မသန်စွမ်းတွေအတွက် ချေးငွေထုတ်ပေးနေ

မန္တလေး၊ မေ – ၃၁ – ၂၀၁၉

ဖြူဖြူ (VOM)

 

မသန်းစွမ်းတွေအတွက်သီးသန့် ချေးငွေထုတ်ပေးမှုကို မန္တလေးမြို့မှာ piolot project အနေနဲ့ စတင်နေပါပြီ။ Brac Myanmar အသေးစားငွေးရေးကြေးရေးလုပ်ငန်းကနေ ထုတ်ချေးပေးမှာဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် ၊ အမရပူရမြို့နယ်အတွင်းက မသန်စွမ်းဦးရေ ၂၀၀ ကျော်ကို ချေးငွေထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

 

မသန်စွမ်းသူများအတွက် အကျုံးဝင်သော ချေးငွေဝန်ဆောင်မှု မိတ်ဆက်ပွဲနဲ့ဖွင့်ပွဲကို ဒီနေ့ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှာ ပြုလုပ်ခဲ့ပြီး အဲဒီဖွင့်ပွဲအပြီးမှာ ချေးငွေစတင်ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။

ချေးငွေထုတ်တဲ့ မသန်စွမ်းတွေအနေနဲ့ ငွေကြေးပြန်လည်ပေးချေရာမှာ ရုံးကိုလာပေးစရာမလိုဘဲ Brac ဝန်ထမ်းတွေကပဲ အိမ်တိုင်ယာရောက် လာကောက်မှာဖြစ်သလို ချေးငွေကို ဒီတိုင်းချပေးတာမဟုတ်ဘဲ စီးပွားရေးသင်တန်း၊ လုပ်ငန်းပိုင်းဆိုင်ရာသင်တန်း တချို့ပေးပြီးမှ ထုတ်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီစီမံချက်အရ ငွေချေးသူဟာ အမှန်တကယ်  မသန်စွမ်းသူဖြစ်ရမှာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ  ၆၅ နှစ်အတွင်း မသန်စွမ်းတွေကို ထုတ်ချေးမှာဖြစ်ပြီး အမျိုးသမီးတွေကိုဦးစားပေးသွားမယ်လို့ သိရပါတယ်။ ချေးငွေထုတ်ယူမယ့်သူအနေနဲ့ မှတ်ပုံတင်ရှိရမယ်ဆိုပေမယ့် ကိုယ်တိုင်မရှိရင် မိသားစုဝင်ရဲ့မှတ်ပုံတင်နဲ့ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

 

မသန်စွမ်းတွေအတွက် ချေးငွေထုတ်ပေးမှုကို ပဲခူးတိုင်းမှာလည်း လုပ်ဆောင်ပေးနေပြီး အခုစမ်းသပ်လုပ်ဆောင်မှုအောင်မြင်ရင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ရေရှည်ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။ အခု ချေးငွေထုတ်ပေးမှု စမ်းသပ်ကာလအတွက် အမေရိကန်ဒေါ်လာ ၄ မီလီယံ အသုံးပြုသွားဖို့ လျာထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # မသန်စွမ်းတွေအတွက်ချေးငွေထုတ်ပေးနေ #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW