ဥရောပနိုင်ငံတွေကခရီးသွားတွေ မြန်မာနိုင်ငံဝင်ရင် ဆိုက်ရောက်ဗီဇာခွင့်ပြုနိုင်ဖို့  စစ်တမ်းကောက်ယူမယ်

ရန်ကုန် ဇန်နဝါရီ ၂၅-၂၀၁၉

TGH (VOM)

Visa On Arrvial ဆိုက်ရောက်ဗီဇာနဲ့ဝင်ခွင့်ပြုသင့်တဲ့ အလားအလာကောင်းတဲ့ ဥရောပနိုင်ငံတွေကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက စစ်တမ်းကောက်ယူသွားမယ်လို့သိရပါတယ်။

Europe နိုင်ငံတွေကို စစ်တမ်းကောက်ယူပြီး ဆိုက်ရောက်ဗီဇာပေးနိုင်ဖို့အတွက်သက်ဆိုင်တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို တင်ပြသွားမယ်လို့သိရပါတယ်။ ဒီကိစ္စကို အောက်တိုဘာလတစ်ရက်နေ့မှာစတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဖြစ်စဉ်ကြောင့် ခရီးသွားလုပ်ငန်းထိခိုက်နိုင်လာတဲ့အခြေအနေမှာ ဥရောပနိုင်ငံတွေကို ဆိုက်ရောက်ဗီဇာခွင့်ပြုပေးတာဟာခရီးသွား ကဏ္ဍမြှင့်တင်ရာလည်းရောက်တယ်လို့သိရပါတယ်။

ဆိုက်ရောက်ဗီဇာခွင့်ပြုဖို့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဖြစ်တဲ့ ဦးသက်လွင်တိုးက ယခုလိုပြောပါတယ်။

“EU နိုင်ငံတွေထဲ ဂျာမန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဘယ်လဂျီယံ၊ ရုရှား   နိုင်ငံတွေကို ဆိုက်ရောက်ဗီဇာပေးဖို့။ ဗီဇာဖြေလျှော့ပေးလိုက်ရင်  တိုက်ရိုက်လေကြောင်းလိုင်းတွေ ဝင်မယ်။ ခရီးသွားလုပ်ငန်းအတွက်  အကျိုးရှိလာမယ်”။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာဆိုရင်  ဂျပန်၊ ကိုရီးယားနဲ့  တရုတ်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ခရီးသွားဧည့်သည်  ၃.၅၅ သန်းဝင်ရောက်ခဲ့ပါတယ်။

#voiceofmyanmar#EUနိုင်ငံတွေဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ကြိုးစားမည်

ဓါတ်ပုံ MOHT

 

Related posts

✕
VOM News

FREE
VIEW