‘အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်တဲ့ ဇင်ဝိုင်း’

ရန်ကုန် ဇန်နဝါရီ ၉-၂၀၁၉ သင်းသဒ္ဒါ(VOM) ၂၀၁၉ ခုနှစ်မတ်လတွင် ကျင်းပသွားမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဇင်ဝိုင်းက အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်ပါတယ်လို့ ဆိုပါတယ်။ ၂၀၁၈ အကယ်ဒမီ နဲ့ ပတ်သက်ပြီး ”ကျွန်တော် အမှန်တရား ပိုမိုနီးစပ်လာအောင် ၊ တရားမျှတခြင်း ပိုမိုရှိလာအောင် အဂတိတရားကင်းအောင် ဒီဟာကိုအတတ်နိုင်ဆုံး ကျွန်တော်ကြိုးစားပါတယ်၊ အရင်နှစ်တွေ အကယ်ဒမီပေးတာထက်စာရင် ပိုမိုပြီး အမှန်တရားနဲ့ နီးစပ်ပါလိမ့်မယ်”လို့ဆိုပါတယ်။ ၂၀၁၈ အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ဇာတ်ကားပေါင်း ၈၃ ကားကို ပထမအဆင့် စစ်ဆေးမှုတွေစတင် လုပ်ဆောင်နေပြီး  မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကိုတော့ ၁၁(သို့) ၁၃ ဆုချီးမြှင့် သွားမယ်လို့သိရပါတယ်။ တစ်နှစ်နဲ့တစ်နှစ် ဝေဖန်မှုတွေ မများအောင်”အတက်နိုင်ဆုံး လုပ်ဆောင်ထားပေမယ့် ဝေဖန်မှုဆိုတာ လူတိုင်းရှိမှာပါ၊ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ မှ မဟုတ်ပါဘူး၊ ကျန်တဲ့…

Read More

ရိုးရာအ၀တ်အစားတွေ ထိန်းသိမ်းဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်လို့ သဘင်ပညာရှင်များအသင်း ဥက္ကဌ ဖိုးချစ် ပြော

  ရန်ကုန် ဇန်နဝါရီ ၉-၂၀၁၉ သင်းသဒ္ဒါ(VOM) မြန်မာနိုင်ငံသဘင်ပညာရှင်များအသင်း ဥက္ကဌ အဖြစ်ထမ်းဆောင်နေတဲ့ မင်းသား ဖိုးချစ်ကတော့ ” ရိုးရာ အ၀တ်အစားတွေ ထိန်းသိမ်းဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်လို့ ဆိုပါတယ်။ ”ကျွန်တော်အနေနဲ့ ပွဲသုံးပွဲကပြပြီးရင်တော့ အလုပ်ရုံဆွေးနွေးမှာပါ၊ ပုဂံခေတ်က အဝတ်အစားတွေမှာ နံရံဆေးရေးပန်းချီတွေရှိတယ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှာလည်း ဒီလိုအဝတ်အစားတွေ ရှိပါတယ်၊ ပြည်သူတွေ ကြားထဲပြန့်နှံဖို့က ဝန်ကြီး ဌာနမှာ သိမ်းထားရုံနဲ့မဖြစ်နိုင်ပါဘူး၊ တချို့အနုပညာပစ္စည်းတွေက မတို့မထိရတာရှိသလို တချို့က တို့ထိပြီးပြောင်းလဲရမှာရှိတယ်”လို့ဆိုပါတယ်။ လက်ရှိမှာ ထာဝရဝိန့်စိန်အတူ ပူးပေါင်းပြီးတော့ ပညာရေးအတွက်လိုအပ်သည့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်မယ်လို့ သိရပါတယ်။ ” ပုဂံခေတ်က အဝတ်အစားတွေကို မီငြမ်းပြီးပြည်သူ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ချပြဖို့အချိန် တန်ပြီလို့ ထင်ပါတယ်၊ ကျွန်တော်တို့ ဇာတ်သဘင်လောက အရင်စပါမယ်၊ ဘောကြယ်ထိုးတဲ့ အဝတ်အစားတွေကို အရင် ပြောင်းလဲမယ်၊ ပညာရှင်တွေ အတည်ပြု ဆွေးနွေးပြီးပြောင်းလဲမှာပါ၊…

