ဒီပဲယင်းအကြမ်းဖက်မှု ၁၆ နှစ်ပြည့် ကျင်းပခဲ့

ဒီပဲယင်း၊ မေ ၃၁ – ၂၀၁၉

ရန်နိုင်စိုး (VOM)

 

ဒီပဲယင်းအကြမ်းဖက်မှု ၁၆ နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းမှတ်ကို မေလ ၃၀ ရက်နေ့က အကြမ်းဖက်မှု ဖြစ်ပွားရာ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ပြုလုပ်ခဲ့ကြပါတယ်။

 

၂၀၀၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာအပြီး အထက်ဗမာပြည် စည်းရုံးရေးခရီးစဉ်အဖြစ် မန္တလေး၊ မုံရွာ၊ စစ်ကိုင်းသို့ စည်းရုံးရေးဆင်းခဲ့ပါတယ်။ မုံရွာမြို့စည်းရုံးရေးကိစ္စအပြီး ပါတီယာဉ်တန်းနဲ့ ခရီးဆက်ရာမှာ မုံရွာ-ရေဦး ကားလမ်းဘေး၊ ဒီပဲယင်းမြို့နယ်အတွင်းက ကြည်ရွာမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပါတယ်။ ယာဉ်တန်းမှာပါလာတဲ့ ပြည်သူအများအပြား သေဆုံးခဲ့ကြသလို အသက်ဘေးက လွတ်မြောက်သူတွေလည်း ရှိပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုဖြစ်စဉ်အတွင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေအပါအဝင် မျက်မြင်တွေ့ရှိခဲ့တဲ့ အနီးနားက ဒေသခံတွေကို အဲ့ဒီအချိန်က ဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းနဲ့ သူတို့ရဲ့ အမြင်တွေကို မေးမြန်းတင်ဆက်ပေးထားပါတယ်။

 

#voiceofmyanmar # ဒီပဲယင်းအကြမ်းဖက်မှု၁၆နှစ်ပြည့်  #ဒီပဲယင်း

Related posts

Leave a Comment

VOM News

FREE
VIEW