လေးရက်အတွင်း တရားမဝင်သွားလာနေတဲ့ ဘင်္ဂါလီ ၃၅ ဦးဖမ်းဆီးရမိ

စစ်တွေ၊ ဇန်နဝါရီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို အထောက်အထားမဲ့ ထွက်ခွာသွားနေကြတဲ့ ဘင်္ဂါလီ ၃၅ ဦးတို့ကို လေးရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်က ရန်ကုန်ကို ဆန်တွေသယ်ဆောင်လာခဲ့တဲ့ ကုန်တင်ယာဉ်ပေါ်မှာလိုက်ပါလာ တဲ့ ဘင်္ဂါလီ ၁၁ ဦးကို အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒ့ါအပြင် ၂၄ ရက်နေ့မှာ စစ်တွေမြို့နယ်အတွင်းကနေ မလေးရှားနိုင်ငံကို ရေကြောင်းခရီးကနေ လှေတွေနဲ့သွားရောက်ကြ မယ့် ဘင်္ဂါလီ ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးတို့ကို စစ်တွေမြို့ ဘာဆာရာကမ်းခြေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ “စစ်တွေမြို့နယ်အတွင်းကနေပြီးတော့ မလေးရှားကိုထွက်ဖို့ပြင်ဆင်နေကြတဲ့ ဘင်္ဂါလီ ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးကို ဘာဆာရာကမ်းခြေကနေပြီးတော့ ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၃ ရက်နေ့ ည ၈ နာရီလောက်မှာ လူစုနေတဲ့အချိန်…

Read More

သက်ငယ်မုဒိမ်းမှုကျူးလွန်​ပြီး ထွက်​​ပြေးတဲ့ ရဲဒု-တပ်​ကြပ်​ကို ရန်​ကုန်​-မန္တ​လေး အမြန်​လမ်း မှာ ဖမ်းဆီးရမိ

မန္တ​လေး၊ ဇန်​နဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) အသက်​၁၅နှစ်​အရွယ်​ မိန်းက​လေးကို ဇန်​နဝါရီလ ၂၂ ရက်​​နေ့ ညပိုင်းက သားမယာပြုကျင့်​မှုပြီး ထွက်​​ပြေး​နေတဲ့ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ အမှတ်​(၇)ရဲစခန်းက ရဲဒု-တပ်​ကြပ်​ ​တေဇာ​အောင်​ကို ဇန်​နဝါရီ ၂၅ ရက်​ ည​ပိုင်းက ရန်​ကုန်​-မန္တ​လေး အမြန်​လမ်း မိုင်​တိုင်​၆၆/၆ ဒိုက်​ဦးရဲစခန်းအပိုင်​မှာ ဖမ်းဆီးရမိတယ်​လို့ အမှတ်​(၇)ရဲစခန်းက​နေသိရပါတယ်​။ ” သူ့ကို ဇန်​နဝါရီ၂၅ ညပိုင်းက အမြန်​လမ်း ဒိုက်​ဦးရဲစခန်းအပိုင်​မှာ ဖမ်းမိပါတယ်​ ကျွန်​​တော်​တို့စခန်းက ဒု-ရဲအုပ်​ရဲ​မောင်​နဲ့ သူ့မိသားစုကရင်းနှီး​တော့ သူ့နဲ့အဆက်​သွယ်​ရ​အောင်​စည်းရုံးပြီး သူ့နဲ့ဖုန်းရ​တော့ ​​အကျိုးအ​ကြောင်း ​ပြော ​ဖြောင့်​ဖြစည်းရုံးပြီး​တော့ သူ့ကို​ခေါ်လာတယ်​” လို့ အမှတ်​(၇)ရဲစခန်းမှူး ရဲအုပ်​-ခင်​​ဇော်​က​ပြောပါတယ်​။ ရဲဒု-တပ်​ကြပ်​ ​တေဇာ​အောင်​ကို မိန်းက​လေးရဲ့ဖခင်ြ​ဖစ်​သူက တရားလိုပြုလုပ်​ကာ (ပ)၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃နဲ့ အမှုဖွင့်​တိုင်​တန်းထားတာဖြစ်​ပါတယ်​။ အသက်​(၁၆)နှစ်​မပြည့်​​သေးတဲ့ မိန်းက​လေးနဲ့ကာမစပ်​ယှက်​ရင်​ အလိုလို​နေရင်းမုဒိမ်းမှု​မြောက်​ပြီးသား ဖြစ်​တဲ့အတွက်​ မဟာ​အောင်​​မြေမြို့နယ်​၊ အမှတ်​(၇)ရဲစခန်းအပိုင်​ထဲမှာ…

Read More

တစ်နှစ်လျှင် ဒေါ်လာသန်း ၁၂၀ တရုတ်ကို အတိုးပေးရမယ့် ရထားလမ်းစီမံကိန်း မလေးရှားဖျက်သိမ်းလိုက်ပြီ

ကွာလာလမ်ပူ၊ ဇန်န၀ါရီ-၂၆ မျိုးဆက် (VOM) မလေးရှားနိုင်ငံဟာ တရုတ်ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCCC) နဲ့ သဘောတူညီထားတဲ့ ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်း စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီလို့ မလေးရှားစီးပွားရေး ၀န်ကြီးက ဇန်န၀ါရီ ၂၆ ရက်တွင် အတည်ပြုပြောဆိုလိုက်ပါတယ်။ အခြေခံမူတစ်ခုခြင်းစီအပေါ် အခြေခံပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုတွေကို မလေးရှားနိုင်ငံက ကြိုဆိုမယ်လို့ အာမခံချက်ပေးထားပေမယ့်လည်း အဆိုပါစီမံကိန်းရဲ့  ကုန်ကျစရိတ်မှာ အလွန်များပြားတယ်လို့ စီးပွားရေးဝန်ကြီး မိုဟာမက် အာဇာမင်အလီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အဆိုပါ မီးရထားလမ်းစီမံကိန်း ကုန်ကျစရိတ်မှာ အလွန်ကြီးပြီး မိမိတို့မှာ ယင်းကုန်ကျရန် ဘဏ္ဍာရေး အခြေအနေမရှိတာကြောင့် စီမံကိန်း ဖျက်သိမ်းဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ ယင်းစီမံကိန်းနှင့်ပတ်သက်၍ အတိုးမှာ  တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမှာဖြစ်ပြီး အဆိုပါကုန်ကျစရိတ်ကို မတတ်နိုင်တာကြောင့်…

Read More

ဘရာဇီးနိုင်ငံမှာ ဆည်တစ်ခုကျိုးကျလို့ လူ ၃၀၀ ကျော်ပျောက်ဆုံးနေ

ရီယိုဒီဂျနေရို  ၊ ဇန်န၀ါရီ-၂၆ မျိုးဆက် (VOM) ဘရာဇီးနိုင်ငံမှာ အရှေ့တောင်ပိုင်းရှိ သတ္တုတွင်းမှာရှိတဲ့ ဆည်တစ်ခုဟာ ဇန်န၀ါရီ ၂၅ ရက်မှာ ကျိုးပြီးနောက် အလုပ်သမား ၃၀၀ ကျော်ပျောက်ဆုံးလျှက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သတ္တုတွင်း အလုပ်သမားတွေ နေ့လည်စာစားနေတဲ့ ကော်ဖီဆိုင်ဟာ ရွှံ့နွံတွေနဲ့ ဖုံးလွှမ်းသွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားတွေက မီနက်စ်ဂီရစ်ပြည်နယ် ဘာရူမာဒင်ဟိုမြို့အနီးမှာရှိတဲ့ သတ္တုတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရာမှာ အသက်ရှင်ဖို့ ရာခိုင်နှုန်းအလွန်နည်းပါးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုမီဇီမာက ပြောဆိုပြီး လက်ရှိမှာ လူကိုးဦးသေဆုံးကြောင်း အတည်ပြုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးသတ္တုတွင်း ကုမ္ပဏီ ဗာလီက ပိုင်ဆိုင်တဲ့ အဆိုပါဆည် ဘာကြောင့်ကျိုးခဲ့ တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ မီနက်စ်ဂီရစ်ပြည်နယ်အတွင်း အခြားသောမြို့တစ်မြို့မှာ လူပေါင်း၁၉ဦးသေဆုံးခဲ့တဲ့ ရေကာတာကျိုးမှုတစ်ခုဖြစ်ပေါ်ပြီးနောက် သုံးနှစ်ကျော်မျှအကြာမှာ ယခုဖြစ်ရပ်ဖြစ်ပေခဲ့ခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ရာဒေသသို့…

