ပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဟန်ထူးလွင် ဆို

ရန်ကုန် ဇန်န၀ါရီ ၂၅ -၂၀၁၉

သင်းသဒ္ဒါ

 

ဟစ်ဟော့ပ် ဂီတတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ အဆိုတော် ဟန်ထူးလွင်(ခ) ကျားပေါက်ကတော့ ပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဆိုပါတယ်။

“ပြိုင်ပွဲကတက်လာတဲ့ အဆိုရှင်နဲ့ အပြင်လောကကနေ ဂီတတခုကို ဇောက်ချရုန်းကန် အချိန်ကုန်ခံ တက်လာတဲ့ ပုံစံချင်မတူနိုင်ပါဘူး။ မြူးဇစ်ပေါ်မြင်တဲ့အမြင်ရော ပရိသတ်က သူတို့မြင်တာရော၊ လေ့လာမှု ကလည်း အချိန်ကြာလာရင် ကွာခြားလာပါတယ်။ ပရိသတ် မှတ်မိပြီးဆိုတာက ကိုယ့်က အတင်း ပြေးရမှာပါ။ ပြိုင်ပွဲပြီးလို့ အနုပညာအလုပ်ကပြီးသွားတာ မဟုတ်ပါဘူုး။ ပြိုင်ပွဲပြီးမှ အနုပညာ အလုပ်တိုင်က စတိုင်ပတ်မှာပါ”လို့ဆိုပါတယ်။

သူကတော့ The Voice Myanmar Season 1 မှာ လက်ရှိ Coachအဖြစ် လုပ်ဆောင်နေသလို Saeson 2 မှာလည်း ဆက်လက်ပါဝင်ဆောင်ရွက်နေပါတယ်။

မျိုးဆက်သစ် အဆိုရှင်တွေအပေါ် အမြင်ပတ်သက်ပြီးတော့ ” မျိုးဆက်သစ် အဆိုရှင် အကုန်လုံးကို ပိုလှလာ တယ် အတွင်းသားပါးလာတယ်လို့ မြင်ပါတယ်။ သူတို့တွေက အပေါ်ယံပိုင်းမှာ တအားကို လှကြပါ တယ်။ အားလုံးက လှလှလေးနေပြီ လှလှလေးဆိုတတ်လာတယ်။ ရင်အတွင်းမှာ နက်နက်နဲနဲ လိုက်ရှာ ကြည့်လို့ မရပါဘူး။ ဒီအပိုင်းတွေကို ကျွန်တော်အားမရခဲ့ပါဘူး”လို့ ဆိုပါတယ်။

ကျားပေါက်တို့ခေတ်ကတော့ အပြင်မှာတော်တော်မလှပါဘူး။ ဒါပေမယ့် အတွင်းမှာတော့ နက်နက်နဲနဲ ရှာဖွေလို့ရတဲ့ အနုပညာရှင်တွေရှိတယ်လို့ မြင်ပါတယ် လို့ ဆိုပါတယ်။

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW