ရိုးရာအ၀တ်အစားတွေ ထိန်းသိမ်းဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်လို့ သဘင်ပညာရှင်များအသင်း ဥက္ကဌ ဖိုးချစ် ပြော

 

ရန်ကုန် ဇန်နဝါရီ ၉-၂၀၁၉

သင်းသဒ္ဒါ(VOM)

မြန်မာနိုင်ငံသဘင်ပညာရှင်များအသင်း ဥက္ကဌ အဖြစ်ထမ်းဆောင်နေတဲ့ မင်းသား ဖိုးချစ်ကတော့ ” ရိုးရာ အ၀တ်အစားတွေ ထိန်းသိမ်းဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်လို့ ဆိုပါတယ်။

”ကျွန်တော်အနေနဲ့ ပွဲသုံးပွဲကပြပြီးရင်တော့ အလုပ်ရုံဆွေးနွေးမှာပါ၊ ပုဂံခေတ်က အဝတ်အစားတွေမှာ နံရံဆေးရေးပန်းချီတွေရှိတယ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှာလည်း ဒီလိုအဝတ်အစားတွေ ရှိပါတယ်၊ ပြည်သူတွေ ကြားထဲပြန့်နှံဖို့က ဝန်ကြီး ဌာနမှာ သိမ်းထားရုံနဲ့မဖြစ်နိုင်ပါဘူး၊ တချို့အနုပညာပစ္စည်းတွေက မတို့မထိရတာရှိသလို တချို့က တို့ထိပြီးပြောင်းလဲရမှာရှိတယ်”လို့ဆိုပါတယ်။

လက်ရှိမှာ ထာဝရဝိန့်စိန်အတူ ပူးပေါင်းပြီးတော့ ပညာရေးအတွက်လိုအပ်သည့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်မယ်လို့ သိရပါတယ်။

” ပုဂံခေတ်က အဝတ်အစားတွေကို မီငြမ်းပြီးပြည်သူ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ချပြဖို့အချိန် တန်ပြီလို့ ထင်ပါတယ်၊ ကျွန်တော်တို့ ဇာတ်သဘင်လောက အရင်စပါမယ်၊ ဘောကြယ်ထိုးတဲ့ အဝတ်အစားတွေကို အရင် ပြောင်းလဲမယ်၊ ပညာရှင်တွေ အတည်ပြု ဆွေးနွေးပြီးပြောင်းလဲမှာပါ၊ ရတနာပုံခေတ်က ကနုတ်က ဘယ်လို သွားကအစပါ၊ ကျောက်မြတ်ဆိုလည်း တကယ့်အစစ်တွေနဲ့ ဇာတ်သဘင်ခုံပေါ် မှာအရင်ပြောင်းပါမယ်။ ပြည်သူလူထု သိရှိနိုင်ဖို့ ရုပ်ရှင်ရာဇဝင်ကား တကယ်လိုအပ်လာရင် ဒီဝတ်စုံတွေကို အကူအညီ ပေးပါမယ်”လို့ဆိုပါတယ်။

#voiceofmyanmar#ဖိုးချစ်#

ဓာတ်ပုံ -သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW