အသံထက်မြန်တဲ့ နျူဒုံးပျံသစ် ၂၀၁၉ ခုနှစ်မှာ ဖြန့်ကြက်ချထားတော့မယ့် ရုရှား

မော်စကို၊ ဒီဇင်ဘာ ၂၇-၂၀၁၈

မျိုးဆက် (VOM)

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ပြီး အသံထက်မြန်တဲ့  ရုရှားရဲ့ ပထမဆုံးဒုံးပျံကို နိုင်ငံအတွင်းမှာ ၂၀၁၉ ခုနှစ်မှာစပြီး ဖြန့်ကြက်ချထားတော့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၆ ရက်ကပြောပါတယ်။

Avangard လို့အမည်ရတဲ့ အဆိုပါ ဒုံးပျံတွေဟာ  ဒုံးပျံကာကွယ်ရေး စနစ်တွေကို ရှောင်ရှားဖို့အတွက် ပိုမိုမြင့်မားတဲ့ အမြင့်ကနေ လျင်မြန်စွာ ပျံသန်းနိုင်ဖို့ ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး စမ်းသပ်မှုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ပူတင်က ဆိုပါတယ်။

အသံထက်မြန်တဲ့ နျူကလီးထိပ်ဖူးတပ် ဒုံးပျံကို ရုရှားနိုင်ငံ အနောက်တောင်ပိုင်းမှာ ပစ်လွှတ်စမ်းသပ်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းရှိ ပစ်မှတ်တစ်ခုကို ထိမှန်ဖျက်ဆီးနိုင်ခဲ့ကာ နည်းပညာဆိုင်ရာသတ်မှတ်ချက်တွေကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့တယ်လို့  ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

လာမယ့် ၂၀၁၉ ခုနှစ်မှစပြီး ရုရှားတပ်ဖွဲ့ဝင်တွေအနေနဲ့ ကမ္ဘာ့တိုက်ကြီးတွေအထိရောက်ရှိနိုင်တဲ့ မဟာဗျူဟာမြောက် Avangard ဒုံးပျံကိုအသုံးပြုနိုင်တော့မယ်လို့ ပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံက ဒုံးပျံစနစ်သစ်ကို တီထွင်လိုက်တာဟာ ရုရှားတပ်ဖွဲ့နဲ့  ရုရှားနိုင်ငံသမိုင်းတစ်လျှောက်မှာ  အကြီးမားဆုံး အောင်မြင်မှုဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

အဆိုပါ ဒုံးပျံဟာ လေထုသိပ်သည်းလွှာအထိ ပျံသန်းနိုင်တာကြောင့် အခြားပဲ့ထိန်းဒုံးပျံတွေထက် ပိုမိုမြင့်မားစွာ ပျံသန်းနိုင်ပြီး လမ်းကြောင်းပြောင်းလဲပစ်ခတ်နိုင်တဲ့ နျူကလီးယားထိပ်ဖူးကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

#voiceofmyanmar# အသံထက်မြန်တဲ့ နျူဒုံးပျံသစ်#၂၀၁၉မှာဖြန့်ကြက်ချထားတော့မယ့် ရုရှား#

Ref: UPI

Photo : Reuter

Related posts

✕
VOM News

FREE
VIEW