အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့နေ ကိုဝင်းကျော် ဆွတ်ခူး

မန္တလေး၊ ဇွန် – ၁- ၂၀၁၉ ရဲရင့်မင်းခန့်(VOM)   အောင်ဘာလေထီ ၄  ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်  ဗ / ၂၃  နေ  ကိုဝင်းကျော် ( ပွင့်သစ် ကွမ်းယာဆိုင်)က ဆွတ်ခူးရရှိသွားပါတယ်။   ကိုဝင်းကျော် အသက် ၁၄ နှစ်အရွယ်လောက်ကတည်းက ထီကို လစဉ်နီးပါးထိုးလာခဲ့တာ ခုဆို ၁၉ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။  အခုပေါက်တဲ့ ထီဆုငွေတွေထဲကနေ  ရွာဦးကျောင်းက ဆရာတော်အတွက် ကားလှူသွားမှာ ဖြစ်သလို သူ့မိဘနဲ့ ဇနီးဖြစ်သူရဲ့မိဘတွေကို ကန်တော့ပြီး သားနှစ်ယောက်ကို ရှင်ပြုသွားမယ်လို့ ပြောပါတယ်။   #voiceofmyanmar # အောင်ဘာလေထီကျပ်သိန်းတစ်သောင်းခွဲဆု #မန္တလေးမြို့နေကိုဝင်းကျော်ဆွတ်ခူး #ချမ်းမြသာစည်

Read More

စိတ်အချဉ်ပေါက်နေတဲ့ဝန်ထမ်းက စည်ပင်ဌာနထဲ သေနတ်နဲ့ဝင်ပစ်လို့ လူ ၁၂ ဦးသေဆုံး

ဗာဂျီးနီးယား၊ ဇွန်-၁-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က ကမ်းခြေ စည်ပင်သာယာရေး အဆောက်အဦးတစ်ခုထဲကို စိတ်အချဉ်ပေါက်နေတဲ့ ၀န်ထမ်းတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်တာကြောင့် လူ ၁၂ ဦးသေဆုံးပြီး အခြားသူခြောက်ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။   ပစ်ခတ်မှုအတွက် သံသယရှိသူဟာ  ဗာဂျီးနီးယားကမ်းခြေမှာ ကာလရှည်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့  စည်ပင်အဆောက်အဦးတစ်ခုအတွင်း ဦးတည်ချက်အတိအကျမရှိဘဲ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။   တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမားဟာ ဘယ်သူလဲဆိုတာ ထုတ်ပြန်တာမရှိပေမယ့် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကို  တုန့်ပြန်ဖြေရှင်းရာမှာ သေနတ်သမားလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ  ဗာဂျီးနီးယားကမ်းခြေ စည်ပင်သာယာဌာနမှာ  ဒေသစံတော်ချိန် ညနေလေးနာရီကျော်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားဟာ အဆောက်အဦးထဲကို ရုတ်တရက်ဝင်လာပြီး တွေ့ရာမြင်ရာ အကုန်ပစ်ခတ်ခဲ့တယ်လို့…

Read More

အချုပ်ကျနေတဲ့သားကို ထမင်းလာပို့တဲ့ အမေဆီက မူးယစ်​​ဆေးဝါးဖမ်းမိ

ကျောက်​ဆည်​၊ ​ဇွန်​ – ၁ – ၂၀၁၉ မောင်တာရာ(VOM)   မန္တ​လေးတိုင်း၊ ​ကျောက်​ဆည်​မြို့မရဲစခန်းမှာ  အချုပ်​ကျခံနေရတဲ့သားကို  ဒီနေ့ မနက်ပိုင်း ၁၁ နာရီကျော်က ထမင်းလာပို့တဲ့ အမေဆီကနေ မူးယစ်​​ဆေးဝါးအချို့ဖမ်းမိခဲ့တယ်လို့ အဲဒီရဲစခန်းက သိရပါတယ်။   ကျောက်​ဆည်​မြို့မရဲစခန်းမှာ တစ်လင်​တစ်​မယားအမှုနဲ့ အချုပ်​ကျနေတဲ့ ကိုကိုကြီးကို  လာ​ရောက်​​တွေ့ဆုံတဲ့ မိခင်​ဖြစ်​သူ ဒေါ်လှလှ​မော်​ စီးလာ​တဲ့ ဆိုင်​ကယ်​ကို  မူးယစ်​​ဆေးသတင်းအရ ​ကျောက်​ဆည်​မြို့ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင်​နဲ့ အဖွဲ့ကနေ ရှာဖွေစစ်​ဆေးခဲ့​ပါတယ်။   ”သူက မူးယစ်ဆေးဝါးတွေကို မြို့ပေါ်မှာ ရောင်းချနေတယ် သတင်းရထားတာရှိတယ်။ အဲဒီမှာ အချုပ်ကျနေတဲ့ သူ့သားဆီ ထမင်းချိုင့်လာပို့တာ တွေ့တော့ အဲမှာ သက်သေတွေခေါ်၊ အမျိုးသမီးရဲမေတွေနဲ့ စစ်ဆေးတော့ သူစီးလာတဲ့ ဆိုင်ကယ်ထဲက မူးယစ်ဆေးဝါးတွေကို တွေ့တယ်။”လို့ ကျောက်ဆည်မြို့မရဲစခန်း နယ်ထိန်ခေါင်းဆောင် ဒုရဲအုပ် သက်ဆွေက ပြောပါတယ်။  …

Read More

စစ်ကိုင်းတိုင်းမှာ မနေ့က လေပြင်းကြောင့် လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတကျောင်း ပျက်စီး

မုံရွာ၊ ဇွန် ၁ -၂၀၁၉ မောင်တာရာ (VOM)     စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်သုံးမြို့နယ်မှာ  မေလ ၃၁ ရက် မနေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။   လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့နယ်မှာ လူနေအိမ်ခြေ ၃၀ ၊ကသာမြို့နယ်မှာ လူနေအိမ်ခြေ ၃၀ ခန့်နဲ့ ပင်လည်ဘူးမြို့နယ်မှာတော့  ဘုန်းကြီးကျောင်း တကျောင်းပြိုကျ ပျက်စီးခဲ့တဲ့အပြင် သက်တမ်းရင့် သစ်ပင်တွေ ၊ လျှပ်စစ်ဓါတ်မီးတိုင်တွေလည်း ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့တယ်လို့  စစ်ကိုင်းတိုင်းဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။     “ပင်လည်ဘူးမှာ ဘုန်းကြီးကျောင်း ၁ ကျောင်းပြိုတယ်။ အဲဘုန်းကြီးကျောင်းပြိုကျတဲ့အတွက် လူတဦး ဒဏ်ရာရခဲ့တယ်။ ခုက လတ်တာလော အခြေအနေပေါ့။…

Read More

ဘင်္ဂါလီတွေအရေးမှာ ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ အတိုင်ပင်ခံရုံးဝန်ကြီးဆို

တိုကျို၊ ဇွန်-၁-၂၀၁၉ မျိုးဆက် (VOM)   ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားပေးရေးနဲ့ နေထိုင်သူအဖြစ် အသိအမှတ်ကဒ်များ ထုတ်ပေးရေးအတွက် မြန်မာနိုင်ငံရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းလုပ်ဆောင်တာမရှိဘူးလို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မေ ၃၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။   ဦးကျော်တင့်ဆွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာရှဒေသ အနာဂါတ်ဆိုင်ရာ နိုင်ငံတကာ ညီလာခံ တက်ရောက်နေချိန်မှာ ဘင်္ဂါလီတွေ ပြန်လည်နေရာချထားရေးဆိုင်ရာနဲ့ပတ်သက်ပြီး အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။   ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေ ပြန်လည်နေရာချ ထားရေးရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က လေးစားလိုက်နာမှုမရှိဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။   ပြန်လည်လက်ခံရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်…

