ဖေ့စ်ဘွတ်ခ် မသုံးတော့ဘူးဆိုတဲ့ ရဲရင့်အောင်

ရန်ကုန် ဒီဇင်ဘာ ၂၇-၂၀၁၈

သင်းသဒ္ဒါ(VOM)

ဂီတပိုင်းမှာတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်ရဲရင့်အောင်ကတော့ facebook မသုံးတော့ဘူး လို့ ဆိုပါတယ်။

“ကျွန်တော်တို့ မနက်မိုးလင်းရင် တခြားအလုပ်တွေမစဉ်းစားပဲနဲ့ ဒီfacebook ကိုပဲ ဖွင့်နေတယ်၊ ဒီလိုသုံးနေလို့ ကျွန်တော်အတွက် အကျိုးမရှိဘူး၊ facebook ပေါ်မှာ တွေ့လိုက်တဲ့ စကားလုံးတွေဖြစ်စဉ်တွေက အနိဋ္ဌာရုံရယ် အားလုံး အနုတ်လက္ခဏာ သွားနေတာများတယ်၊ အဲဒါကို နေ့တိုင်းကြည့်နေချင်အားဖြင့် ကျွန်တော် မသိစိတ်က တဖြေးဖြေး အနုတ်လက္ခဏာဘက်သွားတယ်လို့ ခံစားလာရတယ်၊ ဖုန်းထဲက ဖျက်လိုက်တာပါ”လို့ ဆိုပါတယ်။

ရဲရင့်အောင်ကတော့ ”Jin Party” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရန်အောင် ၊လူမင်း၊ မင်းမော်ကွန်း၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ရွှေအိမ်စည် ၊Bella ၊ခင်လှိုင် ၊ကိုပေါက် စတဲ့ အနုပညာရှင်တွေပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်၊ သူကတော့ တစ်ကိုယ်တော်သီချင်းခွေမထွက်တာ ၄ နှစ်ရှိပြီဖြစ်တဲ့အတွက် ဂီတနဲ့ ပတ်သက်ပြီးတော့  စိတ်ဖိစီးနေပြီးတော့   ၂၀၁၉ ခုနှစ် မေလပိုင်းမှာ သီချင်းခွေ ထွက်ဖို့ကတော့ သေချာသွားပါပြီလို့ သိရပါတယ်။ ဂီတပုံစံတွေကတော့ အရမ်းတော့ ပြောင်းလဲမထားပဲ သူကိုယ်တိုင်ရေးတဲ့ သီချင်းတွေပါသလို ကိုဝေလ သီချင်းတွေလည်းပါမယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၉ ထဲမှာ ဂီတပတ်သက်ပြီးတော့ တခြား Plan တွေရှိပါတယ်လို့သိရပါတယ်။

ပရိသတ်စိတ်ဝင်စားနေတဲ့ အချစ်ရေးကတော့ “သူနဲ့ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားစရာတွေတော့ ဖြစ်မိပါ တယ်၊ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာကတော့ ချစ်လို့ပဲနေမှာပေါ့” လို့ဆိုပါတယ်။

#voiceofmyanmar#ရဲရင့်အောင်#

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW