ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက် ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

ကလေး ဇန်​န၀ါရီ ၆-၂၀၁၉ မိုင်ချယ်ရီ (VOM) ဇန်​န၀ါရီ လ ၆ ရက်နေ့ ညနေ၄ နာရီ အချိန်လောက်က  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွင်းမှာရှိတဲ့ လက်ဆေးကန်တောင်ပေါ် ကို ဘုရာဖူးသွားရောက်ခဲ့သည့် ယာဉ်အမှတ် Skatအမျိုးအစား အဖြူရောင် ကားတစ်စီးဟာ ဘုရားဖူးအပြန် အရှိန်လွန်ကာ လမ်းညာဖက်ချောက်ထဲကို ပြုတ်ကျခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတယောက်သေဆုံးပြီး လူ၎ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယာဉ်တိမ်းမှောက် တဲ့ နေရာကို ရောက်ရှိခဲ့တဲ့ လက်ဆေးကန်တောင်ပေါ် မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားပေါ်မှာ ယာဉ်မောင်းအပါအ၀င် လူ ၁၁ ဦး လိုက်ပါခဲ့တာဖြစ်ပြီး လက်ဆေးကန် တောင်အဆင်း မိုင်တိုင်အမှတ် ၂၂ မိုင် အနီးမှာ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အသက် ၃၅ နှစ်ခန့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား၃ဦး…

Read More

ဧရာဝတီမြစ် ရေလမ်းကြောင်းကောင်းမွန်ရေး အတွက် ကျပ် သန်း(၁၇၀) အသုံးပြု လုပ်ဆောင်မည်

ကသာ ဇန်နဝါရီ ၆-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်အတွင်း သဲသောင်ဖြစ်ထွန်းတာ များပြားလွန်းလာတာကြောင့် ရေလမ်းကြောင်း ကောင်းမွန်စေဖို့အတွက် အုန်းပင်ရဲ့ပင်စည်တွေနဲ့ ပြုလုပ်ထားတဲ့ အုန်းတုံး ရေလွှဲရေကာတာ လုပ်ငန်းကို ကသာမြို့ရေလမ်း နယ်မြေအတွင်း ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ် ။ ကသာမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ဟာ အနယ်ကျမှုတွေ များလာတာကြောင့် သဲသောင်ဖြစ်ထွန်းမှုတွေ များပြားလာပြီး နှစ်စဉ်လိုလို  ဧရာဝတီမြစ်ရေလမ်းကြောင်း ကြပ်တည်းလာပါတယ် ။ ရေလမ်းကြောင်း ကောင်းမွန်လာစေဖို့ အတွက် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေ ကျပ် သန်း(၁၇၀) နဲ့ ဒေသ(၅) မန္တလေးတိုင်ရုံး ရဲ့ ကြီးကြပ်မှု နှင့်အတူ အုန်းတုံး ရေလွှဲရေကာတာ လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း…

Read More

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၁၂၆ ဦးအထိရှိလာ

မနီလာ၊ ဇန်န၀ါရီ-၆-၂၀၁၉ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးတာတွေ၊ မြေပြိုတာတွေကြောင့် သေဆုံးသူ ၁၂၆ ဦးအထိမြင့်တက်လာကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ဇန်န၀ါရီ ၆ ရက်ကပြောပါတယ်။ မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့ကို  ဒီဇင်ဘာ ၂၉ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြီးအကျယ်ရေလွှမ်းမိုးခြင်းတာနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။ မနီလာမြို့ အရှေ့တောင်ဘက်ရှိ တောင်ထူထပ်တဲ့ ဘီကိုးဒေသမှာ လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့  ဒေသတွင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။ လူ ၂၆ ဦးကတော့ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးသူအရေအတွက် နောက်ထပ်မြင့်တက်လာနိုင်တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပိုဆားဒက်က ပြောပါတယ်။ မုန်တိုင်းကြောင့် လူ ၁၅၂၀၀၀ မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၇၅ ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။  ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်းတွေ…

Read More

ကျပ်ငွေ(၁၀၀)ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားတဲ့ မိုးထိမိုးမိ သတ္တုမိုင်းအတွင်း တရားမ၀င် ခိုးယူတူးဖော်မှု လာဘ်ပေးလာဘ်ယူမှုတွေရှိနေ