Read More

တက္ကသိုလ်​ဆက်​မတက်​နိုင်​တဲ့ ​ကျောင်းသား​တွေကို ​ပညာသင်​​စရိတ်​​ထောက်​ပံ့

မန္တ​လေး၊ ဇန်​နဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) ပညာ​ရေးမှာ အမှန်​တကယ်​ထူးချွန်​ခဲ့ပြီး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ တက္ကသိုလ်​ဆက်​လက်​မတက်​​ရောက်​နိုင်​တဲ့ ​မန္တလေးမြို့က ကျောင်းသူ\သား (၃၅)ယောက်ကို ထာဝရမန္တ​လေး ​ဖောင်​​ဒေး​ရှင်းက စီစစ်​​ရွေးချယ်​ပြီး ပညာသင်​စရိတ်​​ထောက်​ပံ့​ပေးတဲ့အစီအစဉ် ဒီက​နေ့ နံနက်​ပိုင်းက ​ရွှေပြည်​သာဟိုတယ်​မှာ ပြုလုပ်​ခဲ့ပါတယ်​။ #voiceofmyanmar#မန္တ​လေး#ဆင်းရဲနွမ်းပါးတဲ့​ကျောင်းသား​တွေကိုပညာသင်​စရိတ်​​ထောက်​ပံ့#

Read More

အကယ်ဒမီပေးပွဲမှာ Star Award ဆုကို ဘုမသိဘမသိ ပေးတာမဟုတ်ဘူးလို့ ဆရာဟိန်းလတ်ဆို

ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာနိုင်ငံ သတင်းစာရေးဆရာအသင်း MJA က ကြီးမှူးပြီးတော့ ၂၀၁၈ ခုနှစ် ရုပ်ရှင်ဇာတ်ကား တွေကို Star Award ဆုပေးမှာနဲ့ ပတ်သက်ပြီးတော့ သတင်းစာဆရာဟိန်းလတ်က တချို့လူတွေ ပြောသလို ဘုမသိဘမသိပေးချင် သလိုလျှောက်ပေးတာမဟုတ်ဘဲ သေချာစိစစ်ပေးမှာပါလို့ ဆိုပါတယ်။ တချို့တွေက သတင်းစာသမားတွေကပေးတယ်ဆိုပြီးတော့ ဝေဖန်နေတဲ့အပေါ်”ကျွန်တော်တို့ သတင်းစာဆရာဆိုတာ ဦးဝင်းငြိမ်း ၊ ဦးမြတ်ခိုင်၊ ကျွန်တော်ရော ရုပ်ရှင်လောကနဲ့ ထိဆက်နေတယ်။ စာနယ်ဇင်း လောက၀င်လာကတည်းက အကုန်နဲ့လည်း ရင်းနှီးတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေ ရေးဖြစ် တယ်။ ရုပ်ရှင်အညွှန်းတွေလည်း ရေးဖြစ်တယ်။ ကျွန်တော်တို့ ဒီအထဲမှာပါတဲ့သူအများစုက ရုပ်ရှင်အကြောင်းကို သိနေကြတယ်။ သတင်းစာ ဆရာ ရိုးရိုးမဟုတ်ဘူး။ ထို့အတူ ဂီတအကြောင်းနားလည်တဲ့ အင်္လကာဝတ်ရည်ကို မောင်မောင်အေးတို့ ဂီတပိုင်းမှာပါတယ်။ ဓာတ်ပုံအကြောင်းနားလည်တဲ့ ဓာတ်ပုံဆရာတွေပါတယ်။ ရုပ်ရှင်ကြည့်သူ သဘာရှင့်သူတွေ…

