ဩဂုတ် ၁၃၊ ၂၀၂၆ CC (VOM) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတခုမှာ PDF တပ်ဖွဲ့အချင်းချင်း ပစ်သတ်ခဲ့တာကြောင့် Chinland Defense force-Kalay-Kabaw-Gangaw (CDF-KKG)အဖွဲ့ တပ်ရင်း( ၆) ဥက္ကဋ္ဌ အပါအဝင် သုံးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ ဩဂုတ် ၁၂ ရက်နေ့ ၊ ည ၁၁ နာရီလောက်မှာ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာ ကရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးမှာ CDF-KKG အဖွဲ့ တပ်ရင်း ( ၆) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဘဖြိုး နဲ့ တပ်သားမဲကြီး အပါအဝင် သုံးယောက်ကို Black Dragon Force အဖွဲ့က ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ CDF-KKG အဖွဲ့ထိန်းချုပ်နယ်မြေထဲကို Black Dragon Force ကသွားရောက်ပြီး စည်းရုံးရေးဟောပြောပွဲ ပြုလုပ်တာနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့နှစ်ခုအကြား…
Read MoreDay: August 13, 2026
အမြဲကြည့်ကောင်းနေဖို့ အကောင်းဆုံးနည်းလမ်း
မန္တလာ ဆရာမျိုး လူတိုင်းလိုလို ကြည့်ကောင်းချင်ကြသည်။ အသက်ငယ်သူကလည်း ကြည့်ကောင်းချင်သလို အသက်အရွယ် ရလာသူကလည်း မိမိအသက်ထက် နုပျိုလန်းဆန်းပြီး သပ်ရပ်ကြည့်ကောင်းနေချင်ကြသည်။ ထို့ကြောင့် အလှကုန် ပစ္စည်းများ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းများ၊ မိတ်ကပ်၊ ဆံပင်ပုံစံနှင့် အဝတ်အစားတို့အတွက် အချိန်နှင့် ငွေကြေးများစွာ သုံးစွဲနေကြသည်။ သို့သော် Good-looking (ကြည့်ကောင်းခြင်း) ဆိုသည်မှာ မျက်နှာလှပခြင်းတစ်ခုတည်းကို မဆိုလိုပါ။ အသားအရေ ကျန်းမာလန်းဆန်းခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်ခြင်း၊ ဆံပင်သပ်ရပ်ခြင်း၊ အဝတ်အစားသန့်ရှင်းခြင်း၊ ကိုယ်ဟန် အနေအထားကောင်းခြင်း၊ မျက်နှာအမူအရာကြည်လင်ခြင်း၊ စိတ်ချမ်းသာခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတို့ ပေါင်းစပ်လိုက်သောအခါမှ လူတစ်ယောက်၏ တကယ့်ဆွဲဆောင်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။ တကယ်တော့ ကြည့်ကောင်းနေဖို့အတွက် ဈေးကြီးသော အလှကုန်ပစ္စည်းများထက် နေ့စဉ်ပြုလုပ်နေသော အလေ့အကျင့်များက ပိုအရေးကြီးသည်။ အခြေခံအကျဆုံးအချက်တစ်ခုမှာ ရေဓာတ်လုံလောက်စွာ ရရှိစေရန် ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်း ဆောင်တာများ အတွက် ရေသည် မရှိမဖြစ်လိုအပ်သည်။ ရေဓာတ်မလုံလောက်ပါက…
Read Moreသူတို့အိမ် အခန်း (၁၉၃)
ဆူးငှက် ဒေါ်ဒေါ်ပေးသော အခွင့်အရေးတစ်ခု ————————————— သည်နေရာတွင် ဒေါ်ဒေါ်ပေးသော အခွင့်အရေးတစ်ခုကိုလည်း ကျွန်တော်ငြင်းခဲပါသေးသည်။ ထိုစဉ်ကာလ နိုင်ငံရေးအရ စာပေလွတ်လပ်ခွင့် ဆုံးရှုံး ကျပ်တည်းနေသောအခါ ဒေါ်ဒေါ်က သူ့တူ သူ့သားတွေကို စာနယ်ဇင်းနှင့် ပတ်သက်၍ အမြင်ကျယ်စေချင် ကမ္ဘာ့ကြည့် ကြည့်စေချင်သည်။ ထို့ကြောင့် စာနယ်ဇင်းပညာများကို နိုင်ငံရပ်ခြားအထိ ပို့လွှတ် သင်ကြားစေချင်သည်။ ဤသို့ဖြင့် ဒေါ်ဒေါ်က သူ့မိတ်ဆွေများနှင့် ဆက်နွယ်ပြီး ထိုအစီအစဉ်ကို ဆောင်ရွက်သည်။ ဒေါ်ဒေါ့် အစီအစဉ်တွင် ပို့လွှတ်ရန် လျာထားသူကို သေချာရွေးချယ်သည်။ ဒီလောကတွင် တကယ်အလုပ်လုပ်ပြီး ခိုင်မာသည့်သူ ဖြစ်ရမည်။ ထိုအစီအစဉ်ဖြင့် ဆရာအော်ပီကျယ် က ပထမဆုံး ကာတွန်းအင်နီမေးရှင်းပညာ ဒီပလိုမာ ကို အင်္ဂလန်က ရခဲ့၏။ ထို့နောက် ဆရာကျော်ရင်မြင့်ကလည်း ဇာနယ်ဇင်းပညာ ဒီပလိုမာကို အင်္ဂလန်က ရရှိခဲ့ပါသည်။ ဆရာကျော်ရင်မြင့် ပြန်လာပြီးနောက်…
Read Moreငွေမလိမ်နိုင်တဲ့ ငွေလိမ်ကျွန်ဘဝ
ဩဂုတ် ၁၁၊ ၂၀၂၆ Shy V (VOM) လက်ကို နောက်ပြန်လက်ထိပ်ခတ်ခံထားရတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်တယောက်ကို အခန်းတခုအတွင်း အမျိုးသားတယောက်က ရိုက်နှက်ကန်ကျောက်နေတဲ့ ရုပ်သံဖိုင်တခု ဩဂုတ်လအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။ အမျိုးသမီးငယ်ဟာ ပါးစပ်ကို တိပ်နဲ့ပိတ်ထားပြီး ကြမ်းပြင်ပေါ် လဲကျနေချိန်မှာ အမျိုးသားက ခြေထောက်နဲ့ ကန်ကျောက်နင်းပြီး တုတ်တစ်ချောင်းနဲ့လည်း ခြိမ်းခြောက်နေတာကို ရုပ်သံမှာ တွေ့ရပါတယ်။ အဲဒီရုပ်သံရဲ့ မူရင်းနေရာ၊ ရိုက်ကူးတဲ့အချိန်နဲ့ ပါဝင်သူတွေရဲ့ အချက်အလက်တွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတချို့ကတော့ အွန်လိုင်းငွေလိမ်၊ ကျားဖြန့်လုပ်ငန်းတစ်ခုအတွင်း ရိုက်ကူးထားတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ ဒီလို အတင်းအကျပ်ရိုက်နှက်ခံနေရတဲ့ အွန်လိုင်းကျားဖြန့်လုပ်သားတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကတော့ မြန်မာနိုင်ငံအတွင်းမှာသာမက နိုင်ငံခြားသားတွေကြားမှာပါ တွေ့လာရပါတယ်။ ရုရှားနိုင်ငံသား အသက် ၁၉ နှစ်အရွယ် မာရီယာ ဆီဂန်ကိုဗာဟာ မြန်မာနိုင်ငံဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတစ်ခုကနေ ဆိုင်းမြစ်ကို…
Read More