Read More

၂၀၂၀ မှာချစ်သူနဲ့ မင်္ဂလာဆောင်မယ့် ညီညီမောင်စမ်းချောင်း

ရန်ကုန် ဇန်နဝါရီ ၉- ၂၀၁၉ သင်းသဒ္ဒါ(VOM) မိတ်ကပ်အလှဖန်တီးရှင် တစ်ဦးဖြစ်တဲ့ ညီညီမောင်စမ်းချောင်းကတော့ သူ့ချစ်သူနဲ့အတူ မင်္ဂလာပွဲကြီးကိုတော့ ၂၀၂၀ မှာပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ”၂၀၂၀ တကယ်ပါ၊တကယ်လည်း လက်မှတ်ထိုး ယူမှာပါ၊ခုလောလောဆယ်တော့ မသေချာသေးဘူးဆိုတာ မချပြချင်သေးလို့ပါ၊တည်မြဲခိုင်ခံတဲ့ Relationship တစ်ခုဖြစ် မင်္ဂလာပွဲကိုတော့ ၂၀၂၀မှာ ကျင်းပမှာပါ၊LGBT တစ်ယောက်အနေနဲ့ လူသားထဲကလူသားဆန်တဲ့ ပွဲလေးတစ်ခုကို အဲကြရင် ထုတ်ပြမှာပါ”လို့ဆိုပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်မိဘအသိပေးပွဲလေးတော့ လုပ်ပြီးပြီးလို့ သိရပါတယ်။ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အကယ်ဒမီ မြင့်မြတ် ၊အကယ်ဒမီ မင်းမော်ကွန်း တို့နဲ့အတူ ရိုက်ကူးနေလျှက်ရှိပါတယ်။၂၀၂၀ မှာ ဧည့်ခံပွဲတွေ Dinner ပွဲတွေ လူသားတိုင်းလုပ်တဲ့ ပွဲတွေလည်းလုပ်သွားမယ်လို့သိရပါတယ်။ ” Relationship တစ်ခုကတော့ ချစ်နေဖို့အဓိကပါ၊ ချစ်နေရင် ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်ကြည့်ကောင်းတာပါပဲ၊ မချစ်တော့ရင်တော့  ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်အပြစ်ဖြစ်လာတယ်၊ အချစ်ပဲလိုပါတယ်၊ မိန်းမလျာမှမဟုတ်ပါဘူး၊ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် မချစ်တော့ရင်…

Read More

အမေရိကန်နိုင်ငံရဲ့ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု ရှစ်နှစ်အတွင်း အမြင့်မားဆုံးဖြစ်နေ

ဝါရှင်တန်၊ ဇန်နဝါရီ ၉-၂၀၁၉ မျိုးဆက်(VOM) အမေရိကန်နိုင်ငံရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ လွန်ခဲ့တဲ့သုံးနှစ်က ကျဆင်းခဲ့ပြီးနောက် ၂၀၁၈ခုနှစ်အတွင်းမှာ ၃ဒသမ၄ရာခိုင်နှုန်းထိအောင် မြင့်တက်လာတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ စီးပွားရေးဆိုင်ရာ သုတေသနကုမ္ပဏီ Rhodium Group ရဲ့ ထုတ်ပြန်ချက်အရ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာတာဟာ ရှစ်နှစ်အတွင်းအမြင့်ဆုံး ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသနအချက်အလက်တွေမှာ ဖော်ပြထားချက်အရ အမေရိကန်ဟာ  ပါရီရာသီဥတုသဘောတူညီချက်အရ ၂၀၂၅ခုနှစ်အရောက်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချဖို့ ထားရှိတဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက်နိုင်ဖွယ်မရှိတာကိုပြသနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာ ၎င်းရဲ့ အစိုးရအဖွဲ့က လက်ရှိသဘာဝပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ငန်းစဉ်အများစုကို အဆုံးသတ်လိုက်ပြီး ၂၀၂၀ပြည့်နှစ်မှာတော့  အမေရိကန်ဟာ ပါရီသဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ စီစဉ်နေပါတယ်။ Rhodium ကဒီလိုအစီရင်ခံစာ ထုတ်ပြန်ထားချိန်မှာ  အခြားသောသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာကာဗွန်စီမံကိန်းအဖွဲ့ကလည်း ၂၀၁၈ခုနှစ်အတွင် အမေရိကန်ရဲ့ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ အလားတူတိုးမြင့်လာတာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar#အမေရိကန်နိုင်ငံရဲ့#ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုရှစ်နှစ်အတွင်းအမြင့်မားဆုံးဖြစ်နေ# Ref: BBC…

Read More

AA နှင့် ARSA ပူးပေါင်းနေခြင်းဟုပြောဆိုမှုမှာ လက်ခံနိုင်စရာအကြောင်းမရှိဟု ANP ပြော

စစ်တွေ၊ ဇန်နဝါရီ ၈-၂၀၁၉ ခိုင်လင်းစံ(VOM) နိုင်ငံတော်သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်မတော် AA ဟာ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ARSA အဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။ ARSA အကြမ်းဖက်အဖွဲ့အစည်းဟာ ရခိုင်ပြည်နယ်ရဲ့အစိပ်အပိုင်းဖြစ်တဲ့ မောင်တောခရိုင်ကို သီးခြားလွတ်လပ်တဲ့ အစ္စလာမ်နယ်မြေထူထောင်ရေးအတွက် အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရခိုင်အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သူတို့နဲ့ပူးပေါင်းနေတယ်လို့ ပြောဆိုခြင်းဟာ လက်ခံနိုင်စရာအကြာင်းမရှိကြောင်း ရခိုင်အမျိုးသားပါတီ ANP ကပြောကြားလိုက်ပါတယ်။ “ရခိုင်တွေဟာ ပထဝီနိုင်ငံရေးအမြင် ပြတ်ပြတ်သားသားနဲ့ ဘယ်တုန်းကမှ ဒီဘင်္ဂါလီတွေနဲ့ ပူးပါင်းလက်တွဲခဲ့တာမရှိခဲ့ဘူး၊ အဲဒါကြောင့် ARSA နဲ့လက်တွဲပြီးတော့ တိုက်တယ်ဆိုတာကတော့ ထင်ရှားတဲ့သက်သေသာဓကတွေ ပြဖို့လိုအပ်ပါတယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ မခိုင်မာဘဲနဲ့ မိမိအထင်နဲ့ပြောတာကတော့ တော်တော်လေးကိုး လွဲမှားတဲ့အယူအဆဖြစ်တယ်”လို့ ANP အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားလိုက်ပါတယ်။ ရက္ခိုင့်တပ်မတော်…

Read More

ဟုမ္မလင်းမြို့မ ဈေးသူဈေးသားများ စည်ပင်ကို ဆန္ဒပြ

ဟုမ္မလင်း၊ ဇန်​န၀ါရီ ၉-၂၀၁၉ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး  ဟုမ္မလင်းမြို့ မြို့မဈေးက ဈေးသူဈေးသားတွေ စုပေါင်းပြီးတော့ ဒီကနေ မနက် ၉ နာရီ ကျော် အချိန်က စတင် လူဦးရေ ၁၀၀ခန့် နဲ့ ဟုမ္မလင်းမြို့စည်ပင်သာယာရေးဌာန ကို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ဈေးသူဈေးသားတွေရဲ့ ဆန္ဒမပါပဲ ဈေးသစ်ဆောင်လုပ်ရန် ကြံစည်နေမှု ရပ်ဆိုင်းရေး၊သားငါးလိုင်စင်ခွန်များ လျော့ချရေး၊ဈေးသူဈေးသား ဆန္ဒမပါပဲ ဈေးမြေပေါ်တွင် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်မှု အလိုမရှိ ဆိုတဲ့ စာသားတွေပါဝင်တဲ့ ဆိုင်းဘုတ်တွေအပြင် အခြားတောင်းဆိုချက် ဆိုင်းဘုတ် ၁၀ခု ကိုင်ဆောင် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ “ကဏ္ဍတွေက တော်တော်များတယ်။အထွေထွေ မကျေနပ်မှုကနေ ပေါင်းစည်းလာတယ်လို့ ပြောရမယ်” လို့ ဆန္ဒပြပွဲ ဦးဆောင်ကျင်းပတဲ့ မရီရီမွန်က ပြောပါတယ်။ ဆန္ဒပြတဲ့ ဈေးသူဈေးသားတွေဟာ ဟုမ္မလင်းမြို့မဈေးရှေ့ကနေ စတင်ပြီး ဟုမ္မလင်းမြို့စည်ပင်သာယာရုံးရှေ့ထိ လမ်းလျှောက်ကာ စည်ပင်သာယာရုံးရှေ့ကနေပြီးတော့…

Read More
VOM News

FREE
VIEW