အသက်​(၈)နှစ်​အရွယ်​ မိန်းက​လေးအား အဓမ္မပြုကျင့်​ခဲ့သူကို ဖမ်းဆီးရမိ

မန္တ​လေး၊ ဇန်​နဝါရီ ၂၅-၂၀၁၉ ဟိန်းကို(VOM) ဒီဇင်​ဘာ ၁၄ရက်​​နေ့က ပြည်​ကြီးတံခွန်​မြို့နယ်​ထဲမှာ အသက်(၈)နှစ်အရွယ် မိန်းကလေးကို မန္တလေး-ပြင်ဦးလွင်လမ်း၊ ပြင်စာကျေးရွာနားက ​တောစပ်​ကို ​ခေါ်ပြီး အဓမ္မပြုကျင့်​ကာ ရိုက်​နှက်​နှိပ်စက်​ခဲ့တဲ့ သီဟနိုင်(​ခေါ်)အသေးလေး အသက်(၂၉)နှစ်၊ (ဘ)ဦးကျော်သူအောင်ကို ၂၀၁၉ခုနှစ်​ ဇန်​နဝါရီ ၂၄ရက်​​နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ရပ်စောက်မြို့မှာ ဖမ်းဆီးရမိတယ်​လို့ ပြည်​ကြီးတံခွန်​မြို့နယ်​ စက်​မှုနယ်​​မြေရဲစခန်း စခန်းမှူး ရဲအုပ်​​ကျော်​​ကျော်​လတ်​ က ​ပြောပါတယ်​။ ဖမ်းဆီရမိတာနဲ့ ပက်​သက်​ပြီး ကျွန်​​တော်​တို့ VOMသတင်းဌာနက အဓမ္မပြုကျင့်​ခံခဲ့ရတဲ့ မိန်းက​လေး ရဲ့ အိမ်​ကို သွား​ရောက်​​မေးမြန်းရာ ” ကျွန်​​တော်​တို့က​တော့ လက်​​တွေ့ခံစားရတဲ့သူ​လေ ခုသူ့ကိုဖမ်းမိပြီဆိုလည်း ​နောက်​သူက ပြန်​လွတ်​လာလို့ရှိရင်​ ဒီ​ကောင်​က ဒီလိုမျိုးဆက်​လုပ်​​နေအုံးမှာပဲ​လေ။ သူများသားသမီး​တွေကိုလည်း ဒီလိုဆက်​လုပ်​ ​စော်​ကား​နေအုံးမှာပဲ​လေ။ အမှုကျူးလွန်​ပြီးရင်​ ​နောက်​ထပ်​ကျူးလွန်​ဖို့က လွယ်​သွားပြီ​လေ အဲ့​တော့ကျွန်​​တော်​တို့က တခါတည်း ကြိုးမိန့်​ပဲချ​စေချင်​တယ်​” လို့ မိန်းက​လေးရဲ့…

Read More

ဒုတိယအကြိမ် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် Rဇာနည်ဝင်ရောက်လာ

ရန်ကုန် – ဇန်ဝါရီ ၂၅၊ ၂၀၁၉   The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲကို  လာမည့်ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။   ဒုတိယအကြိမ် ပြိုင်ပွဲရဲ့  အကဲဖြတ်ဒိုင်လူကြီးစာရင်းမှာ အဆိုတော် လင်းလင်းနေရာ အစား အဆိုတော် Rဇာနည် ဝင်ရောက်လာတာဖြစ်ပါတယ်။ ကျန် ဒိုင်လူကြီးတွေက နီနီခင်ဇော် ၊ ရန်ရန်ချမ်း ၊ဟန်ထူးလွင် တို့ပဲဖြစ်ပါတယ်။   ဒီပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ဇွန်လ ၁၆ ရက်အထိပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကို လျှောက်ထားသူ ၈,၀၀၀ ရှိတယ်လို့လည်းဆိုပါတယ်။ ဒီthe voice myanmar ပွဲကိုMPT ကအဓိက ပံ့ပိုးကူညီထားပါတယ်။   “ အဆိုဘက်မှာ ဝါသနာပါတဲ့လူငယ်တွေ အတွက်တော့ တကယ်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်။ ရွက်ပုန်းသီး လူငယ်တွေဖော်ထုတ်တာလည်းဖြစ်တယ်။ ကိုယ်ပိုင် တေးစီးရီးအခွေထုတ်ဖို့ဆိုတာ…

Read More

လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ဟိန္ဒူတွေနေရပ်မပြန်ဘူးလို့ပြော

စစ်တွေ၊ ဇန်န၀ါရီ ၂၅-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကျေင်းတက်လမ်းရပ်ကွက် ဟိန္ဒူဘုရားကျောင်းဝင်းအတွင်းမှာ နေထိုင်နေကြတဲ့ ဟိန္ဒူမိသားစု ၂၁ စုတို့ဟာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မောင်တောကို ပြန်မသွားဘူးလို့ပြောပါတယ်။ အဲဒီဟိန္ဒူမိသားစု ၂၁ စု၊ လူဦးရေ ၆၀ ဦးတို့ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း မောင်တောမြို့နယ်အတွင်းမှာ ဟိန္ဒူကျေးရွာသားတွေကို အကြမ်းဖက်သမားတွေ သတ်ဖြတ်ခဲ့တဲ့အတွက် ထွက်ပြေးရောက်ရှိလာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ အဲဒီလူတွေကို နေရပ်ပြန်ဖို့အတွက် အစိုးရက ညွှန်ကြားထားတာဖြစ်ပါတယ်။ “ကျွန်တော်တို့က ဒီစခန်းမှာနေတာ တစ်နှစ်ကျော်ရှိပြီ။ အခုပြန်ခိုင်းနေတယ်။ မပြန်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက ကျွန်တော်တို့အတွက် လုံခြုံမှုမရှိနိုင်ဘူး။ နောက်ပြီးတော့ မောင်တောရဲ့အခုလိုအခြေအနေမှာ မပြန်ရဲဘူး။ စစ်တွေမှာဘဲ ဒီလူတွေကို နေရာချထားပေးဖို့ အစိုးရကိုစာတင်ထားတယ်။”လို့ ဟိန္ဒူတစ်ဦးကပြောပါတယ်။ အဲဒီဟိန္ဒူမိသားစု ၂၁ စုတို့ဟာ မိသားစုတွေအကြမ်းဖက်သတ်ဖြတ်ခံလိုက်ရတဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက ခမောင်းဆိတ်၊ တမန်းသားစတဲ့ကျေးရွာသားတွေဖြစ်ကြပြီး…

Read More

တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောနှစ်စင်း အမေရိကန် စေလွှတ်

တိုင်ပေ၊ ဇန်န၀ါရီ-၂၅ မျိုးဆက် (VOM)   တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ယခုနှစ်အတွင်း ပထမဆုံးအဖြစ် ဇန်န၀ါရီ ၂၄ ရက်က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းပြီး စစ်သင်္ဘောနှစ်စင်းကို အမေရိကန်က စေလွှတ်လိုက်တယ်လို့ ထိုင်ဝမ် အစိုးရက ပြောပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုပြီး အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိဖို့ အတွက် စစ်ရေးအရ အင်အားအသုံးပြုလာနိုင်တဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်တို့အကြား ယခုကဲ့သို့  စစ်သင်္ဘောများ ခုတ်မောင်းသွားလာတာတွေကြောင့်  နောက်ထပ်တင်းမာမှုမြင့်တက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ အမေရိကန်စစ်သင်္ဘောတွေဟာ  ထိုင်ဝမ်ရေလက်ကြားမှ မြောက်ဘက်သို့ ခုတ်မောင်းခဲ့ပြီး အဆိုပါ ရေကြောင်းသွားလာမှုဟာ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၂၄ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြင်လယ်ပြင်လုံခြုံရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး သေချာစေရေးအတွက် အမေရိကန်ရဲ့ အဆိုပါစစ်ဆင်ရေးကို ထိုင်ဝမ်က အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ယင်းသို့လုပ်ဆောင်မှုက ထိုင်ဝမ်နဲ့…

Read More

ဗင်နီဇွဲလားအရေး ပြည်ပနိုင်ငံတွေ အဖျက်သဘောနှောင့်ယှက်နေတယ်လို့ ရုရှားသမ္မတ ပူတင်ဝေဖန်

  မော်စကို၊ ဇန်န၀ါရီ-၂၅၊ ၂၀၁၉ မျိုးဆက် (VOM)   ဗင်နီဇွဲလားနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရအား ထောက်ခံသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သမ္မတ နီကိုးလပ်မာဒူရိုနဲ့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုခဲ့ချိန်မှာ အာမခံလိုက်ပြီး ပြည်ပနိုင်ငံတွေက ဗင်နီဇွဲလားနိုင်ငံပြည်တွင်းရေးကို အဖျက်သဘော ၀င်ရောက်စွက်ဖက်နေတဲ့အပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအကြပ်အတည်းဖြစ်ပေါ်နေတဲ့ ယခုလိုအချိန်မှာ ဗင်နီဇွဲလားရဲ့ တရားဝင် အဖွဲ့အစည်းအာဏာပိုင်တွေ ကို ထောက်ခံတယ်လို့  ရုရှားသမ္မတက ထုတ်ဖော်ပြောဆိုပါတယ်။ အဆိုပါအကြပ်အတည်းတွေဟာ  နိုင်ငံတကာ ဥပဒေတွေရဲ့ အခြေခံအကျဆုံး စံချိန်စံညွှန်းတွေကို ချိုးဖောက်ပြီး ပြည်ပနိုင်ငံတွေက အဖျက်သဘောနဲ့ ဝင်ရောက်စွက်ဖက်တာတွေကြောင့် ဖြစ်ပေါ်လာတာလို့ ပူတင်က ဆိုပါတယ်။ ဒါ့အပြင် ရုရှားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့အကြား နယ်ပယ်ကဏ္ဍအများအပြားမှာ  နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ အတွက်လည်း ၎င်းတို့နှစ်ဦးက သဘောတူလိုက်ကြပါတယ်။ ဗင်နီဇွဲလားမှာ  နိုင်ငံရေးအကြပ်အတည်း လပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နေစဉ်ချိန်မှာ မာဒူရိုအနေဖြင့် သမ္မတအဖြစ် ခြောက်နှစ်ကြာ ဆက်လက်ထမ်းဆောင်ဖို့…

Read More

အမေရိကန် အစိုးရအဖွဲ့လုပ်ငန်းတွေ ပြန်ဖွင့်ရေး ဥပဒေမူကြမ်းနှစ်ရပ် အထက်လွှတ်တော် ပယ်ချ

  ဝါရှင်တန်၊ ဇန်နဝါရီ-၂၅ မျိုးဆက် (VOM)   အမေရိကန်အထက်လွှတ်တော်ဟာ  အစိုးရအဖွဲ့ပိတ်သိမ်းခြင်းကို အဆုံးသတ်စေမယ့်  ဥပဒေမူကြမ်းနှစ်ရပ်ကို ပယ်ချလိုက်တာကြောင့်  ပြည်ထောင်စုဌာနတွေ စံချိန်တင်ပိတ်သိမ်းထားတဲ့ အခြေအနေမှာ အဆုံးမသတ်နိုင်ဘဲဖြစ်နေပါတယ်။ ရီပတ်ဘလစ်ကန်တွေဘက်က တင်သွင်းတဲ့ ဥပဒေကြမ်းမှာ  မဲအရေအတွက် ၅၀-၄၇ မဲနဲ့ ရှုံးနိမ့်ပြီး၊ ဒီမိုကရက်တစ်တွေဘက်က ဥပဒေ မူကြမ်းကတော့ ၅၂-၄၄ မဲနဲ့  ပယ်ချခံလိုက်ရပါတယ်။ အဆိုပါဥပဒေမူကြမ်းနှစ်ရပ်လုံး ထောက်ခံအတည်ပြုရေးအတွက် ထောက်ခံမဲ ၆၀ ရရှိရန် လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိတ်သိမ်းထားတဲ့ အစိုးရလုပ်ငန်းတွေက အလုပ်သမား ရှစ်သိန်းကျော်ဟာ ၎င်းတို့ရဲ့ လုပ်ခလစာများရရှိရေးအတွက် ကြိုးပမ်းနေကြပြီး  လစာထုတ်ရက်မှာ  လစာရနိုင်ဖွယ် အခြေအနေမရှိဖြစ်နေပါတယ်။ အစိုးရအဖွဲ့လုပ်ငန်းတွေ ပိတ်သိမ်းမှုဟာ ရက်ပေါင်း ၃၄ရက်အကြာမှာတောင်  အဆုံးသတ်ဖို့ လမ်းမမြင်ဘဲ ဒါဟာ အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံး အစိုးရအဖွဲ့ ပိတ်သိမ်းမှုလည်းဖြစ်ပါတယ်။ အိမ်ဖြူတော်အမတ်လောင်းတစ်ဦးနဲ့ ယူတာအထက်လွှတ်တော်အမတ် မစ်ရွမ်နေတို့အပါအဝင် ရီပတ်ဘလစ်ကန်အမတ်ခြောက်ဦးတို့က…

Read More

ပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဟန်ထူးလွင် ဆို

ရန်ကုန် ဇန်န၀ါရီ ၂၅ -၂၀၁၉ သင်းသဒ္ဒါ   ဟစ်ဟော့ပ် ဂီတတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ အဆိုတော် ဟန်ထူးလွင်(ခ) ကျားပေါက်ကတော့ ပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဆိုပါတယ်။ “ပြိုင်ပွဲကတက်လာတဲ့ အဆိုရှင်နဲ့ အပြင်လောကကနေ ဂီတတခုကို ဇောက်ချရုန်းကန် အချိန်ကုန်ခံ တက်လာတဲ့ ပုံစံချင်မတူနိုင်ပါဘူး။ မြူးဇစ်ပေါ်မြင်တဲ့အမြင်ရော ပရိသတ်က သူတို့မြင်တာရော၊ လေ့လာမှု ကလည်း အချိန်ကြာလာရင် ကွာခြားလာပါတယ်။ ပရိသတ် မှတ်မိပြီးဆိုတာက ကိုယ့်က အတင်း ပြေးရမှာပါ။ ပြိုင်ပွဲပြီးလို့ အနုပညာအလုပ်ကပြီးသွားတာ မဟုတ်ပါဘူုး။ ပြိုင်ပွဲပြီးမှ အနုပညာ အလုပ်တိုင်က စတိုင်ပတ်မှာပါ”လို့ဆိုပါတယ်။ သူကတော့ The Voice Myanmar Season 1 မှာ လက်ရှိ Coachအဖြစ် လုပ်ဆောင်နေသလို Saeson 2 မှာလည်း ဆက်လက်ပါဝင်ဆောင်ရွက်နေပါတယ်။ မျိုးဆက်သစ်…

Read More

မသန်စွမ်းနဲ့ ဝှီးချဲသမားတွေပါ အသုံးပြုနိုင်မယ့် Disabled Bus ပြေးဆွဲမယ်

ရန်ကုန်- ဇန်နဝါရီ ၂၅၊ ၂၀၁၉ ကျန်းမာရေးမကောင်းသူ၊သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်တွေနဲ့ မသန်စွမ်းသူတွေအပြင် ဝှီးချဲသမားတွေပါ စီးနင်းနိုင်မယ့် Disabled Bus ကို YBS 21 ယာဉ်လိုင်းက ရန်ကုန်မြို့မှာ စတင်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။   Disabled Bus ပြေးဆွဲနိုင်ဖို့အတွက် YRTA ထံ ဇန်နဝါရီလ ၂၄ ရက်က တရားဝင်စာတင်ထားပြီး ခွင့်ပြုချက်ရတာနဲ့ စတင်စမ်းသပ် ပြေးဆွဲမယ်လို့ YBS 21 ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးကပြောပါတယ်။   ” ကား ၁၀ စီးနဲ့စဆွဲမယ်။ကားအောက်ပိုင်းက လေအိတ်ဖြစ်လို့ ဝှီးချဲသမားတွေတက်မယ်ဆိုရင် ကားကညာဘက်ကို အနည်းငယ်နိမ့်စောင်းပေးမယ်။ဝှီးချဲ တက်ဖို့ လမ်းစနစ်ပေါ်မယ်။ တက်ပြီးရင် အော်တို ပြန်သိမ်းမယ်။ ယာဉ်မောင်းက ကားအော်တိုစနစ်ကို ထိန်းချုပ်ပေးမယ်။ အဓိက ကျန်းမာရေးမကောင်းတဲ့သူတွေပေါ့။ ဆေးရုံ ဆေးခန်းသွားတဲ့အခါ တက်စီငှါး တဲ့သူလည်းရှိတယ်။ မငှါးနိုင်တဲ့သူလည်းရှိတယ်။ အမြဲတမ်းကြီး ဘတ်စ်ကားစီးဖို့ကလည်း…

Read More

ဆန်အိတ်တွေ သယ်လာတဲ့ကားကိုးစစ်ဆေးရာ ဘင်္ဂါလီတွေဖမ်းမိ

အမ်း၊ ဇန်န၀ါရီ ၂၅-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုပို့ဆောင်မယ့် ဆန်အိတ်တွေသယ်ဆောင်လာခဲ့တဲ့ ၆ ဘီးယာဉ်တစ်စီးကို စစ်ဆေးရေးဂိတ်ကနေ စစ်ဆေးမှုပြုလုပ်ရာမှာ တရားမ၀င်လိုက်ပါလာခဲ့တဲ့ဘင်္ဂါလီ ၁၁ ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဘင်္ဂါလီတွေကို ဆန်အိတ်တွေနဲ့အတူ ကားပေါ်မှာသိုဝှက်သယ်ဆောင်လာခဲ့တာဖြစ်ပြီး ရန်ကုန်-စစ်တွေကားလမ်း စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ အမ်းမြို့နယ်အတွင်းက ကံမြင့်ကန်ဂိတ်မှာ ဇန်န၀ါရီ ၂၃ ရက်နေ့ည ၁၀ နာရီခွဲမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ “စစ်တွေကနေ ရန်ကုန်ကို ဆန်တွေသယ်လာတဲ့ ၆ ဘီးကားပေါ်မှာ အဲဒီဘင်္ဂါလီတွေကို ဆန်အိပ်တွေနဲ့အတူ ကားထဲမှာဝှက်ပြီးသယ်လာတာပါ။ ကျွန်တော်တို့ဂိတ်ကနေ စစ်ဆေးတဲ့အခါမှာ ဖမ်းမိတာဖြစ်ပါတယ်။ အကုန်လုံးက ၁၁ ဦးပါ။ ယာဉ်မောင်းနဲ့ ယဉ်နောက်လိုက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။”လို့ စစ်ဆေးရေးဂိတ်ကပြောပါတယ်။ အဲဒီဘင်္ဂါလီတွေဟာ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်ကြပြီး လူတစ်ဦးကိုကျပ် ၁၅ သိန်းစီပေးပြီးတော့ ရန်ကုန်ကို လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။ “သူတို့က မင်းပြားမြို့နယ်က တစ်ဦး၊ မြောက်ဦးမြို့နယ်က ၁၀ ဦးပါ။…

Read More

ဥရောပနိုင်ငံတွေကခရီးသွားတွေ မြန်မာနိုင်ငံဝင်ရင် ဆိုက်ရောက်ဗီဇာခွင့်ပြုနိုင်ဖို့  စစ်တမ်းကောက်ယူမယ်

ရန်ကုန် ဇန်နဝါရီ ၂၅-၂၀၁၉ TGH (VOM) Visa On Arrvial ဆိုက်ရောက်ဗီဇာနဲ့ဝင်ခွင့်ပြုသင့်တဲ့ အလားအလာကောင်းတဲ့ ဥရောပနိုင်ငံတွေကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက စစ်တမ်းကောက်ယူသွားမယ်လို့သိရပါတယ်။ Europe နိုင်ငံတွေကို စစ်တမ်းကောက်ယူပြီး ဆိုက်ရောက်ဗီဇာပေးနိုင်ဖို့အတွက်သက်ဆိုင်တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို တင်ပြသွားမယ်လို့သိရပါတယ်။ ဒီကိစ္စကို အောက်တိုဘာလတစ်ရက်နေ့မှာစတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဖြစ်စဉ်ကြောင့် ခရီးသွားလုပ်ငန်းထိခိုက်နိုင်လာတဲ့အခြေအနေမှာ ဥရောပနိုင်ငံတွေကို ဆိုက်ရောက်ဗီဇာခွင့်ပြုပေးတာဟာခရီးသွား ကဏ္ဍမြှင့်တင်ရာလည်းရောက်တယ်လို့သိရပါတယ်။ ဆိုက်ရောက်ဗီဇာခွင့်ပြုဖို့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဖြစ်တဲ့ ဦးသက်လွင်တိုးက ယခုလိုပြောပါတယ်။ “EU နိုင်ငံတွေထဲ ဂျာမန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဘယ်လဂျီယံ၊ ရုရှား   နိုင်ငံတွေကို ဆိုက်ရောက်ဗီဇာပေးဖို့။ ဗီဇာဖြေလျှော့ပေးလိုက်ရင်  တိုက်ရိုက်လေကြောင်းလိုင်းတွေ ဝင်မယ်။ ခရီးသွားလုပ်ငန်းအတွက်  အကျိုးရှိလာမယ်”။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာဆိုရင်  ဂျပန်၊ ကိုရီးယားနဲ့  တရုတ်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ခရီးသွားဧည့်သည်  ၃.၅၅ သန်းဝင်ရောက်ခဲ့ပါတယ်။ #voiceofmyanmar#EUနိုင်ငံတွေဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ကြိုးစားမည် ဓါတ်ပုံ MOHT  

Read More
VOM News

FREE
VIEW