မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ သတင်းသမားအချို့ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်စာသားပါ အင်္ကျီတွေဝတ်ပြီးတက်ရောက်

မန္တလေး၊ သြဂုတ် ၂၃ – ၂၀၁၉

ရဲရင့်မင်းခန့် ( VOM)

 

မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့  မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲမှာ မန္တလေးအခြေစိုက် သတင်းသမား ၂၀ ခန့်ဟာ “လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်” စာတန်းပါ အင်္ကျီတွေ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။

 

မန္တလေးမြို့မှာရှိတဲ့သတင်းသမားတွေထဲမှာ အချို့ဟာ ဌာနဆိုင်ရာသတင်းတွေရယူတဲ့အခါမှာ ခွဲခြားဆက်ဆံခံရတာ၊ အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ ပွဲတွေမှာ မီဒီယာဝင်ခွင့်ကတ်ထုတ်ပေးတဲ့အခါ တချို့သတင်းသမားတွေမရရှိတာတွေ ကြုံနေရတဲ့အတွက် အခုလို မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ အခက်အခဲကို တင်ပြတဲ့သဘောနဲ့ ဝတ်ဆင်ကြတာလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က မန္တလေး မြို့တော်ခန်းမမှာကျင်းပတဲ့ ကင်းထောက်လူငယ်တွေ့ဆုံပွဲမှာလည်း မီဒီကတ် ၂၀ ကျော်အတွက်သာ ထုတ်ပေးခဲ့ပြီး အချို့သတင်းသမားတွေ ဝင်ခွင့်မရခဲ့တဲ့ အခြေအနေတွေအပေါ်မှာ မန္တလေးအခြေစိုက် သတင်းသမားအချို့က ဝေဖန်ပြောဆိုကြတာတွေ ရှိခဲ့ပါတယ်။ ခန့်မှန်းခြေအရ မန္တလေးမှာ သတင်းသမား ၇၀ ဝန်းကျင်ရှိနေတာ ဖြစ်ပါတယ်။

 

မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲကို ဒီနေ့ သြဂုတ် ၂၃ ရက် မနက် ၉  နာရီကနေ ညနေပိုင်းအချိန်အထိ ဟိုတယ် မန္တလေးမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #မန္တလေး #မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW