စစ်ကိုင်းတိုင်းမှာ မနေ့က လေပြင်းကြောင့် လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတကျောင်း ပျက်စီး

မုံရွာ၊ ဇွန် ၁ -၂၀၁၉

မောင်တာရာ (VOM)

 

 

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်သုံးမြို့နယ်မှာ  မေလ ၃၁ ရက် မနေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့နယ်မှာ လူနေအိမ်ခြေ ၃၀ ၊ကသာမြို့နယ်မှာ လူနေအိမ်ခြေ ၃၀ ခန့်နဲ့ ပင်လည်ဘူးမြို့နယ်မှာတော့  ဘုန်းကြီးကျောင်း တကျောင်းပြိုကျ ပျက်စီးခဲ့တဲ့အပြင် သက်တမ်းရင့် သစ်ပင်တွေ ၊ လျှပ်စစ်ဓါတ်မီးတိုင်တွေလည်း ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့တယ်လို့  စစ်ကိုင်းတိုင်းဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

 

 

“ပင်လည်ဘူးမှာ ဘုန်းကြီးကျောင်း ၁ ကျောင်းပြိုတယ်။ အဲဘုန်းကြီးကျောင်းပြိုကျတဲ့အတွက် လူတဦး ဒဏ်ရာရခဲ့တယ်။ ခုက လတ်တာလော အခြေအနေပေါ့။ ကျန်တဲ့ မြို့နယ်တွေတော့ လေဘေးကြောင့် ပျက်စီးတယ်လို့ ကျနော်တို့ဆီ စာရင်းတက်မလာသေးဘူး။”လို့ ဆိုပါတယ်။

 

စစ်ကိုင်းတိုင်းမှာ ဒီနှစ် ဖေဖော်ဝါရီလကနေ မေလ ၃၁ ရက်အထိ   လေပြင်းတိုက်ခတ်မှုအကြိမ်ရေ ၁၀၀ လောက် ဖြစ်ပွားခဲ့ပြီး  လူနေအိမ်   ၄၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

#voiceofmyanmar # စစ်ကိုင်းတိုင်းမှာလေပြင်းကြောင့်လူနေအိမ်တွေနဲ့ဘုန်းကြီးကျောင်းပျက်စီး #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW