အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်နေ့အထိမ်းအမှတ်ပွဲမှာ ဘာသာသာပေါင်းစုံ ပါဝင်ဆင်နွှဲ

မန္တလေး၊ဇွန် ၅ -၂၀၁၉

ဟိန်းကို(VOM)

 

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုလ်လနောက်ဆုံးနေ့ဖြစ်တဲ့ အိဒ်နေ့အထိမ်းအမှတ်ပွဲကို ဒီကနေမနက်အစောပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၂၃ လမ်း ၈၂ လမ်းနဲ့ ၈၃ လမ်းကြားက ‘ကျောက်ဗလီ’ မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ပြီး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

 

အိဒ်နေ့အထိမ်းအမှတ်ပွဲ ကျင်းပရာမှာ ဘာသာကြီး(၅)ခုဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘဟာအီဘာသာဝင်တို့က ပါဝင်ဆင်နွှဲခဲ့ကြပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူ ကမ်းလင့်ခြင်း ကမ်ပိန်းကိုလည်း Smile Myanmarအဖွဲ့က ပြုလုပ်ခဲ့ကြပါတယ်။

 

#voiceofmyanmar# အစ္စလာမ်ဘာသာဝင်တွေရဲ့အိဒ်နေ့ပွဲမှာဘာသာသာပေါင်းစုံပါဝင်ဆင်နွှဲ #မန္တလေး

Related posts

✕
VOM News

FREE
VIEW