မန္တလေးမှာ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှု မနှစ်ကထက် ထက်ဝက်ကျော် လျော့နည်း

မန္တလေး၊ ဇွန် ၂၆ -၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးမှုတွေနေရာအနှံ့ကျင်းပနေရာ မန္တလေးမြို့မှာတော့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှု မနှစ်ကထက် ထက်ဝက်ကျော်လျော့သွားပါတယ်။

 

” မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှုအနေနဲ့ပြောရရင်တော့ ယခင်နှစ်ကထက် ဒီနှစ်မှာက တန်ဖိုးလျော့နည်းသွားပါတယ်။ အဓိက,ကရဲတပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့ နေ့မအား ညမနား ဆောင်ရွက်ခဲ့လို့ အခုလိုတွေ ဖြစ်လာတာပါ။”လို့ အမှတ် ၁ မူးယစ်တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီ မျိုးအောင်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က  မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးဟာ စုစုပေါင်း ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၅၂၉၁၅.၄၁ ခန့်၊ (အမေရိကန် ဒေါ်လာ ၁၁၃.၂၇ သန်းကျော်) ဖြစ်ပြီး ဒီနှစ်မှာတော့ ကျပ်သန်းပေါင်း ၆၃၂၇၂.၂၅၉၁၂  ခန့်  (အမေရိကန် ဒေါ်လာ ၄၂.၁၈ သန်းကျော်) ကိုသာ မီးရှို့ဖျက်ဆီးခဲ့တာပါ။

 

အဲဒီမူးယစ်ဆေးဝါးတွေဟာ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ ဖမ်းဆီးရမိတဲတာတွေဖြစ်ပြီး ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆူဒိုအက်ဖီဒရင်းတို့အပါအဝင် မူးယစ်ဆေးဝါးအမျိုးပေါင်း (၃၂) မျိုးကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

 

ဒီနေ့ ဇွန် ၂၆ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတစ်ဝှမ်းလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတွေ  ပြည်နယ်/တိုင်းဒေသကြီးတွေမှာ ကျင်းပခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ မနက် ၈ နာရီ လောက်က အောင်မြေသာဇံမြို့နယ်  ရွှေမန်းတေင်အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။

 

 

#voiceofmyanmar  #  မန္တလေးမှာမူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှုမနှစ်ကထက်ထက်ဝက်ကျော်လျော့

# အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ #မန္တလေး #

Related posts

Leave a Comment

VOM News

FREE
VIEW