မြန်မာပြည်ရဲ့ ပထမဆုံး သိပ္ပံဇာတ်ကားကို အမိုက်ခံပြီးရိုက်တာဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉

သင်းသဒ္ဒါ(VOM)

မြန်မာပြည်ရဲ့ ပထမဆုံး သပ္ပံရုပ်ရှင်ဖြစ်တဲ့ အနန္တဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင်က  အမိုက်ခံပြီးတော့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။

“အာကာသ သိပ္ပံ ရုပ်ရှင်ဇာတ်ကားတစ်ကားကတော့ ရှိသင့်တယ်ထင်လို့ ကျွန်တော် ရိုက်ခဲ့တာပါ။ နောက်ပိုင်း လူငယ်တွေလည်း ဖန်တီးလုပ်ဆောင်နေကြပြီ။ အရှေ့ကနေ အမိုက်ခံပြီး လုပ်ပြပေမယ့် လူတစ်ယောက် လိုနေသေးတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အမိုက်ခံပြီးတော့ လုပ်ဆောင်တာပါ” လို့ဆိုပါတယ်။

ထိုင်းနိုင်ငံ မြန်မာရုပ်ရှင်ပွဲတော်မှာ အနန္တဇာတ်ကားကို အင်တာနက်မှာတွြေ့ပီး အဖွင့်ဇာတ်ကားအဖြစ် သူ့တို့ဘက် ကမ်းလှမ်းတာကို ခံရတယ်လို့ သိရပါတယ်။ ထိုင်းမှာ ပြသဖို့အတွက် အကယ်ဒမီ ဦးကြည်မင်း သိန်းက တဆင့် ဆက်သွယ်လာတာပါလို့ သိရပါတယ်။ ပရိသတ်ကို အမြည်းတွေ ပေးနေပေမယ့် ကိုယ်တိုင် စိတ်တိုင်မကျသေးလို့ ကြားနေတယ်။ လောဘကြီးတာ ကြောင့်ပါ။ ဒီ ဇာတ်ကားကတော့ ရုံတင်ဖို့ လိုပါသေး တယ်။ 2019 နှစ်ထဲမှာ ရုံတင်မှာပါလို့ သိရပါတယ်။

အောက်လမ်းနည်းတွေ သုံးထားတယ်လို့ အသံတွေထွက်နေတဲ့အပေါ်မှာ “ကျွန်တော်ရှင်းပြချင်တယ်။ တချို့က အွန်လိုင်းပေါ်မှာ အင်္ကျီချွတ်ပြ ၊ ရေကန်ထဲဆင်းပြဆိုရင် လူပြောတာများရင် ပေါက်တယ်ဆိုပြီး ဒီလိုပုံစံ တွေနဲ့ သွားနေကြတယ်။အဲလိုမျိုး ရည်ရွယ်ပြီးတော့ ကျွန်တော်  မလိုအပ်ပဲနဲ့ လုပ်ထားတာမရှိပါဘူး။မလိုအပ်ပဲ Kiss ဆွဲတာတွေမရှိပါဘူး။ ကောင်မလေးက ရိုးရိုးသားသားသီချင်းဆိုလည်း ကျွန်တော်လည်း ရိုးရိုးသား သားတင်ပြထားတယ်။ အောက်လမ်းနည်းမပါဘူးလို့ ပြောချင်ပါတယ်” လို့ဆိုပါတယ်

သူ့ကတော့ ကိုယ်တိုင်ကလည်း အဗန်ချာဇာတ်မျိုးတွေ ဆက်လက်ရိုက်ကူးချင်ပါတယ်။ ပရိသတ်တွေ အနေနဲ့ စနေ မောင်မောင် တစ်ယောက်ကို မြင်နိုင်မယ်လို့လည်း ထင်ပါတယ်ဆိုပါတယ်။

ဓာတ်ပုံ-သင်းသဒ္ဒါ

#voiceofmyanmar#ညိုမင်းလွင်

Related posts

Leave a Comment

VOM News

FREE
VIEW