အမေရိကန်နဲ့ ဆွေးနွေးဖို့ရော ထိပ်တိုက်ရင်ဆိုင်ရေးပါ အသင့်ရှိတယ်လို့ မြောက်ကိုရီးယားသတိပေး

ပြုံးယမ်း၊ သြဂုတ်-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေး ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်စေ အသင့်ရှိနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက သတိပေးပြောဆိုလိုက်ပါတယ်။

 

မိမိတို့အနေနဲ့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေးရော ထိပ်တိုက်ရင်ဆိုင်ရေး နှစ်ခုလုံးအတွက် အသင့်ပြင်ထားကြောင်း သူကပြောပါတယ်။

 

မြောက်ကိုရီးယားအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်နေတာဟာ တွက်ကိန်းမှားနေတာလို့လည်း ရီယောင်ဟိုက ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြပါတယ်။

 

ထို့အပြင် အရေးယူပိတ်ဆို့မှုတွေကို နျူကလီးယားစွန့်လွှတ်ချိန်အထိ ဆက်ထားမယ်ဆိုပြီး ပြောဆိုခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာ အမေရိကန်ရဲ့ သံခင်းတမန်ခင်းအတွက် အဆိပ်အတောက်လို လူမျိုးလို့လည်း သူက ဝေဖန်ပြောဆိုလိုက်ပါတယ်။

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ခြင်း မရှိသေးပါဘူး။

 

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ထရန့်နဲ့ ကင်ဂျုံအန်တို့ ကိုရီးယားနယ်စပ် စစ်မဲ့ဇုန်မှာတွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ သဘောတူခဲ့ပေမယ့် လက်ရှိအချိန်ထိ အကောင်အထည်မပေါ်သေးပါဘူး။

 

Ref & Photo: Reuters

 

#voiceofmyanmar #အမေရိကန် #မြောက်ကိုရီးယား #

Related posts

✕
VOM News

FREE
VIEW