အမေရိကန်နဲ့ ဆွေးနွေးဖို့ရော ထိပ်တိုက်ရင်ဆိုင်ရေးပါ အသင့်ရှိတယ်လို့ မြောက်ကိုရီးယားသတိပေး

ပြုံးယမ်း၊ သြဂုတ်-၂၃-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေး ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်စေ အသင့်ရှိနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက သတိပေးပြောဆိုလိုက်ပါတယ်။   မိမိတို့အနေနဲ့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေးရော ထိပ်တိုက်ရင်ဆိုင်ရေး နှစ်ခုလုံးအတွက် အသင့်ပြင်ထားကြောင်း သူကပြောပါတယ်။   မြောက်ကိုရီးယားအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်နေတာဟာ တွက်ကိန်းမှားနေတာလို့လည်း ရီယောင်ဟိုက ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြပါတယ်။   ထို့အပြင် အရေးယူပိတ်ဆို့မှုတွေကို နျူကလီးယားစွန့်လွှတ်ချိန်အထိ ဆက်ထားမယ်ဆိုပြီး ပြောဆိုခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာ အမေရိကန်ရဲ့ သံခင်းတမန်ခင်းအတွက် အဆိပ်အတောက်လို လူမျိုးလို့လည်း သူက ဝေဖန်ပြောဆိုလိုက်ပါတယ်။   ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေ…

Read More

၂၀၂၀ ရွေးကောက်ပွဲကို သမိုင်းတစ်ခုထူနိုင်အောင် ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင်လုပ်မယ်

နေပြည်တော်၊ သြဂုတ် -၂၃ – ၂၀၁၉ ကိုထွန်း(VOM)   လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို သမိုင်းမှတ်တမ်းတစ်ခု ထူနိုင်အောင် ကြိုးစားဆောင်ရွက်သွားဖို့ အဓိဋ္ဌာန်ပြုထားပြီး အဲဒီရွေးကောက်ပွဲကို ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။   “ဒီရွေးကောက်ပွဲဟာ ကျနော်ပြောတဲ့ အများယုံကြည်လေးစား လက်ခံတဲ့ ရွေးကောက်ပွဲ မဟုတ်ရင်တော့ ရွေးကောက်ပွဲကြီးက သမာသမတ်မရှိဘူးဆိုရင်တော့ အလကား ဟန်ပြရွေးကောက်ပွဲ ဖြစ်ပြီးတော့ နေမှာပါ။ ကျနော်တို့က ဟန်ပြရွေးကောက်ပွဲ မဟုတ်ဘူး။ စံပြရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်မှာပါ။” လို့ ဆိုပါတယ်။   ဒီနေ့ သြဂုတ် ၂၃ ရက်မှာ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့တာပါ။…

Read More

ဒေါ်လာသန်း ၁၆၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မလေးရှားမှာ စံချိန်တင်ဖမ်းမိ

ကွာလာလမ်ပူ၊ သြဂုတ်-၂၃-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားနိုင်ငံမှာ ဒေါ်လာ ၁၆၁ သန်း တန်ဖိုးရှိ ကတ်တမင်း မူးယစ်ဆေးနဲ့ ကိုကင်း ၃ ဒသမ ၇ တန်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့တယ်လို့ သြဂုတ် ၂၃ ရက်မှာ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။   ပြီးခဲ့တဲ့နှစ်ကလည်း မက်သာဖက်တမင်း မူးယစ်ဆေးတွေ စံချိန်တင်ပမာဏကို အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး  မလေးရှားနိုင်ငံဟာ  တရားမ၀င် မူးယစ်ဆေးတွေ အဓိကကူးပြောင်း သယ်ဆောင်ရာနေရာ ဖြစ်နေပါတယ်။   အကောက်ခွန်နဲ့  ရဲတပ်ဖွဲ့ရဲ့ သြဂုတ် ၁၈ ရက်က ပူးတွဲရှာဖွေစီးနင်းမှုကြောင့် ကွာလာလမ်ပူမြို့အပြင် ပန်ကက်အလမ်ရှိ ဈေးဆိုင်တစ်ခုမှာ  အိတ်တွေနဲ့ ကတ်တမင်း ၀ ဒသမ ၄၇ တန်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ပက်ဒီအဗ္ဗဒူဟာလင်က ပြောပါတယ်။   အဲဒီ…

Read More

ကျူးကျော်လို့စွပ်စွဲကာ နေအိမ်ဖယ်ရှားခံရသူတွေက ဆန္ဒထုတ်ဖော်

မန္တလေး၊ ဩဂုတ် ၂၃-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်  ဇီးအုပ်ကျေးရွာအုပ်စု  ရေလှောင်ကျေးရွာ ကွင်းအမှတ် (၃၃ – ၄၁)၊ ဦးပိုင်အမှတ် ၁ ကနေ ၆ အထိ မြေကွက်တွေမှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး  စွပ်စွဲခံထားရသူတွေက ဒီနေ့ သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ သူတို့နေထိုင်နေတဲ့မြေကွက်တွေနဲ့ နေအိမ်တွေကို ပြန်လည်ရယူလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   အဲဒီမြေကွက်ပေါ်ရှိနေအိမ်တွေကို ၂၀၁၉ ဇူလိုင်လ ၂၀ ရက်က ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့မြေဆိုကာ နေအိမ်တွေကိုဖျက်သိမ်း၊ ခြံစည်းရိုးခတ်ပြီး သိမ်းဆည်းခံလိုက်ရတဲ့အတွက် နစ်နာမှုတွေ ရှိနေတာကြောင့်  ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။   #voiceofmyanmar #မန္တလေး #ကျူးကျော်

Read More

မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ သတင်းသမားအချို့ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်စာသားပါ အင်္ကျီတွေဝတ်ပြီးတက်ရောက်

မန္တလေး၊ သြဂုတ် ၂၃ – ၂၀၁၉ ရဲရင့်မင်းခန့် ( VOM)   မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့  မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲမှာ မန္တလေးအခြေစိုက် သတင်းသမား ၂၀ ခန့်ဟာ “လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်” စာတန်းပါ အင်္ကျီတွေ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။   မန္တလေးမြို့မှာရှိတဲ့သတင်းသမားတွေထဲမှာ အချို့ဟာ ဌာနဆိုင်ရာသတင်းတွေရယူတဲ့အခါမှာ ခွဲခြားဆက်ဆံခံရတာ၊ အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ ပွဲတွေမှာ မီဒီယာဝင်ခွင့်ကတ်ထုတ်ပေးတဲ့အခါ တချို့သတင်းသမားတွေမရရှိတာတွေ ကြုံနေရတဲ့အတွက် အခုလို မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ အခက်အခဲကို တင်ပြတဲ့သဘောနဲ့ ဝတ်ဆင်ကြတာလို့ ဆိုပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က မန္တလေး မြို့တော်ခန်းမမှာကျင်းပတဲ့ ကင်းထောက်လူငယ်တွေ့ဆုံပွဲမှာလည်း မီဒီကတ် ၂၀ ကျော်အတွက်သာ ထုတ်ပေးခဲ့ပြီး အချို့သတင်းသမားတွေ ဝင်ခွင့်မရခဲ့တဲ့ အခြေအနေတွေအပေါ်မှာ မန္တလေးအခြေစိုက် သတင်းသမားအချို့က ဝေဖန်ပြောဆိုကြတာတွေ…

Read More
VOM News

FREE
VIEW