ဟိန်းကို(VOM)
ဒီဇင်ဘာ ၁၄ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ အသက်(၈)နှစ်အရွယ် မိန်းကလေးကို မန္တလေး-ပြင်ဦးလွင်လမ်း၊ ပြင်စာကျေးရွာနားက တောစပ်ကို ခေါ်ပြီး အဓမ္မပြုကျင့်ကာ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ သီဟနိုင်(ခေါ်)အသေးလေး အသက်(၂၉)နှစ်၊ (ဘ)ဦးကျော်သူအောင်ကို ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၄ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ရပ်စောက်မြို့မှာ ဖမ်းဆီးရမိတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ကျော်ကျော်လတ် က ပြောပါတယ်။
ဖမ်းဆီရမိတာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ VOMသတင်းဌာနက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေး ရဲ့ အိမ်ကို သွားရောက်မေးမြန်းရာ ” ကျွန်တော်တို့ကတော့ လက်တွေ့ခံစားရတဲ့သူလေ ခုသူ့ကိုဖမ်းမိပြီဆိုလည်း နောက်သူက ပြန်လွတ်လာလို့ရှိရင် ဒီကောင်က ဒီလိုမျိုးဆက်လုပ်နေအုံးမှာပဲလေ။ သူများသားသမီးတွေကိုလည်း ဒီလိုဆက်လုပ် စော်ကားနေအုံးမှာပဲလေ။ အမှုကျူးလွန်ပြီးရင် နောက်ထပ်ကျူးလွန်ဖို့က လွယ်သွားပြီလေ အဲ့တော့ကျွန်တော်တို့က တခါတည်း ကြိုးမိန့်ပဲချစေချင်တယ်” လို့ မိန်းကလေးရဲ့ မိခင်ဖြစ်သူ မသန်းသန်းလှကပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ သီဟနိုင်(ခ)အသေးလေး အသက်(၂၉)နှစ်၊ (ဘ)ဦးကျော်သူအောင်ကို ပြင်စာနယ်မြေရဲစခန်းမှာ(ပ)၁၈၂/၂၀၁၈၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆(မုဒိန်းမှုအတွက်ပြစ်ဒဏ်)၊ ပုဒ်မ-၃၆၃(လူခိုးမှုအတွက်ပြစ်ဒဏ်)၊ ပုဒ်မ-၃၂၅(မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုအတွက် ပြစ်ဒဏ်) တွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
#voiceofmyanmar#မန္တလေး#အသက်၈နှစ်အရွယ်မိန်းကလေးကိုအဓမ္မပြုကျင့်သူကိုဖမ်းဆီးရမိ