ဆန်အိတ်တွေ သယ်လာတဲ့ကားကိုးစစ်ဆေးရာ ဘင်္ဂါလီတွေဖမ်းမိ

အမ်း၊ ဇန်န၀ါရီ ၂၅-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုပို့ဆောင်မယ့် ဆန်အိတ်တွေသယ်ဆောင်လာခဲ့တဲ့ ၆ ဘီးယာဉ်တစ်စီးကို စစ်ဆေးရေးဂိတ်ကနေ စစ်ဆေးမှုပြုလုပ်ရာမှာ တရားမ၀င်လိုက်ပါလာခဲ့တဲ့ဘင်္ဂါလီ ၁၁ ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီဘင်္ဂါလီတွေကို ဆန်အိတ်တွေနဲ့အတူ ကားပေါ်မှာသိုဝှက်သယ်ဆောင်လာခဲ့တာဖြစ်ပြီး ရန်ကုန်-စစ်တွေကားလမ်း စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ အမ်းမြို့နယ်အတွင်းက ကံမြင့်ကန်ဂိတ်မှာ ဇန်န၀ါရီ ၂၃ ရက်နေ့ည ၁၀ နာရီခွဲမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

“စစ်တွေကနေ ရန်ကုန်ကို ဆန်တွေသယ်လာတဲ့ ၆ ဘီးကားပေါ်မှာ အဲဒီဘင်္ဂါလီတွေကို ဆန်အိပ်တွေနဲ့အတူ ကားထဲမှာဝှက်ပြီးသယ်လာတာပါ။ ကျွန်တော်တို့ဂိတ်ကနေ စစ်ဆေးတဲ့အခါမှာ ဖမ်းမိတာဖြစ်ပါတယ်။ အကုန်လုံးက ၁၁ ဦးပါ။ ယာဉ်မောင်းနဲ့ ယဉ်နောက်လိုက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။”လို့ စစ်ဆေးရေးဂိတ်ကပြောပါတယ်။

အဲဒီဘင်္ဂါလီတွေဟာ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်ကြပြီး လူတစ်ဦးကိုကျပ် ၁၅ သိန်းစီပေးပြီးတော့ ရန်ကုန်ကို လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။

“သူတို့က မင်းပြားမြို့နယ်က တစ်ဦး၊ မြောက်ဦးမြို့နယ်က ၁၀ ဦးပါ။ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ပါတယ်။ တစ်ယောက်ကို ၁၅ သိန်းစီးပေးပြီးတော့ ရန်ကုန်ကိုလိုက်လာကြတာလို့ ပြောတာပေါ့။”လို့ စစ်ဆေးရေးဂိတ်က ပြောပါတယ်။

အဲဒီဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့သွားလာနေတဲ့ ဘင်္ဂါလီ ၁၁ ဦးကိုတော့ အမ်းမြို့နယ်ရဲတပ်ဖွဲ့က လ၀က ဥပဒေနဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း နေပြည်တော်နဲ့ ရန်ကုန်ကြား ကားလမ်းပေါ်မှာ အလားတူပုံစံမျိုးမိခဲ့ဘူးပါတယ်။

 

#voiceofmyanmar#တရားမဝင်ဘင်္ဂါလီတွေဖမ်းမိ

 

Related posts

Leave a Comment

VOM News

FREE
VIEW