ရွှေကျွန်းသာ အပန်းဖြေစခန်းကို အခုလ ၃၁ ရက်နေ့ ဖွင့်လှစ်မည်

 

ကျောက်မြောင်း ဒီဇင်ဘာ ၂၇-၂၀၁၈

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ကျောက်မြောင်းမြို့နယ် ဆယ်ပင်ကျွန်းကျေးရွာအတွင်း ဧရာဝတီမြစ်လယ် ကျွန်းပေါ်မှာ ပြုလုပ်ထားတဲ့ ရွှေကျွန်းသာ အပန်းဖြေစခန်းကို ယခုလ ၃၁ ရက်နေ့ ကစတင်ပြီး ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားဖွံ့ဖြိုးရေးကော်မတီ ကပြောပါတယ်။

အဲ့ဒီ ရွှေကျွန်းသာ အပန်းဖြေစခန်းတွင်သဘာဝ သဲသောင်ပြင်ပေါ်မှာ ဒေသခံ ပညာရှင်များ ပြုလုပ်ဖန်တီးထားတဲ့သဲပန်းပု၊ ရေပေါ်စက်ဘီး၊ မြင်းစီး စတဲ့ အပန်းဖြေစရာများ ပြုလုပ်ဆောင်ရွက်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် ဦးမင်းထင်ကပြောပါတယ်။

ရွှေကျွန်းသာ အပန်းဖြေစခန်းကို မြေနုကျွန်း၅ဧကခန့်  တည်ဆောက်ထားတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးစဥ့်ကူးမြို့ နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကျောက်မြောင်းမြို့ကြား ဧရာဝတီမြစ်လယ်က ကျွန်းပေါ်မှာပြုလုပ်ထားတာဖြစ်ပြီး စဥ့်ကူးမြို့ကနေ  ကူးတို့မော်တော်နဲ့၊ကျောက်မြောင်းမြကနေ ကူးတို့မော်တော်တို့နဲ့ လာရောက်နိုင်တယ်လို့သိရပါတယ်။

#voiceofmyanmar#ရွှေကျွန်းသာအပန်းဖြေစခန်း#အခုလ၃၁ရက်နေ့ဖွင့်လှစ်မည်#

Related posts

Leave a Comment

VOM News

FREE
VIEW