နျူကလီးယားအင်အားကြီး ငါးနိုင်ငံဆွေးနွေးပွဲ တရုတ်နိုင်ငံ မှာကျင်းပတော့မည်

ပေကျင်း၊ ဇန်န၀ါရီ-၂၆-၂၀၁၉

မျိုးဆက် (VOM)

ကမ္ဘာ့နျူကလီးယားအင်အားကြီး နိုင်ငံအကြား တရားဝင်တွေ့ဆုံပွဲတစ်ရပ်ကို တရုတ်နိုင်ငံက လက်ခံကျင်းပမယ်လို့  အတည်ပြုလိုက်ပြီး ဒီလိုတွေ့ဆုံတာဟာ နှစ်နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်တွေ့ဆုံခြင်းဖြစ်ပါတယ်။

တရုတ်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့မှ ကိုယ်စားလှယ်တွေဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးဆွေးနွေးဖို့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံကြမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က ဇန်န၀ါရီ ၂၅ ရက်က ပြောပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ နျူကလီးယားအင်အားကြီးနိုင်ငံတွေ အကြား ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နျူကလီးယားမပြန့်ပွားရေးစာချုပ်ကို ထိန်းသိမ်းသွားဖို့ဖြစ်ပြီး နျူကလီး ယားမဟာဗျူဟာ၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးတို့ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

ဒါ့အပြင် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂီရိုင်ကော့ဗ်ဟာ အမေရိကန်လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ လုံခြုံရေးဌာန ဒုတိယ၀န်ကြီး အန်ဒရီရာသွန်မဆင်နဲ့ တွေ့ဆုံမယ်လို့ ယခုသီတင်းပတ် အစောပိုင်းက ရုရှားနိုင်ငံရဲ့ ထုတ်ပြန်ချက်ကို လည်း အတည်ပြုလိုက်ပါတယ်။

သို့သော်  မြောက်ကိုရီးယားရဲ့  နျူကလီးယားစွန့်လွှတ်ရေး အားထုတ်လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ၎င်းက ပြောဆိုခဲ့တာတော့မရှိပါဘူ။ ဇန်န၀ါရီ ၂၅ ရက်က ထိုင်ဝမ်ရေလက်ကြားမှာ  အမေရိကန် စစ်သင်္ဘောနှစ်စင်း ခုတ်မောင်းဖြတ်သန်းပြီးနောက် ယင်းကိစ္စအပေါ် တရုတ်နိုင်ငံက စိုးရိမ်ပူပန်မိတယ်လို့ ဟွာချွန်းရင်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref : UPI

Photo : UPI

Related posts

✕
VOM News

FREE
VIEW