နေပြည်တော်၊ဇန်နဝါရီ ၆-၂၀၁၉ ဒီပ(နေပြည်တော် VOM) တိုင်းရင်းသား လုပ်ငန်းရှင်းများရဲ့ ငွေကြေးအရင်းအနှီးများ နိုင်ငံသားပိုင် ကမ္ဘောဇဘဏ်ကနေ ချေးငွေများနဲ့ ကျပ်ငွေ(၁၀၀)ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားတဲ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်(A)အတွင်းမှာတော့ တရားမ၀င် ရွှေးခိုးတူးဖော်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်လို့ ရွှေမိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းချစ်က သတင်းထောက်များကို ပြောပါတယ်။ “ ပိတ်သိမ်းပြီးကတည်းက ခိုးတူးမှုတွေရှိတယ် ကျွန်တော်ကိုယ်တိုင် မြို့ကိုသွားပြီး အမှုဖွင့်ပေးရတာရှိတယ် သူတို့ဘာသာ ပြန်လွှတ်ပေးတာတွေရှိတယ် ကျွန်တော်တို့လည်း မ၀င်ရဘူး သူတို့နဲ့အဆင်ပြေတဲ့သူ ရှိခဲ့ရင်လည်း ၀င်ထွက်လို့ရတယ် ပေးကြေးတွေနဲ့ တစ်နာရီကိုဘယ်လောက် တစ်ရက်တစ်ညကို ဆယ်နှစ်သိန်း ဆယ်ငါးသိန်း ပေးကမ်းမှုတွေကို ကြားနေရတယ်” ဟု ဦးဝင်းချစ်က ပြောပါတယ်။ လုပ်ကွက်(A)အတွင်း တရားမ၀င် ရွှေသတ္တု ခိုးယူတူးဖော်မှုနဲ့ပတ်သက်ပြီး အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီလီမီတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ မိမိတို့ရဲ့ လုပ်ကွက်အတွင်း တရားမ၀င်…

Read More

မူးယစ်ဆေးဝါးသုံးစွဲလို့ မလေးရှားကာကွယ်ရေးဝန်ကြီးရဲ့သား အဖမ်းခံရ

ကွာလာလမ်ပူ၊ ဇန်န၀ါရီ-၆-၂၀၁၈ မျိုးဆက် (VOM) မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဖျော်ဖြေရေးနေရာတစ်ခုကို ဇန်န၀ါရီ ၅ ရက်မှာ ရဲတပ်ဖွဲ့က ၀င်ရောက်စီးနှင်းရာ အဖမ်းခံရတဲ့ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူ ရဲ့ သားဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့ကိုဖမ်းဆီးချိန်မှာ ကာကွယ်ရေးဝန်ကြီးရဲ့ အသက် ၃၁ အနှစ်အရွယ်သားဖြစ်သူဟာ အသက် ၃၃ နှစ်အရွယ် အခြားအမျိုးသားတစ်ဦးနှင့်အတူရှိနေပြီး ဆေးခြောက်သုံးစွဲထားကြပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုမှာ သားဖြစ်သူ အဖမ်းခံခဲ့ရကြောင်း မလေးရှားကာကွယ်ရေ၀န်ကြီး မိုဟာမက်ဆာဘူက ကြေညာချက်တစ်ရပ်မှာ အတည်ပြုပြောဆိုပါတယ်။ သားဖြစ်သူ ထိန်းသိမ်းခံရပြီးနောက် ၎င်းနဲ့ မိသားစုတို့ဟာ တာဝန်ရှိသူတွေထံသွားရောက်ပြီး တည်ဆဲဥပဒေများအတိုင်းအရေးယူဖို့ ပြောဆိုခဲ့ကြောင်း၊ သားဖြစ်သူဟာ အခြားသူများကဲ့သို့ပင် နိုင်ငံရဲ့ ဥပဒေ အရ ပြစ်ဒါဏ်စီရင်ခံရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဘူက ပြောပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုအားလုံးမှာတော့ အမျိုးသမီး ၅၅ ဦးနဲ့ အမျိုးသား…

Read More

ပါးရိုးခွဲစိတ်ချင်နေတဲ့ နန်းသီရိမောင်

ရန်ကုန် ဇန်နဝါရီ ၆-၂၀၁၉ Sexy ပုံလန်းလန်းလေးတွေကြောင့် ပရိတ်သတ်စိတ်စားခြင်းခံရတဲ့ မော်ဒယ်လ်အဆိုတော် နန်းသီရိမောင်ကတော့  နန်းလေး ခုမျက်နှာပေါ်က ပါးရိုးကို ခွဲစိတ်ချင်နေတယ်လို့ ဆိုပါတယ်။ ” နန်းကလှပအောင် ပြုပြင်လာတာကို ထောက်ခံပါတယ်။ မလှတော့တဲ့ မိန်းကလေးတွေ လှသွားတာ၊ ပိုပြီး လှလှဖြစ်သွားတာမြင်ရတာ ၀မ်းသာပါတယ်။ Filler ထိုးတာဆိုရင် နန်းနှုတ်ခမ်းကို ထိုးထားပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်။ ငယ်ငယ်လေးက နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်တာကို ရူးသွတ်ခဲ့တယ်။ နှုတ်ခမ်းတွေကို စုပ်ခွက်လေးနဲ့လည်း လုပ်ဖြစ်ပါတယ်။ အခုကျတော့ ကိုယ့်အတွက်အန္တရာယ် မရှိတာကြောင့် ထိုးသွားတယ်”လို့ ဆိုပါတယ်။ သူမကတော့ ”အချစ်ကဘာလဲ” တစ်ကိုယ်အခွေထွက်ထားသလို ဒုတိယတေးအယ်လ်ဘမ် ထွက်ဖို့လည်း သီချင်းတွေ စုနေတယ်လို့သိရပါတယ်။ ဟော့နေတဲ့ ဓာတ်ပုံလန်းလန်းတွေ ပတ်သက်ပြီးတော့ ” နန်းနန်းရဲ့ ပုံလေးတွေ ဟော့ခဲ့တာကတော့ ပရိသတ်အကြိုက်ပေါ့နော်။ ဟော့တဲ့အချိန်လည်း ဟော့ မယ် ၊…

