မန္တလေးမှာ သင်္ကြန်တွင်း ကားခပိုတောင်းတဲ့ ယာဉ်အသင်းကို ပထမဆုံး အရေးယူ

မန္တလေး၊ ဧပြီ ၁၁-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေး-စစ်ကိုင်းပြေးဆွဲနေတဲ့ စစ်မန်းဧရာ ယာဉ်လိုင်းမှာ ဧပြီလ ၁၀ ရက်နေ့က ခရီးသည်(၂)ဦးစီကနေ ငွေ ၁၅၀၀၀ ပိုတောင်းခဲ့တာကြောင့် မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး) က အရေးယူမှုပြုလုပ်ထားပါတယ်။

 

ပုံမှန်ဈေးနူန်း အရှေ့ခန်း ၁၀၀၀ကျပ်၊ အနောက်ခန်း ၅၀၀ကျပ် ပေးရမည်ကို စစ်မန်းဧရာ ယာဉ်လိုင်းက ပိုက်ဆံတောင်းချိန်မှ ၁၅၀၀၀ တောင်းခဲ့တာကြောင့် အရေးယူမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

” ကာယကံရှင်က မနေ့ညနေပိုင်းက ဖုန်းနဲ့ဆက်ပြီးတိုင်ကြားပါတယ်၊ တိုင်ကြားမှုလက်ခံရရှိတာနဲ့ ဒီနေ့မှာ အသင်းအုပ်ချုပ်သူရယ် ယာဉ်မောင်းရယ်ကို ခေါ်ပြီး စစ်ဆေးတယ်၊ စည်းကမ်းလိုက်နာ ဖို့သတိပေးခဲ့ပြီး ဒဏ်ငွေ ၅၀၀၀၀ကျပ် တပ်ပြီး အရေးယူခဲ့ပါတယ်၊”ခုလို ကားခ ပိုတောင်းတာတွေက ၂၀၁၅ ကနေ ၂၀၁၈ ထိ တိုင်ကြားတာ အရေးယူခဲ့တာ မရှိခဲ့ဘူး၊ ဒါက မန္တလေးမှာ ပထမဆုံးပါပဲ ” လို့ မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်း ကပြောပါတယ်။

 

ခရီးသည် (၂) ဦးဟာ မန္တလေးကနေ စစ်ကိုင်းကိုလိုက်ဖို့အတွက် မန္တလေးမြို့၊ဘုရားကြီးအနောက်ပေါက် မှာ စောင့်ဆိုင်းပြီး အရှေ့ခန်းကနေလိုက်ပါခဲ့ရာ ယာဉ်နောက်လိုက်က ငွေကျပ် ၁၅၀၀၀ တောင်းယူခဲ့တာကြောင့် ဒါဏ်ငွေကျပ် ၅၀၀၀၀ နဲ့ ပုံမှန်ကားခ ပိုငွေ ၂ ဦးတွက် ကျသင့်ငွေ နုတ်ယူပြီး ကျန်ငွေကိုခရီးသည်အား ပြန်လည်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

သင်္ကြန်ကာလ ကားခပိုတောင်းခံတာ မပြုလုပ်ဖို့ ယာဉ်လိုင်းအားလုံကို ညွန်ကြားမှုတွေ ပြုလုပ်ထားပြီး၊ အရေးယူမှုပြုလုပ်ခံရမယ့် အချက်တွေကိုလည်း ပူးပေါင်းအဖွဲ့တွေနဲ့ သတိပေးထားတွေလည်း ရှိပါတယ်။

 

#voiceofmyanmar#စစ်ကိုင်း  #မန္တလေး #ကားခပိုတောင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW