လက်ပံတန်းမှာ လာမယ့်ဘဏ္ဍာနှစ်အတွက် အင်း လေလံတင်ရောင်းချ

လက်ပံတန်း၊ ဇွန် ၅ – ၂၀၁၉

မိုးယံ (VOM)

 

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ လာမယ့်ဘဏ္ဍာနှစ်အတွက်  နိုင်ငံတော်ပိုင်အင်း​တွေကို မနေ့ ဇွန် ၄ ရက်က  ပထမအကြိမ် လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်းပေါင်း ၈၀၀ ကျော်ရရှိခဲ့တယ်​လို့ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ​သိရပါတယ်​။

 

“အင်းပေါင်း ၃၄ အင်းကို လေလံတင်ရောင်းတာပါ။ အင်းဆွဲလက်မှတ်ဝယ်ယူထားတာက ၂၈ ဦးပါ။ အဲ့ဒီထဲမှာ အစုအဖွဲ့အနေနဲ့ လျှောက်တဲ့ တစ်ဖွဲ့ရတယ်။ အစုအဖွဲ့နဲ့လျှောက်ထားတာတွေကိုလည်း ထပ်စစ်​ပြီး​တော့ ဥပဒေနဲ့ညီရင်​ လုပ်​ကိုင်​ခွင့်​ပြုမှာပါ။” လို့ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ဦးဇော်မင်းလွင်က ပြောပါတယ်။

 

အင်းပေါင်း ၂၀ ကို လေလံ ရောင်းချရငွေ စုစုပေါင်း သိန်း ၈၉၀ ကျော် ရရှိထားပြီး  ကျန်နေသေးတဲ့အင်းတွေကိုလည်း ဒုတိယအကြိမ် အင်းလေလံမှာ ဆက်လက်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

 

“အင်း​တွေမှာ ​နွေရာသီဆိုရင်​ ထင်း​တွေခုတ်​ကြတယ်။ ငါး​တွေဆိုလည်း ဥဥချိန်​မှန်းမသိ အကုန်းဖမ်းကြတယ်​။ ဒီလို​တွေလုပ်​​နေမယ်​ဆိုရင် ငါးမျိုးပြုတ်​လိမ့်​မယ်​။ ဒါ​တွေကို အင်းသားကြီး​တွေက ​တောတွေ၊ သစ်​ပင်​​တွေ၊ ထိန်းသိမ်း၊ ငါး​တွေကို မျိုးဥချိန်​ မဖမ်းဘူး။ သူတို့ကမှ ထိန်းသိမ်းတတ်​တာပါ။ ဒါ​ကြောင့်​ အင်း​တွေကို ​လေလံ ​ပေးပြီး​နောက်​နှစ်​ ဥပ​ဒေ အတိုင်း နှစ်​ရှည်​အငှါးဂရံ (​ကြေးတိုင်​အင်း) ဆက်​​လျှောက်​ခွင့်​​ပေးရပါတယ်။ အဓိက က​တော့ငါးမျိုးမပြုန်းဖို့၊ အင်း​လေ လံ​ပေးတာပါ။” လို့ သာယာဝတီ ခရိုင်​ငါးလုပ်​ငန်းဦးစီးဌာန ဒုတိယညွှန်​ကြား​ရေးမှူး ဦးစုံမှိုင်းက​ ပြောပါတယ်​။

 

ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ ရေချိုငါးလုပ်ငန်း ဥပဒေကို၂၀၁၈ ခုနှစ်က  ပြင်ဆင်ပြဌာန်းခဲ့ပြီးနောက် ဒေသတွင်း ရေလုပ်သားတွေအတွက် သက်ဆိုင်ရာ ဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်စေပြီး အင်းလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုတာ ဖြစ်ပါတယ်။

 

ငါးလုပ်ငန်းဦးစီးဌာနကသက်မှတ်တဲ့ ကြမ်းခင်းဈေးနှုန်းအောက် မနည်းတဲ့နှုန်းထားနဲ့ဝယ်ယူရမှာ ဖြစ်ပြီးသက်ဆိုင်ရာ အင်းတစ်အင်းကို လုပ်ကိုင်ခွင့် လျှောက်ထားတဲ့အခါ ဒေသတွင်း ရေလုပ်သား အစုအဖွဲ့ တစ်ဖွဲ့ထက်ပိုခဲ့ပါက ဈေးပြိုင်စနစ်နဲ့ အင်းလေလံတင်ရောင်းချမယ်လို့ ပြဌာန်းထားပါတယ်။

 

ပဲခူးတိုင်းအစိုးရအဖွဲ့ လက်အောက်ရှိ ဦးစီးဌာနတွေထဲမှာ ငါးလုပ်ငန်ဦးစီးဌာနက အခွန်ရငွေ အများဆုံးစာရင်းထဲမှာ ပါရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # လက်ပံတန်းမှာလာမယ့်ဘဏ္ဍာနှစ်အတွက်အင်းလေလံတင် #သိန်း၈၀၀ကျော်ရ  #ပဲခူး #လက်ပံတန်း

Related posts

Leave a Comment

VOM News

FREE
VIEW