ဗကသကျောင်းသား သုံးဦးကို ရုံးထုတ် ရမန်ယူ

မန္တ​လေး၊ ဒီဇင်​ဘာ ၂၉-၂၀၁၈
လင်းလင်း(VOM)

နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်​မ ၅၀၅(ခ)အပါအဝင် ပုဒ်မငါးခု နဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ဗကသကျောင်းသား သုံးဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ် ရမန်ရယူခဲ့ပါတယ်။

ကျောင်းလုံခြုံရေး၊ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ဩဂုတ်လကတည်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့ကြောင်း၊ကျောင်းလုံခြုံရေး တိုးမြှင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျောင်း တာဝန်ရှိသူတွေဘက်က အကြောင်းပြန်ကြား ဆောင်ရွက်ပေးမှု မရှိတဲ့အတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရတနာပုံ တက္ကသိုလ်ရှေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ အချို့နဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ဓါတ်ပုံတွေကို မီးရှို့ခဲ့တဲ့အတွက် ဗကသကျောင်းသားသုံးဦးကို ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“ဒီလိုမျိုး တရားစွဲလိုက်လို့ ကျွန်တော်တို့ကို ဖမ်းဆီးလိုက်လို့ မြို့ပြင်မှာရောက်နေတဲ့ တက္ကသိုလ်တွေ လုံခြုံသွားတယ်ဆိုရင် ဆွဲထားလိုက်၊ကြိုက်သလိုချထားလိုက်၊ကျွန်တော်တို့နေရဲတယ်” လို့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဗကသများ အဖွဲ့ချုပ်က စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက ရုံးထုတ်စဉ် ပြောပါတယ်။

“ကျွန်တော်တို့လိုချင်တာက အမှုမှန်လည်း ပေါ်ရမယ်၊ဒီတရားခံတွေကိုလည်း ထိုက်သင့်တဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ရမယ်၊နောက်တစ်ခုက နောက်ထပ်ကျောင်းသားတွေဒီလိုမျိုး မဖြစ်အောင်၊ ခုဖြစ်နေတာ မန္တလေးတိုင်းဒေသကြီးမှာဖြစ်နေတာ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီလိုမျိုး ကျောင်းသားတွေကို ကာကွယ်ပေးဖို့ အစီအစဉ်​မရှိတော့ဘူးလား”လို့ ကိုရဲမျိုးဆွေက မေးခွန်းထုတ်ပါတယ်။

အခုလို လှုပ်ရှားခဲ့တဲ့ ဗကသကျောင်းသားသုံးဦးကို ရဲတပ်​ဖွဲ့နဲ့ ​ကျောင်းတာဝန်​ရှိ​သူ​တွေက တရားလိုလုပ်​ပြီး နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှုပုဒ်​မ ၅၀၅(ခ) ၊ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၁၉၊ပြစ်​မှုကျူးလွန်​ရာတွင်​ပူး​ပေါင်းကြံစည်​မှု ပုဒ်​မ ၁၁၄၊တာဝန်​၀တ္တရား​နှောက်​ယှက်​မှု ပုဒ်​မ ၃၅၃၊မီးရိှု့ဖျက်ဆီးမှု ပုဒ်​မ ၄၃၅ စတဲ့ ပုဒ်​မ ၅ ခုနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက အမရပူရမြို့နယ် တရားရုံးမှာ အမှုဖွင့်လှစ်ခဲ့တာဖြစ်​ပြီး နောက်ထပ်ရုံးချိန်းကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ကို ထက်​မံချိန်းဆိုလိုက်​ပါတယ်​။

#voiceofmyanmar#ဗကသ​ကျောင်းသား​သုံးဦး#ရုံးထုတ်​ရမာန်​#

Related posts

Leave a Comment

VOM News

FREE
VIEW