Read More

စကားပြန်လုပ်ပေးဖူးသူ ဂျပန်နိုင်ငံသားသေဆုံးမှု ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းကြောင်းစာပို့

ရန်ကုန်၊ ဇွန်-၁-၂၀၁၉ မျိုးဆက် (VOM)   ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ကာဝါဆာကီမှာ ဓါးထိုးခံရပြီး သေဆုံးသွားတဲ့ ဂျပန်သံတမန်တဦးရဲ့ ကျန်ရစ်သူ ဇနီးဆီကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၀မ်းနည်းကြောင်း စာတစောင်ပေးပို့လိုက်ပါတယ်။   ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ ဆာတိုရှီအိုယာမာဟာ မေ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်ဓါးနဲ့တိုက်ခိုက်မှုမှာ ဓါးကိုင်တိုက်ခိုက်သူ အမျိုးသားတဦးကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။   သေဆုံးသူ အိုယာမာဟာ ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန်က သူမရဲ့ စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။ သူဟာ မြန်မာ့အရေးကျွမ်းကျင်သူတဦးဖြစ်ပြီး ဂျပန်သံရုံးမှာ အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ဟာ အိုယာမာရဲ့ ကျန်ရစ်သူဇနီးဆီကို မေ ၃၀ ရက်က စာပေးပို့ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့အတွက် ၀မ်းနည်းကြောင်းနဲ့ အိုယာမာရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားတယ်လို့…

Read More

ကျေးရွာ ခုနစ်ရွာလောက် မှီခိုနေတဲ့ ​ကျေးလက်​ကျန်းမာ​ရေးစင်​တာ ပြောင်းရွှေ့တဲ့အပေါ် မကျေနပ်လို့ ​ ဆန္ဒထုတ်​​ဖော်

မိုးညိ၊ ဇွန်​ – ၁ – ၂၀၁၉ မိုးယံ (VOM)   ​​​ကျေးရွာ ၇ ရွာက ​လူဦး​ရေ ၂၅၀၀ ဝန်းကျင်​လောက် မှီခိုအားထား​နေရတဲ့ ကရင်​​ချောင်းကုန်း ကျန်းမာ​ရေးစင်​တာ ပြန်​လည်​ချထား​ပေးဖို့ ​ဒေသခံရာနဲ့ချီပြီး ဒီ​နေ့ မနက်​က မိုးညိုမြို့နယ်​မှာ ဆန္ဒထုတ်​​ဖော်​ခဲ့ပါတယ်​။   “၂၀၁၅ ခုနှစ်​ကတည်းက ကျန်းမာ​ရေး ဆရာမ​တွေနဲ့ ​ဆေးကုသ​စောင့်ရှောက်​မှုခံလာတာ ငါးနှစ်​ရှိပါပြီ။ ဒီ​နေ့ဒီချိန်​ကျမှ ပြောင်းလဲမှုတွေ ဖြစ်​လာတယ်။ တခြား​ဆေးခန်းကို ​ရွှေ့တယ်​၊ ကျ​မတို့က​တော့ မူလ ကရင်​​ချောင်​ကုန်း ကျန်းမာ​ရေးစင်​တာဘဲ ပြန်​လိုချင်​တဲ့အတွက်​ အခုလို ဆန္ဒထုတ်​​ဖော်​ရခြင်းဖြစ်​တယ်​။” လို့ ဒေသခံ  ​ဒေါ်ညိုက ​ပြောပါတယ်​။   ကရင်ချောင်းကုန်း ကျန်းမာရေးစင်တာကို ၂၀၁၄ ခုနှစ်လောက်မှာ အရင်အစိုးရက ချထားပေးခဲ့တာဆိုပေမယ့် ပြည်ထောင်စုအမည် မပေါက်တဲ့အတွက် လက်ရှိမှာ အဲဒီ ကျန်းမာရေးစင်တာကို ပိတ်ထားပြီး…

Read More

မသန်စွမ်းတွေအတွက် ချေးငွေထုတ်ပေးနေ

မန္တလေး၊ မေ – ၃၁ – ၂၀၁၉ ဖြူဖြူ (VOM)   မသန်းစွမ်းတွေအတွက်သီးသန့် ချေးငွေထုတ်ပေးမှုကို မန္တလေးမြို့မှာ piolot project အနေနဲ့ စတင်နေပါပြီ။ Brac Myanmar အသေးစားငွေးရေးကြေးရေးလုပ်ငန်းကနေ ထုတ်ချေးပေးမှာဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် ၊ အမရပူရမြို့နယ်အတွင်းက မသန်စွမ်းဦးရေ ၂၀၀ ကျော်ကို ချေးငွေထုတ်ပေးသွားမှာ ဖြစ်ပါတယ်။   မသန်စွမ်းသူများအတွက် အကျုံးဝင်သော ချေးငွေဝန်ဆောင်မှု မိတ်ဆက်ပွဲနဲ့ဖွင့်ပွဲကို ဒီနေ့ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှာ ပြုလုပ်ခဲ့ပြီး အဲဒီဖွင့်ပွဲအပြီးမှာ ချေးငွေစတင်ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ ချေးငွေထုတ်တဲ့ မသန်စွမ်းတွေအနေနဲ့ ငွေကြေးပြန်လည်ပေးချေရာမှာ ရုံးကိုလာပေးစရာမလိုဘဲ Brac ဝန်ထမ်းတွေကပဲ အိမ်တိုင်ယာရောက် လာကောက်မှာဖြစ်သလို ချေးငွေကို ဒီတိုင်းချပေးတာမဟုတ်ဘဲ စီးပွားရေးသင်တန်း၊ လုပ်ငန်းပိုင်းဆိုင်ရာသင်တန်း တချို့ပေးပြီးမှ ထုတ်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။   ဒီစီမံချက်အရ ငွေချေးသူဟာ…

Read More

ဒီပဲယင်းအကြမ်းဖက်မှု ၁၆ နှစ်ပြည့် ကျင်းပခဲ့

ဒီပဲယင်း၊ မေ ၃၁ – ၂၀၁၉ ရန်နိုင်စိုး (VOM)   ဒီပဲယင်းအကြမ်းဖက်မှု ၁၆ နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းမှတ်ကို မေလ ၃၀ ရက်နေ့က အကြမ်းဖက်မှု ဖြစ်ပွားရာ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ပြုလုပ်ခဲ့ကြပါတယ်။   ၂၀၀၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာအပြီး အထက်ဗမာပြည် စည်းရုံးရေးခရီးစဉ်အဖြစ် မန္တလေး၊ မုံရွာ၊ စစ်ကိုင်းသို့ စည်းရုံးရေးဆင်းခဲ့ပါတယ်။ မုံရွာမြို့စည်းရုံးရေးကိစ္စအပြီး ပါတီယာဉ်တန်းနဲ့ ခရီးဆက်ရာမှာ မုံရွာ-ရေဦး ကားလမ်းဘေး၊ ဒီပဲယင်းမြို့နယ်အတွင်းက ကြည်ရွာမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပါတယ်။ ယာဉ်တန်းမှာပါလာတဲ့ ပြည်သူအများအပြား သေဆုံးခဲ့ကြသလို အသက်ဘေးက လွတ်မြောက်သူတွေလည်း ရှိပါတယ်။   ဒါနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုဖြစ်စဉ်အတွင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေအပါအဝင် မျက်မြင်တွေ့ရှိခဲ့တဲ့ အနီးနားက ဒေသခံတွေကို အဲ့ဒီအချိန်က ဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းနဲ့ သူတို့ရဲ့ အမြင်တွေကို မေးမြန်းတင်ဆက်ပေးထားပါတယ်။   #voiceofmyanmar…

Read More
VOM News

FREE
VIEW