ကသာမြို့နယ်အတွင်းက မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ ပေးအပ်

ကသာ၊ ဇွန် – ၄-၂၀၁၉

နိုင်ကြီး – ကသာ (VOM)

 

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းက မသန်စွမ်းသူတွေကို လစဉ် တစ်ယောက်ကို ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးရာကနေ ဒီနေ့ ဇွန် ၄ ရက် မနက်ပိုင်းကစပြီး ၃လ တစ်ကြိမ် သုံးသောင်းနှုန်းနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့အစီအစဉ်နဲ့ ထောက်ပံ့ပေးနေပါတယ်။

 

“အရင်ကတစ်လတစ်သောင်းကတော့ နည်းလည်းနည်းတော့ သိပ်အဆင်မပြေဘူးပေါ့။ ခုက သုံးလတစ်ခါဆိုတော့ ဘာပဲဖြစ်ဖြစ် ပိုတော့ အဆင်ပြေပါတယ်။ ခုလိုထောက်ပံ့မှုတွေရှိရင်ကောင်းတာပေါ့။ စားစရိတ် ကာမိတာပေါ့။” လို့ ဒေသခံ မသန်စွမ်းတစ်ဦးက ပြောပါတယ်။

 

သုံးလစာအတွက် တစ်ဦးကို သုံးသောင်းကျပ်နဲ့  မသန်စွမ်းသူ ၅၀၂ ဦးအတွက်  သိန်း ၁၅၀ ကျော်ကို ရပ်ကွက် ကျေးရွာအုပ်စုအလိုက် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ကသာမြို့နယ်မှာ ကိုယ်အင်္ဂါမသန်စွမ်းသူ ၂၈၃ ဦး၊ ဥာဏ်ရည်မသန်စွမ်းသူ ၉၀ ဦး၊ မျက်စိလုံးဝမမြင်သူ ၆၉ ဦး၊ နားလုံးဝမကြားသူ ၆၀ ဦး ရှိနေတာဖြစ်ပြီး သူတို့ကို လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်နဲ့ ခုလိုထောက်ပံ့နေတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # ကသာမြို့နယ်အတွင်းကမသန်စွမ်းသူတွေအတွက်ထောက်ပံ့ငွေပေးအပ်  #လူမှုဝန်ထမ်းဦးစီးဌာန #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW