ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၁၂၆ ဦးအထိရှိလာ

မနီလာ၊ ဇန်န၀ါရီ-၆-၂၀၁၉

မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးတာတွေ၊ မြေပြိုတာတွေကြောင့် သေဆုံးသူ ၁၂၆ ဦးအထိမြင့်တက်လာကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ဇန်န၀ါရီ ၆ ရက်ကပြောပါတယ်။

မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့ကို  ဒီဇင်ဘာ ၂၉ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြီးအကျယ်ရေလွှမ်းမိုးခြင်းတာနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။ မနီလာမြို့ အရှေ့တောင်ဘက်ရှိ တောင်ထူထပ်တဲ့ ဘီကိုးဒေသမှာ လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့  ဒေသတွင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။

လူ ၂၆ ဦးကတော့ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးသူအရေအတွက် နောက်ထပ်မြင့်တက်လာနိုင်တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပိုဆားဒက်က ပြောပါတယ်။

မုန်တိုင်းကြောင့် လူ ၁၅၂၀၀၀ မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၇၅ ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။  ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်းတွေ အပါအ၀င် မုန်တိုင်း ၂၀ ခန့်တိုက်ခတ်လေ့ရှိပြီး  လူ ရာပေါင်းများစွာသေဆုံးနေကြပါတယ်။

မုန်တိုင်းကြောင့် အသေအပျောက်အများဆုံးအဖြစ် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတစ်လျှောက် စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်ခဲ့ပြီး လူပေါင်း ၇၃၆၀ မှာ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခဲ့ရပါတယ်။

Ref : AFP

Photo : AFP

#voiceofmyanmar#ဖိလစ်ပိုင်မုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW