မလေးရှားမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း လေးရာကျော် ပိတ်ထားရ

ကွာလာလမ်ပူ၊ ဇွန်-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်မှာ  ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး အသက်ရှူခက်ခဲခြင်းနဲ့ အော့အန်တာတွေ ဖြစ်ပွားပြီးနောက် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း ၄၀၀ ကျော်ကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။

 

ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာ ပါဆာဂူဒန် စက်မှုဇုန်ဒေသရှိ စာသင်ကျောင်းတွေကို ဇွန် ၂၇ ရက်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။

 

မတ်လအတွင်းကလည်း မြစ်အတွင်းကို ဓါတုဗေဒစွန့်ပစ်ပစ္စည်းတွေ တရားမ၀င်စွန့်ပစ်ခဲ့လို့ ကလေးငယ်အများစုအပါအ၀င် လူလေးထောင်ခန့် ဖျားနာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဟာ ဆက်နွယ်မှုမရှိဘူးလို့  အာဏာပိုင်တွေက ပြောပါတယ်။

 

ယာယီပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ စာသင်ကျောင်းတွေထဲမှာ ပုဂ္ဂလိက မူကြိုကျောင်း ၃၀၀ နဲ့  မူလတန်း၊ အလယ်တန်းကျောင်း ၁၀၀ ကျော် ပါဝင်တယ်လို့ မလေးရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

 

စာသင်ကျောင်း ၁၅ ကျောင်းမှ ကလေးငယ် ၇၅ ဦးဟာ  အသက်ရှူခက်ခဲခြင်းနဲ့  အော့အန်တာတွေ ဖြစ်ပွားခဲ့ပြီး သူတို့ကို ဆေးရုံတင်ထားတယ်လို့ ဂျိုဟောပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာဆာရူဒင်ဂျမယ်က အတည်ပြု ပြောဆိုပါတယ်။

 

Ref :BBC

Photo :Getty Images

 

#voiceofmyanmar  # လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းလေးရာကျော်ပိတ်ထားရ # မလေးရှား # ကွာလာလမ်ပူ # ဂျိုဟောပြည်နယ် #ကျန်းမာရေး

Related posts

Leave a Comment

VOM News

FREE
VIEW