပေါင်းများစွာ ဖမ်းဆီးပြီး အသားတွေကိုရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ဝေလငါးထိန်းသိမ်းစောင့်ရှောက်အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဂျပန်အစိုးရရဲ့ စီးပွားဖြစ် ဝေလငါးဖမ်းဆီးမယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဝေလငါးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက…

Read More

ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ ထိုင်းမှာ တရားဝင်ခွင့်ပြုလိုက်ပြီ

ဗန်ကောက်၊ ဒီဇင်ဘာ-၂၆ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်အသုံးပြုခြင်းကို ထိုင်းပါလီမန်မှာ ဒီဇင်ဘာ ၂၅ ရက် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ သုံးစွဲသူများအနေနဲ့ ဆေးညွှန်းသို့မဟုတ် အသိအမှတ်ပြုလက်မှတ်ရှိပါက ဆေးဝါးအဖြစ်အသုံးပြုရန် သတ်မှတ်ထားတဲ့ ဆေးခြောက်ပမာဏကို ၀ယ်ယူအသုံးပြုနိုင်မှာဖြစ်ပြီး ဆေးခြောက်ထုတ်လုပ်တာနဲ့ ရောင်းချတာတွေကိုတော့ တင်းကြပ်စွာ ထိန်းချုပ်ထားမှာဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် မူးယစ်ဥပဒေကို ပြင်ဆင်ဖို့ ထိုင်းပါလီမန်မှာ ဒီဇင်ဘာ ၂၅ ရက်က မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး အစိုးရက ပြန်တမ်းထုတ်ပြီးချိန်တွင် အဆိုပါပြင်ဆင်ချက်မှာ ဥပဒေဖြစ်လာမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံအချို့မှာ မူးယစ်ဆေးဝါး ပိုင်ဆိုင်ခြင်းနဲ့ သုံးစွဲခြင်းတို့အတွက် အတင်းကြပ်ဆုံး အပြစ်ပေးတာတွေရှိနေပြီး ထိုင်းနိုင်ငံကတော့ ဒေသတွင်းနိုင်ငံတွေထိ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ ခွင့်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီလို ခွင့်ပြုလိုက်တာက ထိုင်းနိုင်ငံသားများအတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခုဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့​ထိပ်တန်းအမတ်တစ်ဦးက ပြောဆိုပါတယ်။ သို့သော် ဆေးခြောက်ကို အပန်းဖြေရန်အသုံးပြုခြင်းကိုတော့ တရားမ၀င်ကြောင်း သတ်မှတ်ထားဆဲဖြစ်ပါတယ်။…

Read More

ရတနာပုံတက္ကသိုလ်​​ကျောင်းသားဓားထိုးခံပြီး ​သေဆုံးမှု အမှုမှန်​​ပေါ်​ပေါက်​​ရေး ​​ရတနာပုံသမဂ္ဂ​ကျောင်းသားများ ​ဆောင်​ရွက်​မည်

မန္တ​လေး၊ ဒီဇင်​ဘာ ၂၆-၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးမြို့ ၊ အမရပူရမြို့နယ်​ ၊ ​တောင်​သမာန်​အင်းကန်​ပတ်​လမ်း တာရိုး​ပေါ်မှာ ဒီဇင်​ဘာ ၂၅ရက်​​နေ့ ည​နေပိုင်းက ရတနာပုံတက္ကသိုလ်​က ကုန်​ထုတ်​ဓာတု​ဗေဒ​နောက်​ဆုံးနှစ်​​ကျောင်းသားတစ်​ဦးဓားထိုးခံရပြီး ​သေဆုံးမှုဖြစ်​စဉ်​ ဖြစ်​ပွားခဲ့ပါတယ်​။ ဖြစ်​ပွားခဲ့တဲ့ ဖြစ်​စဉ်​က ဓားထိုးခံရတဲ့ ​ကျောင်းသား ​မောင်​စိုးမိုးဟိန်းနဲ့ သူ့ရဲ့​​ကောင်​မ​လေးက တာရိုး​ပေါ်မှာချိန်း​တွေ​နေတဲ့အချိန်​ အမည်​မသိလူ​လေးဦး​ရောက်​လာပြီး အကူညီ​တောင်းချင်လို့ဟုပြောပြီး အမည်မသိသူထဲက တစ်ဦးမှ ပွေ့ဖက်၍ စိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွန့်အားထိုးသဖြင့် တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး ​လေးယောက်အုပ်စုထဲက လူတစ်ဦးကလည်း စိုးမိုးဟိန်း၏ဝဲဘက်တင်ပါးဆုံအားထပ်မံထိုးခဲ့သဖြင့် ​​မောင်​စိုးမိုးဟိန်းရဲ့ ​​ကောင်​မ​လေးဟာ ပတ်ဝန်းကျင်ကို ​အော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အနီးအနားကလူ​တွေက ​​အော်​ဟစ်​သံ​ကြောင့်​ လာ​ရောက်​ကူညီပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ည(၁၀)အချိန်မှာပဲ ရထားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်​။ ” ​လော​လောဆက်​ ကျွန်​​တော်​​တို့က ရဲစခန်းသွားပြီး အမှုမှန်​သိ​အောင်​လုပ်​မယ်​ ၊ တရားခံ​တွေအမြန်​ဖမ်းမိဖို့လညပ်​မယ်​၊ ဖြစ်​တာက သူတို့ချိန်း​တွေတဲ့​နေရာမှာ အဲ့လူ​လေး​ယောက်​က ပိုက်​ဆံအိပ်​၀င်​လုပြီး…

Read More

ဟားခါးမြို့ အပူချိန် ရေခဲမှတ်အောက် ၃ ရက်ဆက်တိုက် ရောက်ရှိ

ဟားခါး ဒီဇင်ဘာ၂၆-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ဟားခါးမြို့ရဲ့ အပူချိန်တွေကို တိုင်းထွာ ထားချက်အရ အပူချိန် ရေခဲမှတ်အောက် ရောက်ရှိခဲ့တာ ဆိုရင် ၃ ရက်ဆက်တိုက် ရှိပြီလို့  ရုံးရဲ့ ထုတ်ပြန်ထားချက် အရ သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနးခါးမြို့ရဲ့ အနိမ့်ဆုံး အပူချိန်တွေဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဆိုရင် ရေခဲမှတ်အောက် အနုတ် ၃ ဒီဂရီ ၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဆိုရင် ရေခဲမှတ်အောက် အနုတ် ၁ ဒီဂရီ နဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ကျော် အချိန်တိုင်းထွာချက်အရ ရေခဲမှတ်အောက် အနုတ် ၁ ဒီဂရီ အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ရေခဲမှတ်အောက် ရောက်ရှိနေတာကြောင့် ဟားခါးမြို့ကို သွားရောက်လိုသူတွေ…

Read More
VOM News

FREE
VIEW