Read More

ဂဏန်းဈေးကျလို့ ရေလုပ်သားတွေ တွက်ခြေမကိုက်ဖြစ်နေ

  စစ်တွေ၊ ဇန်နဝါရီ ၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ ရေငန်ဂဏန်းကောင်တွေကို ပုံမှန်ဈေးနှုန်းထွက်လျှော့ပြီး ဝယ်ယူနေတဲ့အတွက် ဒေသတွင်းက ဂဏန်းရှာတဲ့ ရေလုပ်သားတွေအနေနဲ့ တွက်ခြေမကိုက်ဖြစ်နေပါတယ်။ ယခင်က ဂဏန်းအကြီးတစ်ကောင်ကို ကျပ်တစ်ထောင်ကျော်နဲ့ အငယ်တစ်ကောင်ကို ကျပ် ၇၀၀-၅၀၀ ဈေးနှုန်းအထိ ရရှိနေခဲ့ရာကနေ ပြီးခဲ့တဲ့လအကုန်ပိုင်းကစတင်ပြီးတော့ အကြီးတစ်ကောင်ကို ကျပ် ၇၀၀ ဈေးအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဂဏန်းရှာတဲ့သူတွေက ဂဏန်းတွေဈေးကောင်းရနေမှ တွက်ခြေကိုက်တာပါ။ အရင်က ၁၀၀၀ ကျပ်နဲ့ ရောင်းရတဲ့ အရွယ်အစားတွေကို အခု ၇၀၀ ပဲပေးဝယ်နေတော့ တွက်ခြေမကိုက်ဖြစ်တာပေါ့။ ပြီးတော့ ဂဏန်းတွေက လည်း များများစားစားရှာလို့ရနေတာမဟုတ်ဘူး။ အဝယ်ဒိုင်တွေက ဈေးလျှော့ဝယ်နေတော့ ကျွန်တော်တို့လဲ သူတို့ပေးတဲ့ ဈေးတွေနဲ့ပဲ ရောင်းရတာပေါ့။”လို့ ဂဏန်းရှာသမား ဦးမောင်ထွန်းစိန်က ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းကထွက် ဖမ်းဆီးရရှိတဲ့ဂဏန်းတွေကို ရန်ကုန်-မူဆယ်နဲ့ တခြားဒေသတွေကို တင်ပို့ရောင်းချ…

Read More

ရတနာပုံ တက္ကသိုလ်နဲ့ မီဒီယာ

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့မှာ သတင်းမီဒီယာနဲ့ ပညာရေးအဖွဲ့အစည်း နှစ်ခုကြား ပွတ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ မန္တလေးအခြေစိုက် သတင်းသမားတွေနဲ့ ရတနာပုံတက္ကသိုလ်က ပညာရေးဝန်ထမ်းတချို့ကြားက ပြဿနာ ဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းကို ပြောရရင် ဒီဇင်ဘာ ၂၈ ရက်က ရတနာပုံတက္ကသိုလ်မှာရှိတဲ့ ကျောင်းသားအချို့ကနေ တက္ကသိုလ်လုံခြုံရေးကိစ္စနဲ့ သန့်ရှင်းရေးကိစ္စတွေ စပ်လျဉ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြတဲ့နေရာကိုသတင်းသမားအချို့ သတင်းသွားယူခဲ့ပါတယ်။ ဆန္ဒပြသူကပြ သတင်းယူတဲ့သူကယူနေတဲ့အချိန် ဆန္ဒပြပွဲနားမှာစောင့်ကြပ်နေတဲ့ တက္ကသိုလ်ဆရာမတယောက်က  သတင်းသမားတွေကိုရည်ရွယ်ပြီး စိတ်လိုက်မာန်ပါစကားတချို့ပြောခဲ့ပါတယ်။ အဲဒီစကားကြောင့် သတင်းသမားတွေက မကျေမနပ်ဖြစ်ပြီး ဆရာမပြောခဲ့တဲ့ စကားတွေအတွက် တာဝန်ခံပြီး တောင်းပန်ပေးဖို့ စာထုတ်ပြန်တဲ့ထိဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ဆရာမ ပါမောက္ခရဲ့ ပြောစကားတွေအတွက် မန္တလေးအခြေစိုက် သတင်းသမားတွေက တက္ကသိုလ်တာဝန်ရှိသူထံ ဖြေရှင်းပေးဖို့ သွားရောက်တွေ့ဆုံပြောကြားဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေခဲ့လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားအကူအညီတောင်းတဲ့ထိဖြစ်ခဲ့ပါတယ်။ ဒီကစပြီး အဖွဲ့အစည်းနှစ်ခုကြား ပြဿနာပုံစံကို ဦးတည်သွားခဲ့ပါတယ်။ အဖွဲ့အစည်းနှစ်ခုအကြား ပွတ်တိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့…

Read More
VOM News

FREE
VIEW