ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက် ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

ကလေး ဇန်​န၀ါရီ ၆-၂၀၁၉

မိုင်ချယ်ရီ (VOM)

ဇန်​န၀ါရီ လ ၆ ရက်နေ့ ညနေ၄ နာရီ အချိန်လောက်က  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွင်းမှာရှိတဲ့ လက်ဆေးကန်တောင်ပေါ် ကို ဘုရာဖူးသွားရောက်ခဲ့သည့် ယာဉ်အမှတ် Skatအမျိုးအစား အဖြူရောင် ကားတစ်စီးဟာ ဘုရားဖူးအပြန် အရှိန်လွန်ကာ လမ်းညာဖက်ချောက်ထဲကို ပြုတ်ကျခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတယောက်သေဆုံးပြီး လူ၎ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယာဉ်တိမ်းမှောက် တဲ့ နေရာကို ရောက်ရှိခဲ့တဲ့ လက်ဆေးကန်တောင်ပေါ် မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားပေါ်မှာ ယာဉ်မောင်းအပါအ၀င် လူ ၁၁ ဦး လိုက်ပါခဲ့တာဖြစ်ပြီး လက်ဆေးကန် တောင်အဆင်း မိုင်တိုင်အမှတ် ၂၂ မိုင် အနီးမှာ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အသက် ၃၅ နှစ်ခန့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား၃ဦး အမျိုးသမီးတစ်ဦးစုစုပေါင်း လူလေးဦးဟာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့လို့ ကလေးမြို့ ပြည်သူ့ဆေးရုံ မှာ တက်ရောက် ဆေးကုသမှု ခံယူနေတယ်လို့ ကန်အောင်ကျေးရွာတာဝန်ခံ ဦးခင်မောင်ဝင်း က ပြောပါတယ်။

ဒီဖြစ်စဉ် နဲ့ ပတ်သတ်လို့ စခန်းကြီးနယ်မြေရဲကင်း ကို ဆက်သွယ်မေးမြန်းရာမှာတော့ စခန်းမှူး ရဲအုပ်ခင်မောင်အေး က အသေးစိတ်စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ပြောပါတယ်။

#voiceofmyanmar #ကလေး #လက်ဆေးကန်#ကားမှောက်

Related posts

Leave a Comment

VOM News

FREE
VIEW