Read More

ပလက်ဝ အောက်ဘလိုင်ကျေးရွာနား တိုက်ပွဲဖြစ်လို့ စာသင်ကျောင်း ပိတ်ထားရ

ပလက်ဝ ဇန်န၀ါရီ ၂၆ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ ရှိတဲ့ အောက်ဘလိုင်ကျေးရွာနားဝန်ကျင်မှာ တပ်မတော်နဲ့ AA (ရခိုင့်တပ်မတော်) အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အောက်ဘလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ပိတ်ထားရတယ်လို့ အောက်ဘလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ တစ်ဦး က ပြောပါတယ်။ အောက်ဘလိုင်ကျေးရွာအနီးမှာ ဇန်န၀ါရီလ ပထမပတ်ထဲကနေ စတင်ပြီးတော့ တပ်မတော်နဲ့ AA (ရခိုင်လက်နက်ကိုင်တပ်မတော်) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ပွားနေတာကြောင့် ကျောင်းသားကျောင်းသူ ၁၀၀ကျော် တက်ရောက်နေပြီး ကျောင်းဆရာ ဆရာမ ဦးရေ ၇ ဦးနဲ့ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းကို ဇန်န၀ါရီလ ၂၁ ရက်နေ့ထဲ က စတင်ပြီးတော့ ပိတ်ထားခဲ့တာဆိုရင် ဇန်န၀ါရီလ ၂၆ ရက်နေ့အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို ပိတ်ထားပြီးတဲ့နောက် တစ်ခြားနယ်ကနေ…

Read More

ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲဖြစ် လက်နက်ကြီးများဖြင့်ပစ်ခတ် ကျေးရွာသားတွေထွက်ပြေးခဲ့ရ

ရသေ့တောင်၊ ဇန်နဝါရီ ၂၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မနက်ပိုင်း ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ကျေးရွာသားတွေ နီးစပ်ရာအဆောက်အအုံတွေမှာ ထွက်ပြေးပုန်းအောင်နေခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတိုက်ပွဲဟာ မြန်မာ့တပ်တော်နဲ့ AA တို့အကြားဖြစ်ပွားခဲ့တာဖြစ်ပြီး ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေ ရပ်နားနေခဲ့ရာကနေ ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ “တိုက်ပွဲကတော့ ၉ နာရီလောက်မှာစဖြစ်တယ်။ ကျွန်တော်တို့ရွာနဲ့ သမီးလှကြားမှာဖြစ်တာပါ။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတော့ ရွာသားတွေလဲ အိမ်မှာမနေရဲကြဘဲ အကုန်လုံးပုန်းနေကြရပါတယ်။”လို့ အိုးဖောက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတိုက်ပွဲဖြစ်ပွားတာတွေမကြားရတော့ပေမယ့် ဒေသခံကျေးရွာသားတွေက ဘယ်ကိုမှမသွားရဲမလာရဲဖြစ်နေကြပြီး ဆက်လက်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ “တိုက်ပွဲဖြစ်တဲ့နေရာကတော့ အာကာတောင်နားမှာဖြစ်တာပါ။ အနီးအနားမှာတော့ ကျေးရွာတွေရှိတာပေါ့။ အိုးဖောက်တို့ သမီးလှတို့ရှိတယ်။ ရွာတွေကိုထိခိုက်တာတော့မကြားဘူး။ ရွာနဲ့ဖြစ်တဲ့နေရာနဲ့သိပ်မဝေးတော့ ရွာသားတွေစိုးရိမ်တာပေါ့။” လို့ သူကပြောပါတယ်။ အခုလိုမျိုး ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ် ရန်အောင်မြင်ကျေးရွာက…

Read More

မိတ်အင် စစ်ကိုင်း လို့ဂုဏ်ယူစွာပြောနိုင်တဲ့ မြန်မာ့ရိုးရာအရုပ်များ

စစ်ကိုင်း ဇန်နဝါရီ ၂၆-၂၀၁၉ စောပြည့်ချမ်းသာ (VOM) မြန်မာ့ရိုးရာအရုပ်တွေဖြစ်တဲ့ ပစ်တိုင်းထောင် ၊ ဇီးကွက်၊ ဖိုးဝရုပ် စတဲ့ အရုပ်တွေကို စစ်ကိုင်းမြို့နယ်က အလုပ်များပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။  တစ်နှစ်ပတ်လုံး လုပ်ကိုင်သောလုပ်ငန်းဖြစ်ပြီး နတ်တော်၊ ပြာသို၊ တပို့တွဲလများမှာ အရောင်းပါးသော်လည်း တပေါင်း၊ တန်ခူးလမှာတော့အရောင်းပြန်စလာရာ ဝါဆိုလ မှာရောင်းရဆုံးကာလလို့သိရပါတယ်။ စစ်ကိုင်းမြို့ တဲကြီးတိုက်နယ် ဂုံညင်းထောင်ကျေးရွာက  မြန်မာ့ရိုးရာအရုပ်လုပ်ငန်းပြု လုပ်ပုံအကြောင်းကိုVoice Of Myanmar သတင်းဌာနက သွားရောက်မေးမြန်းခဲ့ပါတယ်။ #voiceofmyanmar#စစ်ကိုင်း#ရိုးရာအရုပ်လေးများ

Read More

မြန်မာပြည်ရဲ့ ပထမဆုံး သိပ္ပံဇာတ်ကားကို အမိုက်ခံပြီးရိုက်တာဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM) မြန်မာပြည်ရဲ့ ပထမဆုံး သပ္ပံရုပ်ရှင်ဖြစ်တဲ့ အနန္တဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင်က  အမိုက်ခံပြီးတော့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ “အာကာသ သိပ္ပံ ရုပ်ရှင်ဇာတ်ကားတစ်ကားကတော့ ရှိသင့်တယ်ထင်လို့ ကျွန်တော် ရိုက်ခဲ့တာပါ။ နောက်ပိုင်း လူငယ်တွေလည်း ဖန်တီးလုပ်ဆောင်နေကြပြီ။ အရှေ့ကနေ အမိုက်ခံပြီး လုပ်ပြပေမယ့် လူတစ်ယောက် လိုနေသေးတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အမိုက်ခံပြီးတော့ လုပ်ဆောင်တာပါ” လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ မြန်မာရုပ်ရှင်ပွဲတော်မှာ အနန္တဇာတ်ကားကို အင်တာနက်မှာတွြေ့ပီး အဖွင့်ဇာတ်ကားအဖြစ် သူ့တို့ဘက် ကမ်းလှမ်းတာကို ခံရတယ်လို့ သိရပါတယ်။ ထိုင်းမှာ ပြသဖို့အတွက် အကယ်ဒမီ ဦးကြည်မင်း သိန်းက တဆင့် ဆက်သွယ်လာတာပါလို့ သိရပါတယ်။ ပရိသတ်ကို အမြည်းတွေ ပေးနေပေမယ့် ကိုယ်တိုင် စိတ်တိုင်မကျသေးလို့ ကြားနေတယ်။ လောဘကြီးတာ ကြောင့်ပါ။ ဒီ ဇာတ်ကားကတော့…

Read More
VOM News

FREE
VIEW